Labels

Monday, February 3, 2020

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅)တွင် ကဏ္ဍ၉ခုကိုအဓိကဦးစား​ပေးအ​နေဖြင့် ထည့်သွင်း​ဖော်​ဆောင်မည် - ​ဖေ​ဖော်ဝါရီ ၃ရက်

အမျိုးသားပို့ကုန်မဟာဗျူဟာ- (NES ) ၂၀၂၀-၂၀၂၅ ၅နှစ်စီမံကိန်းတွင် ကဏ္ဍ၉ခုကိုအဓိကဦးစား​ပေးအ​နေဖြင့် ထည့်သွင်း​ဖော်​ဆောင်သွားမည်​ဖြစ်​ကြောင်း စီးပွား​ရေးနှင့်ကူးသန်း​ရောင်းဝယ်​ရေး​ဝန်ကြီးဌာန မှသတင်းရရှိသည်။
မြန်မာနိုင်ငံ၏အမျိုးသား ပို့ကုန်မဟာဗျူဟာ​၅နှစ်စီမံကိန်း ပထမအကြိမ်ကို ၂၀၁၆ခုနှစ်တွင် စတင်ခဲ့ပြီး ယခုဒုတိယအကြိမ်NES ၅နှစ်စီမံကိန်းအဖြစ် အ​ကောင်ထည်​ဖော်​ရေးဆွဲ​ဆောင်ရွက်ခြင်း ဖြစ်​ကာ ယင်း၅နှစ်အတွင်း တန်ဖိုးမြင့်ကုန်ပစ္စည်း ​ထုတ်လုပ်​ရောင်းချခြင်းများ၊ ​စျေးကွက်တွင် ပိုမို​​​နေရာ ​ရ​စေမည့် လယ်ယာစိုက်ပျိုး​ရေးနှင့်ဝန်​ဆောင်မှု များပါဝင်သည့် တင်ပို့ကုန်အမျိုးအစားများ အမျိုးမျိုးဖြစ်​ပေါ်​စေ​ရန် အဓိကရည်ရွယ်ထား​ကြောင်းသိရသည်။
'' NES စီမံကိန်း​ကြောင့် မြန်မာနိုင်ငံသား​တွေအတွက်အလုပ်အကိုင် အခွင့်လမ်း​တွေ ​ဖော်​ဆောင်​ပေးနိုင်မှာဖြစ်သလို အစိုးရဌာနအဖွဲ့စည်း​တွေနဲ့ ပုဂ္ဂလိကဏ္ဍ တို့ အတူပူးပေါင်း လုပ်​ဆောင်လာနိုင်မယ့် အခွင့်​ရေးတစ်ခုလည်းဖြစ်ပါတယ်။ ဒီလို ​မဟာဗျူဟာ​ရေးဆွဲလုပ်​ဆောင်ခြင်းအားဖြင့် မြန်မာနိုင်ငံအ​နေနဲ့လည်း ကမ္ဘာကြီးရဲ့ တန်ဖိုးမြှင့်တင်မှု ကွင်းဆက်မှာ ပါဝင်နိုင်မယ့်နည်းလမ်း​တွေ အ​ဖြေထုတ်​ပေးသွားနိုင်မှာဖြစ်ပါတယ်"။ဟာ စီးပွား​ရေးနှင့်ကူးသန်း​ရောင်းဝယ်​ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦး​အောင်စိုးက ​ပြောသည်။
NES ၂၀၂၀-၂၀၂၅ တွင် အဓိကဦးစား​ပေးအ​နေဖြင့် လယ်ယာထွက်ကုန်ပစ္စည်း အ​ခြေခံစား​​သောက်ကုန် ထုတ်လုပ်ခြင်း ကဏ္ဍ၊အထည်အလိပ်နှင့် အဝတ်အထည် ကဏ္ဍ၊ စက်မှုနှင့်လျှပ်စစ်ပစ္စည်းကဏ္ဍ၊​ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်​တောထွက်ပစ္စည်းကဏ္ဍ၊ဒစ်​ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်​ဆောင်မှုကဏ္ဍ၊ ​ထောက်ပံ့ပို့​ဆောင်​ရေး ဝန်​ဆောင်မှုကဏ္ဍ၊ အရည်အ​သွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက် ဝန်​ဆောင်မှု ကဏ္ဍ၊တီထွင်ဆန်းသစ်မှုနှင့်စွန့်ဦးတီထွင် ​ဆောင်ရွက်ခြင်းကဏ္ဍ စသည့် ကဏ္ဍကြီး၉ခု၏ စီးပွား​ရေးကဏ္ဍများပိုမိုတိုးတက်လာ​အောင်​ဆောင်ရွက်သွားမည်ဖြစ်​​ကြောင်းသိရသည်။
ယင်းပို့ကုန်လုပ်ငန်း ဖွံ့ဖြိုး​ရေးအစီအစဥ် ၏ဦးစား​ပေး​ဆောင်ရွက်ချက်များကို အ​ထောက်အကူပြုနိုင်ရန်အတွက် လိုအပ်သည့် ​ဖော်​ဆောင်မှုများကို ဥ​ရောပသမဂ္ဂ(EU)၊ ဗြိတိန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုး​ရေးဌာန (DFID )၊ အ​မေရိကန် နိုင်ငံတကာဖွံ့ဖြိုး​ရေး​အေဂျင်စီ (USAID )၊ဂျပန်အပြည်ပြည်ဆိုင်ရာ ပူး​ပေါင်း​ဆောင်ရွက်​ရေး​အေဂျင်စီ(JICA)နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဥ် (UNDP )တို့မှလည်း ကူညီ​ပေးသွားမည်ဖြစ်​​ကြောင်း သိရသည်။
သီရိနွယ် (သတင်း၊ဓါတ်ပုံ)

No comments:

Post a Comment