Labels

Friday, February 21, 2020

All New KIA Cerato Sedan ကား မိတ်ဆက် - ​ဖေ​ဖော်ဝါရီ ၂၂ရက်

KIA Myanmar မှ All New KIA Cerato Sedan ကားကို ​ဖေ​ဖော်ဝါရီ၂၁ရက်ညတွင် မိတ်ဆက်ပြသခဲ့သည်။
All New KIA Cerato Sedan ကို လူငယ်ဆန်ပြီး ပြိုင်ကားပုံစံဖြစ်​အောင် KIA ၏ Stinger Gran Turismo ဒီဇိုင်းအ​ပေါ် အ​​​ခြေခံ ဖန်တီးထား​ပြီး

ဒုတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာမော်တော်ယာဉ်ပြပွဲ ကို ၃ရက်ကြာကျင်းပ၊ပြပွဲသို့ အခမဲ့ကားများဖြင့် ပို့​​ဆောင် ​-ဖေ​ဖော်ဝါရီ ၂၁ရက်

ဒုတိယအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ​မော်​တော်ယာဥ်ပြပွဲ (2nd Yangon International Motor Show 2020) ကို ရန်ကုန်မြို့အင်လျားလိတ် ဟိုတယ်ဝင်းအတွင်းရှိ Yangon Convention Center - YCC တွင်​ဖေ​ဖော်ဝါရီလ ၂၁ရက်နေ့မှ ၂၃ရက်နေ့အထိ ၃ရက်တိုင်စည်ကားသိုက်မြိုက်စွာကျင်းပြပြုလုပ်သွားမည်ဖြစ်​သည်။
Yangon International Motor Show ကို ထိုင်းနိုင်ငံ အခြေစိုက် BIMS (Bangkok International Motor Show) ရဲ့လုပ်ငန်းခွဲ GPI Myanmar မှဦးစီးကျင်းပခြင်းဖြစ်ကာ မြန်မာနိုင်ငံကားလုပ်ငန်းရှင်များအဖွဲ့အစည်း(AAM)နဲ့ Yangon Convention Centre (YCC) တို့မှ ပါဝင်ကူညီထောက်ပံ့ပေးထား​ကြောင်းသိရသည်။

Monday, February 3, 2020

Coronavirus သံသယရှိ လူနာတရုတ်နိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသား နှစ်ဦးတို့အား ယ​နေ့ ​ဝေဘာဂီဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ - ဖေဖေါ်ဝါရီ ၃ရက်

ဇန်နဝါရီလ ၃၁ ရက်က China Southern လေကြောင်းခရီးစဉ်တွင်လိုက်ပါလာသည့် ခရီးသည်များအနက် Coronavirus သံသယရှိ လူနာတရုတ်နိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသား နှစ်ဦးတို့အား ယ​နေ့ ​ဝေဘာဂီဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် - တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုး (Guaungzhuo) လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီ (၃၁) ရက်၊ နံနက် (၁၀း၄၅)နာရီ အချိန်ခန့်တွင် ဆိုက်ရောက်လာသည့် China Southern လေကြောင်း ခရီးစဉ်အမှတ် CZ 3055၊ ဖြင့် လိုက်ပါလာသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အမျိုးသားခရီးသည် (၁) ဦးတွင် ကိုယ်ပူချိန်အနည်းငယ်မြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများစစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါ ခရီးသည်ကို ဝေဘာဂီအထူးကုဆေးရုံရှိ သီးခြားခန်း (isolation room) သို့ပို့ဆောင်ခဲ့ပြီး လုပ်ငန်းလမ်းညွှန်၊ စံလုပ်ထုံးလုပ်နည်းများနှင့် အညီ စောင့်ကြည့်လူနာ (person under investigation for 2019-nCoV pneumonia) အဖြစ် သတ်မှတ်ထားရှိခဲ့ကာ 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ရှိ၊ မရှိ ကို အတည်ပြုနိုင်ရန် ဆောင်ရွက်ခဲ့ပါသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅)တွင် ကဏ္ဍ၉ခုကိုအဓိကဦးစား​ပေးအ​နေဖြင့် ထည့်သွင်း​ဖော်​ဆောင်မည် - ​ဖေ​ဖော်ဝါရီ ၃ရက်

အမျိုးသားပို့ကုန်မဟာဗျူဟာ- (NES ) ၂၀၂၀-၂၀၂၅ ၅နှစ်စီမံကိန်းတွင် ကဏ္ဍ၉ခုကိုအဓိကဦးစား​ပေးအ​နေဖြင့် ထည့်သွင်း​ဖော်​ဆောင်သွားမည်​ဖြစ်​ကြောင်း စီးပွား​ရေးနှင့်ကူးသန်း​ရောင်းဝယ်​ရေး​ဝန်ကြီးဌာန မှသတင်းရရှိသည်။
မြန်မာနိုင်ငံ၏အမျိုးသား ပို့ကုန်မဟာဗျူဟာ​၅နှစ်စီမံကိန်း ပထမအကြိမ်ကို ၂၀၁၆ခုနှစ်တွင် စတင်ခဲ့ပြီး ယခုဒုတိယအကြိမ်NES ၅နှစ်စီမံကိန်းအဖြစ် အ​ကောင်ထည်​ဖော်​ရေးဆွဲ​ဆောင်ရွက်ခြင်း ဖြစ်​ကာ ယင်း၅နှစ်အတွင်း တန်ဖိုးမြင့်ကုန်ပစ္စည်း ​ထုတ်လုပ်​ရောင်းချခြင်းများ၊ ​စျေးကွက်တွင် ပိုမို​​​နေရာ ​ရ​စေမည့် လယ်ယာစိုက်ပျိုး​ရေးနှင့်ဝန်​ဆောင်မှု များပါဝင်သည့် တင်ပို့ကုန်အမျိုးအစားများ အမျိုးမျိုးဖြစ်​ပေါ်​စေ​ရန် အဓိကရည်ရွယ်ထား​ကြောင်းသိရသည်။

Saturday, February 1, 2020

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် အွန်လိုင်းမှ လျှောက်ထားနိုင်ရန်ဂျာမနီကူညီ - ​ဖေ​ဖော်ဝါရီ၂ရက်

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်များကို အွန်လိုင်းမှ လျှောက်ထားနိုင်ရန်အတွက် ဂျာမနီအပြည်ပြည်ဆိုင်ရာ ကူညီပေးရေးအဖွဲ့ (GIZ) အကူအညီဖြင့် ဆောင်ရွက်​နေ​ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA)မှ သတင်းရရှိသည်။