Labels

Friday, February 21, 2020

All New KIA Cerato Sedan ကား မိတ်ဆက် - ​ဖေ​ဖော်ဝါရီ ၂၂ရက်

KIA Myanmar မှ All New KIA Cerato Sedan ကားကို ​ဖေ​ဖော်ဝါရီ၂၁ရက်ညတွင် မိတ်ဆက်ပြသခဲ့သည်။
All New KIA Cerato Sedan ကို လူငယ်ဆန်ပြီး ပြိုင်ကားပုံစံဖြစ်​အောင် KIA ၏ Stinger Gran Turismo ဒီဇိုင်းအ​ပေါ် အ​​​ခြေခံ ဖန်တီးထား​ပြီး

ဒုတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာမော်တော်ယာဉ်ပြပွဲ ကို ၃ရက်ကြာကျင်းပ၊ပြပွဲသို့ အခမဲ့ကားများဖြင့် ပို့​​ဆောင် ​-ဖေ​ဖော်ဝါရီ ၂၁ရက်

ဒုတိယအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ​မော်​တော်ယာဥ်ပြပွဲ (2nd Yangon International Motor Show 2020) ကို ရန်ကုန်မြို့အင်လျားလိတ် ဟိုတယ်ဝင်းအတွင်းရှိ Yangon Convention Center - YCC တွင်​ဖေ​ဖော်ဝါရီလ ၂၁ရက်နေ့မှ ၂၃ရက်နေ့အထိ ၃ရက်တိုင်စည်ကားသိုက်မြိုက်စွာကျင်းပြပြုလုပ်သွားမည်ဖြစ်​သည်။
Yangon International Motor Show ကို ထိုင်းနိုင်ငံ အခြေစိုက် BIMS (Bangkok International Motor Show) ရဲ့လုပ်ငန်းခွဲ GPI Myanmar မှဦးစီးကျင်းပခြင်းဖြစ်ကာ မြန်မာနိုင်ငံကားလုပ်ငန်းရှင်များအဖွဲ့အစည်း(AAM)နဲ့ Yangon Convention Centre (YCC) တို့မှ ပါဝင်ကူညီထောက်ပံ့ပေးထား​ကြောင်းသိရသည်။

Monday, February 3, 2020

Coronavirus သံသယရှိ လူနာတရုတ်နိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသား နှစ်ဦးတို့အား ယ​နေ့ ​ဝေဘာဂီဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ - ဖေဖေါ်ဝါရီ ၃ရက်

ဇန်နဝါရီလ ၃၁ ရက်က China Southern လေကြောင်းခရီးစဉ်တွင်လိုက်ပါလာသည့် ခရီးသည်များအနက် Coronavirus သံသယရှိ လူနာတရုတ်နိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသား နှစ်ဦးတို့အား ယ​နေ့ ​ဝေဘာဂီဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် - တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုး (Guaungzhuo) လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီ (၃၁) ရက်၊ နံနက် (၁၀း၄၅)နာရီ အချိန်ခန့်တွင် ဆိုက်ရောက်လာသည့် China Southern လေကြောင်း ခရီးစဉ်အမှတ် CZ 3055၊ ဖြင့် လိုက်ပါလာသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အမျိုးသားခရီးသည် (၁) ဦးတွင် ကိုယ်ပူချိန်အနည်းငယ်မြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများစစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါ ခရီးသည်ကို ဝေဘာဂီအထူးကုဆေးရုံရှိ သီးခြားခန်း (isolation room) သို့ပို့ဆောင်ခဲ့ပြီး လုပ်ငန်းလမ်းညွှန်၊ စံလုပ်ထုံးလုပ်နည်းများနှင့် အညီ စောင့်ကြည့်လူနာ (person under investigation for 2019-nCoV pneumonia) အဖြစ် သတ်မှတ်ထားရှိခဲ့ကာ 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ရှိ၊ မရှိ ကို အတည်ပြုနိုင်ရန် ဆောင်ရွက်ခဲ့ပါသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅)တွင် ကဏ္ဍ၉ခုကိုအဓိကဦးစား​ပေးအ​နေဖြင့် ထည့်သွင်း​ဖော်​ဆောင်မည် - ​ဖေ​ဖော်ဝါရီ ၃ရက်

အမျိုးသားပို့ကုန်မဟာဗျူဟာ- (NES ) ၂၀၂၀-၂၀၂၅ ၅နှစ်စီမံကိန်းတွင် ကဏ္ဍ၉ခုကိုအဓိကဦးစား​ပေးအ​နေဖြင့် ထည့်သွင်း​ဖော်​ဆောင်သွားမည်​ဖြစ်​ကြောင်း စီးပွား​ရေးနှင့်ကူးသန်း​ရောင်းဝယ်​ရေး​ဝန်ကြီးဌာန မှသတင်းရရှိသည်။
မြန်မာနိုင်ငံ၏အမျိုးသား ပို့ကုန်မဟာဗျူဟာ​၅နှစ်စီမံကိန်း ပထမအကြိမ်ကို ၂၀၁၆ခုနှစ်တွင် စတင်ခဲ့ပြီး ယခုဒုတိယအကြိမ်NES ၅နှစ်စီမံကိန်းအဖြစ် အ​ကောင်ထည်​ဖော်​ရေးဆွဲ​ဆောင်ရွက်ခြင်း ဖြစ်​ကာ ယင်း၅နှစ်အတွင်း တန်ဖိုးမြင့်ကုန်ပစ္စည်း ​ထုတ်လုပ်​ရောင်းချခြင်းများ၊ ​စျေးကွက်တွင် ပိုမို​​​နေရာ ​ရ​စေမည့် လယ်ယာစိုက်ပျိုး​ရေးနှင့်ဝန်​ဆောင်မှု များပါဝင်သည့် တင်ပို့ကုန်အမျိုးအစားများ အမျိုးမျိုးဖြစ်​ပေါ်​စေ​ရန် အဓိကရည်ရွယ်ထား​ကြောင်းသိရသည်။

Saturday, February 1, 2020

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် အွန်လိုင်းမှ လျှောက်ထားနိုင်ရန်ဂျာမနီကူညီ - ​ဖေ​ဖော်ဝါရီ၂ရက်

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်များကို အွန်လိုင်းမှ လျှောက်ထားနိုင်ရန်အတွက် ဂျာမနီအပြည်ပြည်ဆိုင်ရာ ကူညီပေးရေးအဖွဲ့ (GIZ) အကူအညီဖြင့် ဆောင်ရွက်​နေ​ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA)မှ သတင်းရရှိသည်။

Thursday, January 30, 2020

ဝူဟန်မြို့တွင်ပိတ်မိ​နေ​သော မြန်မာကျောင်းသား/ကျောင်းသူများ ကိုအထူး​လေယာဥ်ဖြင့် ​ဖေ​ဖော်ဝါရီ ၁ရက်အ​စောဆုံးထားပြန်​ခေါ်ရန်စီစဥ်​နေ - ဇန်နဝါရီ ၃၀ရက်

တရုတ်နိုင်ငံဝူဟန်မြို့တွင်ပိတ်မိ​နေ​သော မြန်မာကျောင်းသား/ကျောင်းသူများ ကိုအထူး​လေယာဥ်ဖြင့် ​ဖေ​ဖော်ဝါရီ ၁ရက်အ​စောဆုံးထားပြန်​ခေါ်ရန်စီစဥ်​နေ​ကြောင်း ​ပေကျင်းမြို့ရှိ မြန်မာသံရုံး ထုတ်ပြန်ချက်အရသိသည်။
ယင်းထုတ်ပြန်​ကြေငြာချက်အရ ဟူ​ပေပြည်နယ် ဝူဟန်မြို့တွင်း ပိတ်မိ​နေ​သော မြန်မာ​ကျောင်းသူ/​သား ၆၃ ဦးကို ​အစောဆုံး ဖေဖေါ်ဝါရီလ ၁ရက်( စနေနေ့ ) သို့မဟုတ် ဖေဖေါ်ဝါရီလ ၂ ရက် ( တနင်္ဂနွေနေ့ )တွင် အထူးလေယဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်​ခေါ် နိုင်ရန် စီစဉ်ထား​ကြောင်း၊အဆိုပါ​ကျောင်းသူ/သား တို့ကို ဇန်နဝါရီလ တတိယအပတ်မှ ပင်​ခေါ်ယူနိုင်ရန်​ဆောင်ရွက်​နေခဲ့ပြီး ကမ္ဘာ့ကျန်းမာ​ရေး အဖွဲ့WHO ၊ တရုတ်အာဏာပိုင်အဖွဲ့တို့၏ ကမ္ဘာလုံး ဆိုင်ရာ​ရောဂါမပြန့်ပွား​ရေး စီမံချက်အရ ဝူဟန်မြို့မှ မထွက်ခွာမီ ၂ပတ်ကြာ ​ရောဂါကူးစက်မှုမရှိ​ကြောင်း စစ်​ဆေးခံရမည်ဖြစ်၍ လာမည့်​ဖေ​ဖော်ဝါရီလဆန်းရက်မှသာ ​​ခေါ်ယူနိုင်မည်ဖြစ်​ကြောင်းသိရသည်။
ထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည် -




သီရိနွယ်

Sunday, January 26, 2020

“ဆုတွေထူးရှယ် ၂၀၂၀” ကံစမ်းမဲ အစီအစဥ် ထပ်မံ ဆောင်ရွက်သွားမည်- ဇန်နဝါရီ၂၇ရက်

MPTက “ဆုတွေထူးရှယ် ၂၀၂၀” ၏ ကံစမ်းမဲ အထူးအစီအစဉ်ကို ဇန်နဝါရီလ (၂၄) ရက်မှ ဖေဖော်ဝါရီလ (၂၉) ရက်အထိ ထပ်မံ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
MPT ၏ ကြိုတင်ငွေဖြည့်စနစ်သုံး GSM/WCDMA သုံးစွဲသူများအနေဖြင့် ကျပ် တစ်​ထောင် နှင့်အထက် ဖုန်းဘေလ်ဖြည့်သွင်းတိုင်း အဆိုပါ ထပ်မံပြုလုပ်မည့် “ဆုတွေထူးရှယ် ၂၀၂၀”ကံစမ်းမဲအစီအစဉ်သစ်တွင် ပါဝင်ခွင့်ရနိုင်မည်ဖြစ်သည်။ 

Friday, January 24, 2020

ဝူဟန်မြို့ မှ ရန်ကုန်နှင့် မန္တလေးသို့ ပျံသန်းပြေးဆွဲနေသည့် CHINA EASTERN လေကြောင်းလိုင်း ဖေဖေါ်ဝါရီလ ၂၉ရက်အထိ ရပ်နားမည် - ဇန်နဝါရီ ၂၅ ရက်

တရုတ်နိုင်ငံ Wuhan (ဝူဟန်) မြို့ မှ ရန်ကုန် နှင့် မန္တလေးသို့ ပျံသန်းပြေးဆွဲနေသည့် CHINA EASTERN လေကြောင်းလိုင်းအား ဇန်နဝါရိလ ၂၄ ရက်မှ ဖေဖေါ်ဝါရီလ ၂၉ ရက်ထိ ယာယီရပ်နားသည့် အကြောင်းကြားစာပေးပို့လာကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

Thursday, January 23, 2020

"ဆု​တွေထူးရှယ် ၂၀၂၀"ကံစမ်းမဲ အစီအစဥ်မှTOYOTA Rush ကားသစ်၂စီး အတွက်ကံထူးရှင်​ရွေးချယ် - ဇန်နဝါရီ ၂၃ရက်

MPT ၏"ဆု​တွေထူးရှယ် ၂၀၂၀"ကံစမ်းမဲ အစီအစဥ်မှTOYOTA Rush ကားသစ်၂စီး အတွက်ကံထူးရှင်​ရွေးချယ်ပွဲကို ယ​နေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်​အောင်​ကျော်လမ်းရှိ MPTရုံးချုပ်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါအစီအစဥ်အတွက် ကံစမ်းမဲကာလကို ၂၀၁၉ ဒီဇင်ဘာ၂၀ရက်မှ ၂၀၂၀ ဇန်နဝါရီ ၂၀ ရက်​နေ့အထိ သတ်မှတ်ခဲ့ပြီး MPT ဖုန်း​ငွေဖြည့်တိုင်း ကံစမ်းခွင့်ရရှိ​ကြောင်းသိရသည်။

Wednesday, January 22, 2020

အူရီဒူး “ဒုန်းဒုန်းဒုန်း” အစီအစဉ်မှ ရွှေဒင်္ဂါး ကံထူးရှင်ထွက်​ပေါ် - ဇန်နဝါရီ ၂၃ရက်

အူရီဒူးမှ သက်သာတဲ့ ဈေးနှုန်းများဖြင့် ဒေတာ Pack များကို ဝန်ဆောင်မှုပေးနေ​သော“ဒုန်း ဒုန်း ဒုန်း” အစီအစဉ်မှ ​ရွှေဒင်္ဂါးကံထူးရှင်အဖြစ် ​နေပြည်​တော်မှ မ​ဆွေမွန်မြင့် ရရှိခဲ့သည်။
အဆိုပါ “ဒုန်းဒုန်းဒုန်း” အစီအစဉ် တွင် 

Saturday, January 18, 2020

ဥ​ရောပ ကား အမျိုးစား PEUGEOT မှ ပထမဆုံး Showroom ရန်ကုန်မြို့တွင်ဖွင့်လှစ် - ဇန်နဝါရီလ ၁၈ရက်

ကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ်တစ်ခုဖြစ်သည့် ပြင်သစ်နိုင်ငံထုတ် PEUGEOT Brand New ကား မှမြန်မာနိုင်ငံတွင် ပထမဦးဆုံး Showroom အဖြစ် ရန်ကုန်မြို့ ၊မရမ်းကုန်းမြို့နယ် ၊ကမ္ဘာအေးဘုရားလမ်းမ​ပေါ် တွင် ယ​နေ့ ညနေပိုင်း ကဖွင့်လှစ်ခဲ့သည်။

Miss Universe Yangon 2019 ဆန်ခါတင် အလှမယ်၂၀ဦး မိတ်ဆက် - ဇန်နဝါရီ ၁၈ရက်

Miss Universe Yangon 2019 ဆန်ခါတင် အလှမယ်၂၀ဦး မိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်မြို့ပြည်လမ်းရှိ Jasmine Palace Hotel ၌ ယနေ့​ည​နေပိုင်းတွင် ပြုလုပ်ခဲ့သည်။



Wednesday, January 15, 2020

Snooker Championship 2020 ပြိုင်ပွဲကိုဒုတိယအကြိမ် ကျင်းပမည် - ဇန်နဝါရီ ၁၅ရက်

" Snooker Championship 2020 "ပြိုင်ပွဲကိုဒုတိယအကြိမ်အဖြစ်Urban Cue Billiards and Snooker Club မှကြီးမှုး၍ ဇန်နဝါရီ ၃၁ ရက်တွင် ရန်ကုန်မြို့ ၄၈ လမ်းရှိ Urban Asia Center ၌ ကျင်းပမည်ဖြစ်​ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲနှင့် ပတ်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲကို ဇန်နဝါရီ ၁၅ရက် ညနေပိုင်းက ရန်ကုန်မြို့ ၄၈ လမ်းရှိ Urban Asia Center ၌ ပြုလုပ်ခဲ့ပြီး မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာ‌စေရန် ရည်ရွယ်၍ 

Friday, January 10, 2020

ချင်းပြည်နယ်၏ပထမဆုံး ပုဂ္ဂလိက​လေယာဥ်ကွင်းငယ် လာမည့် ​မေလတွင်တည်​ဆောက်မှုပြီးစီးမည် - ဇန်နဝါရီ ၁၀ရက်

ချင်းပြည်နယ်၏ပထမဆုံး ပုဂ္ဂလိက​လေယာဥ်ကွင်းငယ် တစ်ခု ကို ချင်းတောင်ပိုင်း၊ မတူပီ​ဒေသ၊လိုင်လင်းပီမြို့တွင် ​ဆောင်ရွက်​နေပြီးလာမည့် ​မေလတွင်တည်​ဆောက်မှုပြီးစီးမည်ဖြစ်​ကြောင်း

Sunday, January 5, 2020

Soueast Motor မှ New Model A5 မိတ်ဆက် - ဇန်နဝါရီလ ၆ရက်

Soueast Motor Myanmar မှ အသစ်ထွက်ရှိထားသော A5မော်ဒယ်အား မြန်မာ့ Automobile ဈေးကွက်သို့ မိတ်ဆက် ခြင်းနှင့် Soueast မော်တော်ယာဉ်များ တင်သွင်းတပ်ဆင်ရောင်းချခြင်း (၁)နှစ်ပြည့် အခမ်းအနားကို ဇန်နဝါရီလ ၅ရက်နေ့က  Time City outdoor promotion area တွင် ကျင်းပပြုလုပ်ခဲ့သည်။
New Model A5 သည် ၁၆လက်မ ရှိအလွိုင်းနှင့် Wheelbase အကွာအဝေး ၂၆၅၅ မီလီမီတာ ပါရှိပြီး ကားအနောက်ဖက်ခြမ်းတွင် Led combination tail light ကို အသုံးပြုထားပြီး သေသပ်လှပစွာ ဖွဲ့စည်းထား​သော ဒီဇိုင်းတစ်ခုဖြစ်ကာ Parking sensor အပြင်

Friday, January 3, 2020

လုပ်သက်၂၅နှစ်နှင့်အထက်ဝန်ထမ်းများကိုအကောက်ခွန်နှင့်ကညနခွန် ပေးဆောင်စရာမလိုဘဲကားတင်သွင်းခွင့်​ပေးမည် - ဇန်နဝါရီ ၄ရက်


အထူးအစီအစဉ်အနေဖြင့် လုပ်သက်၂၅နှစ်နှင့်အထက်ဝန်ထမ်းများကိုအကောက်ခွန်နဲ့ကညနခွန် ပေးဆောင်စရာမလိုဘဲကားတင်သွင်းခွင့်ပေးမည်​ဖြစ်ကြောင်းစီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အရာရှိဝန်ထမ်းအလိုက် တင်သွင်းခွင့်​ပေးမည့် ​မော်​တော်ယာဥ်CIF တန်ဖိုး​များကို

Thursday, January 2, 2020

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၃)မျိုး ရောင်းချမည် - ဇန်နဝါရီ ၃ရက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ(၇၂)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အ​နေဖြင့် ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၃)မျိုးအား ​ရောင်းချ​ပေးသွားမည်ဖြစ်​ကြောင်းသတင်းရရှိသည်။

Wednesday, January 1, 2020

ထိုင်းပို့ကုန်စျေးကွက်သို့ ထိုး​ဖောက်ရန် မြန်မာSME လုပ်ငန်းရှင်များကို SCBမှ သင်တန်း​ပေး - ဇန်နဝါရီ ၂ရက်

ထိုင်းပို့ကုန်စျေးကွက်သို့ ထိုးဖောက်ရန်ကြိုးပမ်းနေသည့် မြန်မာ့ အသေးစားနှင့် အလတ်စား(SME)လုပ်ငန်းများအတွက် Siam Commercial Bank(SCB)မှ အသေးစားနှင့် အလတ်စားစီးပွါးရေးလုပ်ငန်းများအ​ကြောင်း လေ့ကျင့်သင်ကြား​ပေးခြင်းကို မြန်မာနိုင်ငံအ​ခြေစိုက် ထိုင်းသံရုံးတွင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ၃ရက်တာကျင်းပခဲ့သည်။