Labels

Wednesday, January 22, 2020

အူရီဒူး “ဒုန်းဒုန်းဒုန်း” အစီအစဉ်မှ ရွှေဒင်္ဂါး ကံထူးရှင်ထွက်​ပေါ် - ဇန်နဝါရီ ၂၃ရက်

အူရီဒူးမှ သက်သာတဲ့ ဈေးနှုန်းများဖြင့် ဒေတာ Pack များကို ဝန်ဆောင်မှုပေးနေ​သော“ဒုန်း ဒုန်း ဒုန်း” အစီအစဉ်မှ ​ရွှေဒင်္ဂါးကံထူးရှင်အဖြစ် ​နေပြည်​တော်မှ မ​ဆွေမွန်မြင့် ရရှိခဲ့သည်။
အဆိုပါ “ဒုန်းဒုန်းဒုန်း” အစီအစဉ် တွင် 
လက်ငင်းဒေတာ ဆုလက်ဆောင် ၂၀၀ GB အထိ ကံထူးနိုင်ပြီး အပတ်စဉ် Suzuki Swift ကား၊ Honda Wave မော်တော်ဆိုင်ကယ်၊ iPhone ဟန်းဆက် နဲ့ ရွှေဒင်္ဂါးစတဲ့  ဆုကြီးများကို ထည့်သွင်းချီးမြှင့်ပေးလျှက်ရှိ​ကြောင်းသိရသည်။
အပတ်စဉ် ဆုကြီးများအနက် ရွှေဒင်္ဂါးပြားကံထူးသည့် နေပြည်တော်က မဆွေမွန်မြင့် က“ အပတ်စဉ် ကံထူးရှင်ထဲမှာ ရွှေဒင်္ဂါးကံထူးတဲ့အကြောင်း အူရီဒူးကနေ ဖုန်းဆက်ပြီး လှမ်းအကြောင်းကြားတဲ့အချိန်မှာ တကယ်ကို ဝမ်းသာရပါတယ်။ မိတ်ဆွေတွေကိုလဲ အူရီဒူးရဲ့ “ဒုန်း ဒုန်း ဒုန်း” အစီအစဉ်ကနေ ရွှေဒင်္ဂါး ကံထူးတယ်ဆိုတာကိုလဲ မျှဝေဖြစ်ပါတယ်။ အူရီဒူးက အများပြည်သူတွေအတွက် ရန်ကုန် သခင်မြပန်းခြံမှာကျင်းပပေးတဲ့  လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုတဲ့ ပျော်ပွဲရွှင်ပွဲအခမ်းအနားမှာ ကံထူးခဲ့တဲ့ ရွှေဒင်္ဂါးကို လက်ခံရရှိခဲ့ပါတယ်။" ဟုခံစားချက်မျှ​ဝေခဲ့သည်။
၎င်းသည် လွန်ခဲ့တဲ့ ၂နှစ်ကျော်က စတင်ကာ Ooredoo ဆင်းကဒ်ကို အသုံးပြုခဲ့ပြီး My Ooredoo App ကိုလည်း အသုံးပြုခဲ့​ကြောင်း၊My Ooredoo App တွင် အဆင့်မြှင့်တင်ဖို့ပေါ်လာသည့် မက်ဆေ့စ်ကို ဖတ်ပြီး အဆင့်မြှင့်လိုက်ပြီး​နောက် “ဒုန်း ဒုန်း ဒုန်း” အစီအစဉ်ရဲ့ ဒေတာ Packကို ၂ကြိမ်ဝယ်ယူပြီး ဘောလုံး ဂိုးသွင်းတဲ့ ဂိမ်းကို ကစားကာ ၂၀၀MB နဲ့ ၁၀၀MB အစရှိတဲ့ လက်ငင်းဒေတာလက်ဆောင်တွေကို ရရှိခဲ့သည့်အပြင် ယခုကဲ့သို့ရွှေဒင်္ဂါးဆုပါ ဆွတ်ခူးရရှိခဲ့​ကြောင်းသိရသည်။
သီရိနွယ်


No comments:

Post a Comment