Labels

Wednesday, January 1, 2020

ထိုင်းပို့ကုန်စျေးကွက်သို့ ထိုး​ဖောက်ရန် မြန်မာSME လုပ်ငန်းရှင်များကို SCBမှ သင်တန်း​ပေး - ဇန်နဝါရီ ၂ရက်

ထိုင်းပို့ကုန်စျေးကွက်သို့ ထိုးဖောက်ရန်ကြိုးပမ်းနေသည့် မြန်မာ့ အသေးစားနှင့် အလတ်စား(SME)လုပ်ငန်းများအတွက် Siam Commercial Bank(SCB)မှ အသေးစားနှင့် အလတ်စားစီးပွါးရေးလုပ်ငန်းများအ​ကြောင်း လေ့ကျင့်သင်ကြား​ပေးခြင်းကို မြန်မာနိုင်ငံအ​ခြေစိုက် ထိုင်းသံရုံးတွင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ၃ရက်တာကျင်းပခဲ့သည်။Siam Commercial Bank (SCB)နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးညွှန်ကြားမှုဦးစီးဌာန (DISI)တို့ ပူးပေါင်း​ကျင်းပခြင်းဖြစ်ပြီး

ထိုင်းနိုင်ငံသို့ မြန်မာ့ထွက်ကုန်များ ကိုတင်ပို့ရန် လက်တွေ့လမ်းညွှန်မှုဖြင့် အသေးစားနှင့် အလတ်စားစီးပွါးရေးလုပ်ငန်းများအတွက် အကြံပြုချက်များ၊ ထိုင်းနိုင်ငံတွင် စျေးကွက်အခွင့်အလမ်းတိုးချဲ့ရန် မြန်မာရှိကုန်ပစ္စည်းအမှတ် တံဆိပ်မှတ်ပုံတင်ခြင်း၊ သမားရိုးကျနှင့် ဒစ်ဂျစ်တယ်စျေးကွက်ရှာဖွေခြင်း၊ ဖြန့်ဖြူးခြင်းလမ်းကြောင်းများနှင့် ထုပ်ပိုးခြင်းများအပါအဝင် ကုန်ပစ္စည်းများကို ထိုင်းနိုင်ငံသို့မည်သို့အောင်မြင်စွာတင်ပို့ရန်
စသဖြင့် အခန်းကဏ္ဍများစွာပါဝင်သည့် လေ့ကျင့်မှုများကို သင်တန်း​ပေးဆောင်ရွက်ခဲ့​ကြောင်းသိရသည်။
ယင်းသင်တန်းတွင် အောင်မြင်သော စီးပွါးရေးသမားများ၊ စီးပွါးရေးဂုရုများနှင့် ထိုင်းနှင့်မြန်မာနှစ်နိုင်ငံလုံးမှ နိုင်ငံတကာစီးပွါးရေးကျွမ်းကျင်သူများက ပါဝင်သင်ကြား​ဆွေး​နွေးမှုများ လုပ်​ဆောင်ခဲ့ပြီး လုပ်ငန်းရှင် တစ်ဦးချင်းစီအား ၄င်းတို့၏ကိုယ်ပိုင်ထုက်ကုန်နည်းဗျူဟာများကို ကမ်းလှမ်းခြင်းများလည်းရှိပြီး တစ်ဦးချင်းစီကိုလည်း အကြံဉာဏ်များလည်းပေးခဲ့သည်။
သင်တန်းသို့ မြန်မာနိုင်ငံမှ အစားအသောက်နှင့် အဖျော်ယမကာများ၊ အဝတ်အထည်များ၊ အလှကုန်များနှင့် များစွာသောကဏ္ဍအသီးသီးရှိ ကုမ္ပဏီ ၆၀ တို့မှ အမှုဆောင်အရာရှိ ၁၀၀ ကျော် တို့ တက်ရောက်ခဲ့သည်။သင်တန်းတတ်​ရောက်ပြီးသည့် မြန်မာ့ SMEလုပ်ငန်းရှင်များသည် ပြည်တွင်းစျေးကွက်ထက်ကျော်လွန်၍ အနာဂါတ်စီးပွါးရေးတိုးတက်မှုကို အထောက်အကူပြုနိုင်လိမ့်မည်ဖြစ်သည့်အပြင် ထိုင်းနိုင်ငံရှိဖြန့်ချီသူများမှ စီးပွါးရေးလုပ်ငန်းများနှင့်လိုက်ဖက်သောလုပ်ဆောင်မှုများကို စီးပွါးရေးအလျင်အမြန်တိုးတက်မှုအတွက် ဖြတ်လမ်းများချမှတ် ကူညီမှုများလည်း ရရှိမည်ဖြစ်​ကြောင်း သိရသည်။
ထို့အပြင် မြန်မာ့ကုန်ပစ္စည်းများကို ထိုင်းစျေးဝယ်သူများကြားတွင် ပိုမို၍လူကြိုက်များလာစေရန် ပြပွဲတစ်ခုကို လည်း ထိုင်းနိုင်ငံတွင်ကျင်းပသွားရန် ရှိ​ကြောင်းသိရသည်။
​သီရိနွယ်
Photo- Index Creative Village Communication

No comments:

Post a Comment