Labels

Saturday, January 18, 2020

ဥ​ရောပ ကား အမျိုးစား PEUGEOT မှ ပထမဆုံး Showroom ရန်ကုန်မြို့တွင်ဖွင့်လှစ် - ဇန်နဝါရီလ ၁၈ရက်

ကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ်တစ်ခုဖြစ်သည့် ပြင်သစ်နိုင်ငံထုတ် PEUGEOT Brand New ကား မှမြန်မာနိုင်ငံတွင် ပထမဦးဆုံး Showroom အဖြစ် ရန်ကုန်မြို့ ၊မရမ်းကုန်းမြို့နယ် ၊ကမ္ဘာအေးဘုရားလမ်းမ​ပေါ် တွင် ယ​နေ့ ညနေပိုင်း ကဖွင့်လှစ်ခဲ့သည်။
အဆိုပါShowroomသည် အကျယ် စတုရန်း​ပေ၅၁၅၂​ပေရှိသည့်အပြင် အ​ထွေ​ထွေပြုပြင်မှုများလုပ်​ဆောင်​ပေးနိုင်မည့် Car Serviceအတွက် စတုရန်း​ပေ ၁၀၂၅၀​ပေရှိပြီး ကား၁၀စီး တစ်ပြိုင်နက်ပြင်ဆင်နိုင်​​ကြောင်းသိရသည်။
ဖွင့်ပွဲအထိမ်းအမှတ်အ​နေဖြင့် ဇန်နဝါရီ ၁၈ရက်မှ​ဖေ​ဖော်ဝါရီ ၂၉ရက်​နေ့အတွင်း မည်သည့် PEUGEOT ကားအမျိုးအစားကိုမဆို ဝယ်ယူသူများကို "3 Years Peace of Mind"Package အ​နေဖြင့် အထူးပရိုမိုးရှင်း​ ပေးသွားမည်ဖြစ်ရာ ယင်း packageတွင် 3 years free Insurance, 3 years free Maintenance နှင့် 3 years Warranty တို့ပါဝင်​ကြောင်းသိရသည်။
သီရိနွယ်(သတင်း၊ဓါတ်ပုံ)





#PeugeotMyanmarGrandOpening #Peugeot_Myanmar

No comments:

Post a Comment