Labels

Thursday, October 31, 2019

မြန်မာ့​ရှေ့ဆောင်ဘဏ်မှအသေးစားငွေကြေးလုပ်ငန်း၅ခုကို ကျပ် ၅၇ ဘီလျံထုတ်ချေး - ​နို၀င်ဘာ ၁ရက်



မြန်မာ့​ရှေ့ဆောင်ဘဏ် (MAB) မှအသေးစားငွေကြေးလုပ်ငန်း ၅ခုကို ကျပ် ၅၇ ဘီလျံထုတ်ချေးခဲ့ပြီး​ချေး​ငွေ​ပ​ထောက်ပံ့ခြင်း သ​ဘောတူစာချုပ်ချုပ်ဆိုသည့်အခမ်း အနားကို ​အောက်တိုဘာ၃၀ရက်​နေ့က ရန်ကုန်မြို့ ရှိ Union Financial Center B တွင်ပြုလုပ်ခဲ့သည်။
အသေးစားငွေကြေးလုပ်ငန်း ငါးခုမှာ Fullerton Finance (Myanmar)Co.,ltd၊ Proximity Finance Microfinance Co.,ltd ၊ VisionFund Myanmar Co.,ltd ၊ Early Dawn Microfinance Co.,ltd၊ Pact Global icrofinance Fund တို့ဖြစ်ပြီး အဆိုပါ ကုမ္ပဏီများကို တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ် စသည်ဖြင့် ချေးငွေသက်တမ်း သတ်မှတ်ကာ အတိုးနှုန်း ၂၈% ဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။
"Microfinace ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာရှိတဲ့ အသေးစားလုပ်ငန်းများကို အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်ကနေ ကူညီနိုင်တာကိုတွေ့ရပါတယ်။ အသေးစားလုပ်ငန်းများကလည်း အလုပ်အကိုင်အခွင့်လမ်းဖန်တီးပေးနိုင်တဲ့ အရေးကြီးတဲ့ ကဏ္ဍတစ်ရပ်ကပါရှိနေပါတယ်။ ဒါကြောင့် Microfinance ကုမ္ပဏီတွေကို ချေးငွေထုတ်ချေးခြင်းဖြင့် အသေးစားလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ပေးနိုင်တဲ့ ဘဏ်တစ်ခုဖြစ်ရတဲ့အတွက်လည်း ဝမ်းသာကျေနပ်မိပါတယ်" ဟု မြန်မာ့ရှေ့ဆောင်ဘဏ်၏ Chief Business Officer ဖြစ်သူ ဦးကျော်နီခင်မှပြောကြားခဲ့သည်။
သီရိနွယ်
Photo - MAB

No comments:

Post a Comment