Labels

Thursday, October 10, 2019

အရှေ့တောင်အာရှတွင် STOP. THINK. CONNECT ကို မြန်မာနိုင်ငံက စတင်ပြုလုပ်

အရှေ့တောင်အာရှနိုင်ငံများအနက် နိုင်ငံလုံးဆိုင်ရာ ဆိုက်ဘာလုံခြုံရေးအသိပညာပေးခြင်း
STOP. THINK. CONNECT ကို မြန်မာနိုင်ငံက စတင်ပြုလုပ်ကြောင်းသိသည်။
မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံလုံးဆိုင်ရာ ဆိုက်ဘာလုံခြုံရေးလတွင် Cyber Ready Myanmar ကမ်ပိန်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက် ရှိ ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန (MOTC ITCSD) ၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် (MCF) ၊ မြန်မာသတင်း အချက်အလက်လုံခြုံရေးအဖွဲ့အစည်း (MiSA) ၊ မြန်မာနိုင်ငံဆိုင်ရာ US ICT တို့မှ ကြီးမှူးကျင်းပသွားမည်ဖြစ်သည်။
“influencer တွေရဲ့ လူမှုကွန်ရက်အကောင့်တွေ၊ အစိုးရဝက်ဘ်ဆိုက်တို့လို အရာတွေကို တိုက်ခိုက်ပြီး အချက် အလက်ခိုးယူတဲ့ကိစ္စတွေ ပြောရမယ်ဆိုရင်တော့ ဆိုက်ဘာပြစ်မှုတွေဟာ မြန်မာနိုင်ငံမှာ တိုးပွားလာနေပါတယ်။ကျွန်တော်တို့အနေနဲ့ အင်တာနက်သုံးစွဲသူတွေကို အွန်လိုင်းသုံးရင်ပဲဖြစ်ဖြစ်၊ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပို့စ်တွေ တင်ရင်ပဲဖြစ်ဖြစ် ကိုယ့်အတွက်အန္တရာယ်မဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာတွေကို အသိပညာပေးဖို့လိုအပ်ပါတယ်” ဟု မြန်မာသတင်းအချက်အလက်လုံခြုံရေးအဖွဲ့အစည်း (MiSA) ၏ အတွင်းရေးမှူး ဦးမိုက်ဖုန်းမြင့်က ပြောကြား သည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် STOP. THINK. CONNECT. ကို စတင်ကျင်းပသော ပထမဆုံးနိုင်ငံဖြစ် ပြီး ဒေသအတွင်းတွင် Cyber Readiness Institute (CRI) ချန်ပီယံဖြစ်လာရန်အတွက်လည်း ပထမဆုံးဖြစ်သည်။
“ဒီ ၂၃ ကြိမ်မြောက် STOP. THINK. CONNECT. နိုင်ငံလုံးဆိုင်ရာကမ်ပိန်းနဲ့အတူ ကျွန်တော်တို့က မြန်မာနိုင်ငံကို အမျိုးသားဆိုက်ဘာလုံခြုံရေး တက်ကြွလှုပ်ရှားသူအသိုင်းအဝိုင်းနဲ့ ကမ္ဘာတစ်ဝှန်းလုံးမှာရှိတဲ့ အွန်လိုင်းအသုံးပြုသူ တွေကို ဘေးအန္တရာယ်ကင်းကင်းနဲ့အသုံးပြုနိုင်အောင် လမ်းညွှန်ပြသပေးနေတဲ့ ကမ်ပိန်း တာဝန်ခံအသိုင်းအဝိုင်း ထဲကို ကြိုဆိုလိုက်ပါတယ်” ဟု ကမ်ပိန်းပူးတွဲတည်ထောင်သူနှင့် အမေရိကန် ကုန်သွယ်လုပ်ငန်းစုနှင့် အီးမေး အတုအယောင်များ တိုက်ဖျက်ရေးအဖွဲ့ (APWG) ၏ အတွင်းရေးမှူးချုပ် Peter Cassidy မှ ပြောကြားခဲ့သည်။
သီရိနွယ်

No comments:

Post a Comment