Labels

Monday, October 7, 2019

Omega Hair & Beauty, Health ဆိုင်၏ Electro Treatment System နည်းပညာအသစ်မိတ်ဆက်


Omega Hair & Beauty, Health ဆိုင်တွင် ဂျပန် ရိုးရာကုထုံးကို ခေတ်မှီနည်းပညာများဖြင့် တီထွင်ဖန်တီးထားသော Electro treatment system ကို မြန်မာနိုင်ငံ၌ ပထမဆုံး စတင်မိတ်ဆက်သည့်အခမ်းအနား ကို အမှတ် 81(A,B) ၊ ရတနာလမ်း၊ (၈) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်တွင်ကျင်းပခဲ့သည်။
Electro Treatment System သည် ဂျပန်နိုင်ငံ၏ နောက်ဆုံးပေါ်နည်းပညာ ဖြစ်ပြီး ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတွင် No.1 ခေတ်အစားဆုံး Treatment တစ်ခု ဖြစ်ကြောင်း ခန္ဓာကိုယ်အတွင်းပိုင်းရှိ ကြွက်သားများကို ပျော့ပြောင်းသွားအောင် လျှပ်စစ်ဓာတ်လွှတ်၍ လက်ဖြင့် နှိပ်နယ်ပေးရသော ကုထုံးဖြစ်ကြောင်းသိရသည်။ ထို Treatment ကိုပြုလုပ်ပေးခြင်းအားဖြင့် မျက်နှာ၊ ဗိုက်နှင့် ခြေထောက်များရှိ လျော့တွဲနေသော ကြွက်သားများပြန်လည်တင်းရင်းလာပြီး အချိန်တိုအတွင်း ငယ်ရွယ်နုပျိုမှုကို ပြန်လည်ရရှိလာမည်ဖြစ်သည်။
သီရိနွယ်

No comments:

Post a Comment