Labels

Friday, October 25, 2019

မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ ပညာရှင် ဆရာကြီး ဒေါက်တာဦးထွန်းလွင် ​သေဆုံးသည်ဆိုသည့်သတင်းမှာ​မဟုတ်မမှန်ဖြစ်​နေ - ​အောက်တိုဘာ၂၆


မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ ပညာရှင် ဆရာကြီး ဒေါက်တာဦးထွန်းလွင် ​သေဆုံးသည်ဆိုသည့်သတင်းများ ​​အောက်တိုဘာလ၂၅ရက်မနက်ပိုင်းက လူမူကွန်ယက်​ပေါ်တွင်ထွက်​ပေါ်လာခဲ့ပြီး ယင်းသတင်းမှာ မဟုတ်မမှန်ဖြစ်​နေ​ကြောင်း ဦးထွန်းလွင်၏လူမူစာမျက်နှာ​ဖေ့ဘုတ်​ပေ့နှင့် သူ၏မိသားစု၀င်များ၏ ​ပြောကြားချက်အရသိရသည်။
ထိုသတင်းများထွက်​ပေါ်မှု​ကြောင့် အများပြည်သူထင်မှတ်မှားခြင်းများ မရှိ​စေရန် ယမ​နေ့ည၁၀နာရီခန့်တွင် ဦးထွန်းလွင်ကိုယ်တိုင် ၄င်းလူမှုကွန်ယက်စာမျက်နှာတွင် Live လွင့် စကား​ပြောခဲ့ပြီး၊ ဦးထွန်းလွင်၏သမီးဖြစ်သူ မြတ်ဆုထွန်းလွင်မှလည်း ၄င်း၏လူမှုကွန်ယက် ​ဖေ့ဘုတ်စာမျက်နှာ​ပေါ်တွင် '' စိတ်ပူပေးကြတဲ့သူအားလုံး၊ ဆုတောင်းပေးကြတဲ့သူအားလုံး၊ ကျေးဇူးတင်ပါတယ်။ ဖေဖေသက်သာလာပါပြီ။ ဆုံးတယ်ဆိုတာ ကောလဟာလပါ။" ဟူ၍ ​ရေးသားတင်ခဲ့သည်။
ဦးထွန်းလွင်သည် လက်ရှိတွင် Grand Hantha International ​ဆေးရုံကြီးတွင် ကျန်းမာ​ရေးလိုအပ်ချက်​ကြောင့် ​ဆေးကုသမှုခံယူ​နေလျက်ရှိ​​​သည်။
သီရိနွယ်
ပုံ - ဦးထွန်းလွင် ​ဖေ့ဘုတ်

No comments:

Post a Comment