Labels

Sunday, October 27, 2019

City Transit YBS မြို့ပတ်ယာဉ်လိုင်းသစ်စတင် ဖွင့်လှစ် - အောက်တိုဘာ ၂၇ ရက်



ရန်ကုန်မြို့ လှည်းကူးမြို့နယ်၊ အမှတ် (၃)လမ်းမကြီး၊ အမှတ် (၅၀၅)၌ ပြုလုပ်သည့် City Transit YBS မြို့ပတ်ယာဉ်လိုင်းသစ်ဖွင့်ပွဲကိုယ​နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကိုယ်တိုင်တက်ရောက်ခဲ့ပြီး လွှတ်တော်ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် တာဝန်ရှိသူများနှင့်အတူ ဖွင့်လှစ်ခဲ့သည်။
YBS မြို့ပတ်ယာဉ်လိုင်းသစ်ကို နိုင်ငံတကာ အဆင့်မီ Public Transportation စနစ်နှင့် ခရီးသွားပြည်သူများ သက်သောင့်သက်သာ သွားလာနိုင်စေရန်အတွက် ဆွီဒင်နိုင်ငံထုတ် Scania Bus များဖြင့် လက်ရှိတွင် ဘတ်စ်ကားစီးရေ (၃၉)စီးကို နံနက် (၅) နာရီမှ ည (၁၁) နာရီအထိ ပြေးဆွဲမည်ဖြစ်​ကြောင်း၊ ခရီးစဉ်အနေဖြင့် အောင်မင်္ဂလာအဝေးပြေးမှ စတင်ပြီး ဝေဇယန္တာလမ်း၊ ပါရမီ၊ သံသုမာလမ်း၊ သုဝဏ္ဏလမ်းဆုံကိုဖြတ်ကာ ဗိုလ်တထောင်ဘုရား၊ သခင်မြပန်းခြံ၊ ဘုရင့်နောင်လမ်းဆုံနှင့် ၈ မိုင်ပန်းခြံကိုဖြတ်ပြီး သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း မြို့ကိုပတ်၍ အောင်မင်္ဂလာ အဝေးပြေးဝင်းတွင် ဂိတ်ပြန်ဆုံးမည်ဖြစ်သည်။
YBS မြို့ပတ်ဘတ်စ်ကားများသည် Control Centerမှ Fleet Management System (FMS)ဖြင့် ထိန်းချုပ်ပေးထား၍ တစ်စီးနှင့်တစ်စီး အကွာအဝေးနှင့် ကြာချိန်ကိုထိန်းသိမ်းနိုင်ခြင်း၊ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းအညီ မောင်းနှင်ခြင်း၊ အရှိန်ကိုထိန်းချုပ်ခြင်း၊ ယာဉ်မောင်းနေစဉ် လက်ကိုဖုန်း အသုံးပြုစရာမလိုဘဲ Communication System ဖြင့် Control Center နှင့် အလွယ်တကူ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သီရိနွယ်

No comments:

Post a Comment