ရန်ကုန်မြို့ပြအများပြည်သူ သယ်ယူပို့ဆောင်ရေး အများ နှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(YUPT) ၏ ဒုတိယအကြိမ် နှစ်ပတ်လည်အစည်းအဝေး နှင့်ဒါရိုက်တာ ရွေးချယ်ပွဲကို အောက်တိုဘာ၃၀ရက် တွင် Gandamar Grand Ballroom ၌ကျင်းပခဲ့သည်။
ဒါရိုက်တာများကို အစုရှယ်ယာရှင်များ၏ သဘောဆန္ဒမပါဘဲ ရွေးချယ်တင်မြောက်သည်ဆိုကာ အငြင်းပွားမှုဖြစ်ပေါ် ခဲ့
သလို အမြတ်ငွေမပေးသည့်အပေါ်တွင်လည်း အစုရှယ်ယာရှင်များကမေးခွန်းထုတ်ခဲ့ကြသည်။
ကန့်ကွက်မှုများရှိသောကြောင့် YUPT၏ နှစ်ပတ်လည်အစည်းဝေး နှင့် ဒါရိုက်တာရွေးချယ်ပွဲပျက်ခဲ့ပြီး အစုရှယ်ရာရှင်များ၏တင်ပြချက်ကို တာ၀န်ရှိသူများထံတင်ပြ၍ ဒါရိုက်တာရွေးချယ်ပွဲကိုပြန်လည်ကျင်းပမည် ဖြစ်ကြောင်းသိရသည်။
သီရိနွယ်(သတင်း၊ဓါတ်ပုံ)
No comments:
Post a Comment