လာမည့်နှစ် ဇန်နဝါရီ ၁ ရက်မှစ၍ သက်တမ်းတိုးခြင်းအပါအ၀င် မော်တော်ယာဥ်လုပ်ငန်းများကို ယာဥ်ပိုင်သူ၏ မှတ်ပုံတင်မူရင်း မပြနိုင်ပါက အမည်ပေါက်ပြောင်းရမည် ဖြစ်ကြောင်းကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
''နယ်လိုင်စင်စီးကားစီးနေတဲ့ ကားပိုင်ရှင်တွေက ရန်ကုန်က မိမိနေထိုင်ရာ မြို့နယ် အခွန်ဦးစီးဌာနမှာ အမည်ပြောင်းခွန်ဆောင်ပြီး သက်ဆိုင်နယ်ကညနရုံးမှာ လုပ်ငန်းဆက်လက်ဆောင် ရွက်ရပါမယ်။ပိုင်ဆိုင်သူ ပြောင်းသွားမှာဖြစ်ပေမယ့် ကားလိုင်စင်ကိုတော့ မူရင်းနယ်အနေနဲ့ပဲ ခွင့်ပြုမှာပါ။ ''ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ....ပြောသည်။
သီရိနွယ် (သတင်း/ဓါတ်ပုံ)
No comments:
Post a Comment