Labels

Wednesday, October 2, 2019

ပထမဆုံးသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုက်ရိုက်ပြုလုပ်ထားသည့်လက်ကား ဖြန့်ချိရေးကုမ္ပဏီ METRO က HACCP လက်မှတ် ရရှိ


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုက်ရိုက်ပြုလုပ်ထားသည့်လက်ကား ဖြန့်ချိရေး ကဏ္ဍအတွင်း မက်ထရို မြန်မာ သည် HACCP လက်မှတ်ရရှိသည့် ပထမဆုံးသော အဖွဲ့အစည်းဖြစ် ကြောင်းသိရသည်။
မြန်မာပြည်သူပြည်သားတွေရဲ့ ဘဝနေထိုင်မှုအရည်အသွေးကို မြှင့်တင်ပေးဖို့က METRO Wholesale Myanmar ရဲ့ အဓိကရည်မှန်းချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ စတင် ဖွဲ့စည်းခဲ့တဲ့ ၂၀၁၇ ခုနှစ် နဲ့ တရားဝင်ဈေးကွက်ထဲကို ဝင်ရောက်ခဲ့တဲ့ ဒီနှစ်မတ်လ ကတည်းက အစားအသောက်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးက ကျွန်တော်တို့ရဲ့ ပထမဦးစားပေးဖြစ်ခဲ့တာကြောင့် မြန်မာနိုင်ငံမှာ ပထမဦးဆုံး အပြည်ပြည်ဆိုင်ရာ လက်ကားရောင်းချရေးအနေနဲ့ HACCP လက်မှတ်ရရှိထားတယ်ဆိုတာကို ဂုဏ်ယူစွာနဲ့ ပြောလိုပါတယ်။ HACCP ဆိုတာ အစားအသောက်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးစနစ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ လက်မှတ်ဖြစ်လို့ ဒီလက်မှတ်ကိုရရှိခြင်းအားဖြင့် ဝယ်ယူသူတွေအတွက် အရည်အသွေးမြင့် ကုန်ပစ္စည်းတွေကိုပဲ ပေးနိုင်ဖို့ ကျွန်တော်တို့ ဘယ်လောက်အား ထုတ်ကြိုးစားထားတယ် ဆိုတာကို မြင်သာစေပြီး ယုံကြည်နိုင်ကြောင်း သက်သေလည်းဖြစ်ပါတယ်။”ဟုMETRO Wholesale Myanmar ၏ CEO ဖြစ်သူ Mr. Jens Michel က ပြောသည်။
  အစားအသောက်နှင့် အခြား အရည်အသွေးမြင့် ကုန်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချနေသော မြန်မာနိုင်ငံ၏ ထိပ်တန်းလက်ကားကုမ္ပဏီဖြစ်သည့် METRO Wholesale Myanmar ကို၂၀၁၉ ခုနှစ် သြဂုတ်လအတွင်းက ပြင်သစ်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ထိပ်တန်းအသိအမှတ်ပြုလက်မှတ်ပေးသည့်လုပ်ငန်း၏ လုပ်ငန်းခွဲဖြစ်သည့် Myanmar Bureau Veritas Ltd., မှ ခက်ခဲသော စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး
အောင်မြင်ခဲ့သည့်အတွက် Hazard Analysis and Critical Control Point (HACCP) လက်မှတ်ကို ရရှိခဲ့ကြောင်းသိရသည်။

No comments:

Post a Comment