Labels

Monday, October 7, 2019

တယ်လီနောဆင်းကဒ် အသုံးပြုသူများ Facebook အက်ပလီကေးရှင်းကို ဒေတာအသုံးပြုခအခမဲ့ဖြင့် update လုပ်ဆောင်နိုင်မည်

Facebook နှင့် တယ်လီနောမြန်မာတို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ တယ်လီနော ဆင်းကဒ် အသုံးပြုသူများအတွက် အောက်တိုဘာလ ၄ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ Facebook အက်ပလီကေးရှင်းအား အင်တာနက်ဒေတာ ကုန်ကျစရိတ်မရှိဘဲ ဗားရှင်းမြှင့်နိုင်မည် ဖြစ်ကြောင်း တယ်လီနောမြန်မာ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
Facebook ဗားရှင်းအသစ်တွင်ပါရှိသော ပိုမို ကောင်းမွန်သည့် ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များ အပါအဝင် နောက်ဆုံးပေါ် နည်းပညာ လုပ်ဆောင်ချက်များကို အသုံးပြုပြီး အက်ပလီကေးရှင်းမှ ရရှိသော အကျိုးကျေးဇူးများကို အပြည့်အဝ အသုံးချနိုင်မည် ဖြစ်သည်။
ထိုသို့ အဆင့်မြှင့်တင်လိုက်ခြင်းကြောင့် အက်ပလီကေးရှင်း အသုံးပြုသူများမှာ နိုင်ငံတကာသုံး နည်းပညာ စံနှုန်းနှင့် ကိုက်ညီသည့် ယူနီကုဒ်စံစနစ်ဖြင့် ပို့စ်များတင်နိုင်ပြီး စာစုများကိုလည်း အဆင်ပြေချောမွေ့စွာ ဖတ်ရှု နိုင်မည်ဖြစ်သည်။
Facebook နှင့် Messenger app များအား ဗားရှင်းအဟောင်း၊ အသစ် ခွဲခြားသိရှိနိုင်ရန် အသုံးပြုနေသည့် Facebook သတင်းစဉ် (News Feed) ထိပ်ဆုံးတွင် အသိပေးချက်တစ်ခု လက်ခံရရှိမည် ဖြစ်ပြီး
အဆိုပါ မတ်ဆေ့ခ်ျမှတဆင့် မိမိ အသုံးပြုနေသည့် ဗားရှင်းအဟောင်း၊ အသစ်ကို ခွဲခြားသိရှိနိုင်ကြောင်း၊
Facebook အက်ပလီကေးရှင်းအား အင်တာနက်ဒေတာ အခမဲ့ဖြင့် download ပြုလုပ် နိုင်သည့် link အား အသိပေးကြေညာပေးသွားမည်ဖြစ်သည်။
သီရိနွယ်

No comments:

Post a Comment