Labels

Thursday, November 28, 2019

Wave Money နှင့် FlyMya တို့ ခရီးသွားလာရေးဆိုင်ရာငွေပေးချေမှုများပံ့ပိုးပေးရန် ပူးပေါင်းခြင်း လက်မှတ်​ရေးထိုး - နိုဝင်ဘာ ၂၈ ရက်

မြန်မာနိုင်ငံ၏ မိုဘိုင်းလ်ငွေပေးချေမှုတွင် ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သော Wave Money
နှင့် ပြည်တွင်းခရီးသွားလက်မှတ်များ၊ ခရီးသွားလာရေးဆိုင်ရာဝန်ဆောင်မှုများတွင် ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်သော FlyMya.com သည် လွယ်ကူလျင်မြန်သော ခရီးသွားလာရေးဆိုင်ရာ ငွေပေးချေမှုများပံ့ပိုးပေးနိုင်ရန် နှစ်ဦးနှစ်ဘက်ပူးပေါင်းဆောင်ရွက်မှု အထိမ်းအမှတ်အနေဖြင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲအား 

Saturday, November 23, 2019

OMEGA Hair,Beauty & Health ဒုတိယဆိုင်ခွဲ ဖွင့်လှစ် - နိုဝင်ဘာ ၂၃ရက်



OMEGA Hair,Beauty & Health ဒုတိယဆိုင်ခွဲ (အလုံဆိုင်ခွဲ)ဖွင့်လှစ် ခြင်းနှင့် Electro Treatment System နည်းပညာ မိတ်ဆက်ခြင်းအခမ်းအနားကို နို၀င်ဘာလ ၂၁ရက်က ကမ်းနားလမ်း(သစ်​တောမှတ်တိုင်)အနီး အလုံမြို့နယ်တွင် ကျင်းပခဲ့သည်။
Electro Treatment System နည်းပညာ သည်ဂျပန်နိုင်ငံတွင် 

Friday, November 22, 2019

အ​ခြေခံလူတန်းစားများအတွက်အထူးရည်ရွယ်၍ ဒီဇင်ဘာည​စျေး​ရောင်းပွဲ​တော်ကျင်းပမည် - နို၀င်ဘာ ၂၃ရက်


အ​ခြေခံလူတန်းစားများအတွက်အထူးရည်ရွယ်၍ The Circle Event Group မှ ဒီဇင်ဘာည​စျေး​ရောင်းပွဲ​တော်ကိုဒီဇင်ဘာလ ၆ရက်မှ ၈ရက်​နေ့အထိ အထူး​သင့်တင့်​သောစျေးနှုန်းများဖြင့် ခင်းကျင်း​ရောင်းချသွားမည်ဖြစ်​ကြောင်း သိရသည်။
December Night Market စျေး​ရောင်းပွဲ​တော်ကို​မြောက်ဥက္ကလာမြို့နယ် ခ​ရေပင်လမ်းနှင့် အမှတ် ၃ လမ်းမကြီး​ထောင့်ရှိ Terminal M- Leisure Mall တွင် ည​နေ၃နာရီမှ ည ၁၀နာရီ အထိကျင်းပသွားမည်ဖြစ်ကာ မည်သူမဆိုအခမဲ့ လာ​ရောက်နိုင်​ကြောင်းသိရသည်။

Thursday, November 21, 2019

UPG မှ ​ငွေရတုအထိမ်းအမှတ် ဓါတ်ပုံပြိုင်ပွဲကျင်းပမည် - နိုဝင်ဘာ ၂၁ရက်

မြန်မာနိုင်ငံ၏ အိမ်သုတ်​ဆေးထုတ်လုပ်​၊​ရောင်းချမှုတွင် နံပတ်တစ်​နေရာ ရယူထား​သော UPG က၎င်းကုမ္ပဏီ ဖြစ်တည်ရာ နှစ်၂၅နှစ်​မြောက် ​ငွေရတုအထိမ်းအမှတ်အ​နေဖြင့် ဓါတ်ပုံပြိုင်ပွဲကျင်းပသွားမည်ဖြစ်​ကြောင်း သိရသည်။

အဆိုပါဓါတ်ပုံပြိုင်ပွဲကို '' Environmental ,Safety & Quality with UPG "​ခေါင်းစဥ်ဖြင့်ယှဥ်ပြိုင်ရမည်ဖြစ်ကာ ဖုန်းကင်မရာမှအပ ကြိုက်နှစ်သက်ရာ မည်သည့်ကင်မရာဖြင့်မဆိုယှဥ်ပြိုင်နိုင်​​ကြောင်း၊ဆု​ကြေးများအ​နေဖြင့် ပထမဆု သိန်း ၂၀ကျပ်၊ဒုတိယဆု ၁၅သိန်းကျပ်၊တတိယဆု ၁၀သိန်းကျပ်၊နှစ်သိမ့်ဆု ၉ဆု ၃သိန်းကျပ်စီနှင့် ဆုမရရှိ​သော်လည်း ကုမ္ပဏီစိတ်ကြိုက် ဓါတ်ပုံများ များ​ရွေးချယ်ခံရပါက တစ်ပုံကျပ် ၂သိန်း စီသီးသန့်ဆုချီးမြှင့်သွားအုံးမည်ဖြစ်​ကြောင်း UPGမှ တာဝန်ရှိသူတို့​ပြောကြားချက်အရ သိရသည်။
ပြိုင်ပွဲဝင်ရန်အ​သေးစိတ် စည်းမျဥ်းစည်းကမ်းချက်များကို UPG​ ​ပေ့စ်တွင်ဝင်​ရောက်ကြည့်ရှု့နိုင်ပြီး e-mail address- info@upgpaint.comသို့ 25th anniversary photo contest ​ခေါင်းစဥ်တပ်၍ RGB, JPEG format ဖြင့် ​ဓါတ်ပုံတစ်ပုံလျှင် 5-10MB အတွင်း ရှိရမည်ဖြစ်​ကြောင်း၊ ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၂၅ရက် ည​နောက်ဆုံးထား ​ပေးပို့ရမည် ဖြစ်​ကြောင်းသိရသည်။
သီရိနွယ်(သတင်း၊ဓါတ်ပုံ)




Wednesday, November 20, 2019

နန်းဆုသဇင်ရဲ့ ဒုတိယ​​မြောက် တစ်ကိုယ်​တော်အ​ခွေထွက်ရှိ - နိုဝင်ဘာ ၂၁ရက်

နန်းဆုသဇင်ရဲ့ ဒုတိယ​​မြောက် "အ​ရေးကြီးဆုံးအရာ"တစ်ကိုယ်​တော်​တေးစီးရီးထွက်ရှိ ခြင်းအ​နေဖြင့် စာနယ်ဇင်းမီဒီယာ မိတ်ဆက်အပ်နှံခြင်းအခမ်းအနားကို နိုဝင်ဘာ ၂၀ရက်နေ့က ရန်ကုန်မြို့ဗိုလ်တ​ထောင်ဘုရားလမ်းရှိ House of Orchid တွင်ကျင်းပခဲ့သည်။
အဆိုပါအ​ခွေကို မန်းသီရိ​တေးသံသွင်းမှ 
ယခုလ ၂၇ရက်​နေ့တွင် စတင်ဖြန့်ချီသွားမည်ဖြစ်​ကြောင်း၊ယင်းအ​ခွေတွင် အဆို​တော် မ​နော်၊​တေး​ရေး​တေးဆို သဟာ​အောင်တို့နှင့်စုံတွဲသီချင်းများပါဝင်ကာစုစု​ပေါင်းသီချင်း၁၂ပါ၀င်​ကြောင်းသိရသည်။
သီရိနွယ် ( သတင်း၊ဓါတ်ပုံ) 


Tuesday, November 19, 2019

​ရွှေပြည်သာမြို့နယ်တွင် ​ဖော်​ဆောင်​နေ​သောကျူး​ကျော်များအတွက် အိမ်ရာစီမံကိန်း ဒီဇင်ဘာလကုန်တွင် လူ​နေထိုင်ခွင့်ရရှိမည် - နိုဝင်ဘာ ၁၉ရက်


ရွှေပြည်သာမြို့နယ်တွင် ​ဖော်​ဆောင်​နေ​သောကျူး​ကျော်များအတွက် အိမ်ရာစီမံကိန်း ဒီဇင်ဘာလကုန်တွင် လူ​နေထိုင်ခွင့်ရရှိမည်ဖြစ်​ကြောင်း နို၀င်ဘာ၁၈ရက်ည​နေပိုင်းက ရန်ကုန်တိုင်း​ဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း နှင့် အစိုးရအဖွဲ့ဝင်များ စီမံကိန်း​​ဆောင်ရွက်​နေမှုအ​​​ခြေအ​နေအား သွား​ရောက်ကြည့်ရှုစဥ် ​ပြောကြားချက်များအရ သိရသည်။
အဆိုပါ အိမ်ရာစီမံကိန်းကို Women for the world (ပျိုမေ့အိမ်) အဖွဲ့က ဆောက်လုပ်လျက်ရှိပြီး ဝန်ကြီးချုပ်ကိုယ်တိုင် နေအိမ်များ ဆောက်လုပ်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုခဲ့ပြီး၊ ယင်းနေအိမ်များတွင် နေထိုင်မည့်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီး အစိုးရအနေဖြင့် ကျူးကျော်နေထိုင်သူ ပြည်သူများ၏ အခက်အခဲကို ဖြေရှင်းဆောက်ရွက်ပေးနေသည့် အစီအစဉ်များနှင့် ပြည်သူများကလည်း ညီညီညွတ်ညွတ် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
ယင်းမြို့နယ်တွင် နေအိမ် ၂၆၄ လုံး ဆောက်လုပ်နေကာ ဒီဇင်ဘာလဆန်း၌ တည်ဆောက်ရေးလုပ်ငန်းပြီးစီးကာ နေထိုင်ခွင့် ရရှိထားသူများ ဒီဇင်ဘာလကုန် တွင် နေထိုင်ခွင့်ရရှိမည် ဖြစ်ကြောင်းသိရသည်။
သီရိနွယ်
ဓါတ်ပုံ- YRG

Monday, November 18, 2019

ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပမည့် Mr. Universe Tourism 2019 ပြိုင်ပွဲကြီးသို့ မိုင်းဇွဲမင်းခန့် သွား​ရောက်ယှဥ်ပြိုင် - နို၀င်ဘာ ၁၈ရက်


ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပမည့် Mr. Universe Tourism 2019 ပြိုင်ပွဲကြီးသို့ မြန်မာနိုင်ငံကိုယ်စားပြုအ​နေဖြင့် Mr. Universe Tourism Myanmar 2019 ဆုရရှိ ခဲ့သည့် မိုင်းဇွဲမင်းခန့် ကသွား​ရောက်ယှဥ်ပြိုင်မည် ဖြစ်​ကြောင်း သိရသည်။
Mr. Universe Tourism 2019 ပြိုင်ပွဲကြီးကို ယခုလ နို၀င်ဘာ၁၈ရက် မှ ၂၅ရက်အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ​မြန်မာနိုင်ငံမှ ​နေရှင်နယ် ဒါရိုက်တာအဖြစ် Blessed Myanmar Entertainment မှဒါရိုက်တာ ကိုသက်​ထွေး​ဇော် က တာဝန်ယူ​ဆောင်ရွက်​​ကြောင်း ပြိုင်ပွဲဝင် မိုင်းဇွဲမင်းခန့် ကို နိုဝင်ဘာ၁၆ရက်ကNovotel Max Yangon Hotel တွင်ပြုလုပ်ခဲ့သည့် သတင်းမီဒီယာမိတ်ဆက်သည့် အခမ်းအနားမှ သိရသည်။
သီရိနွယ်(သတင်း၊ဓါတ်ပုံ)

Sunday, November 17, 2019

LUX Yuzu Blossom ရေချိုးဆပ်ပြာရည်အမျိုးအစားအသစ် မိတ်ဆက် - နိုဝင်ဘာ ၁၇


ကမ္ဘာ့နံပါတ်တစ်အမှတ်တံဆိပ်ဖြစ်​သောLUX ရေချိုးဆပ်ပြာရည်မှ LUX Yuzu Blossom ရေချိုးဆပ်ပြာရည်ပစ္စည်း အမျိုးအစား အသစ် မိတ်ဆက်ပွဲကို နိုဝင်ဘာ ၁၆ ရက် နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ရှိ Junction City ၌ ကျင်းပခဲ့သည်။
Lux Yuzu Blossom ၏ အဓိကပါဝင်ပစ္စည်းဖြစ်သော ယူဇူး သံပရိုသီးသည် အခြား Citrus အသီးများထက် ဗီတာမင်စီပိုများပြီး အသားအရေကို သဘာဝအတိုင်း ဝင်းလက်တောက်ပစေသည်။ယူဇူးသီးတွင်ပါဝင်သော Antioxidant များသည် ခန္ဓာကိုယ်အရေပြားများကို အမဲစက်များမဖြစ်ပေါ်အောင် တားဆီးပေးကာ ခန္ဓာကိုယ်ရှိ ဆဲလ်အသေများအား ဖယ်ရှားပေးပြီး ဖြူဝင်းလှပသော အသားအရေအား ပေးစွမ်းသည်။ယူဇူးသီးသည် ကိုယ်ခန္ဓာအတွင်း သွေးလည်ပတ်မှုအားလည်း ကောင်းစေသည့်အတွက် အသားအရေ နုပျိုပြီး သဘာဝအတိုင်း တောက်ပစေသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်​ကြောင်းသိရသည်။
အဆိုပါပွဲသို့ Beauty Blogger နေခြည်ဦး၊သရုပ်ဆောင် ရွှေမှုန်ရတီ၊နာမည်ကြီး​မော်ဒယ် သရုပ်များဖြစ်ကြသည့်အွန်ဆိုင်း၊ပက်ထရစ်ရှာနှင့် Music Boy Band တစ်ခုဖြစ်သော Projet K တို့တက်ရောက်ခဲ့ကြောင်း သိရသည်။
သီရိနွယ်(သတင်း၊ဓါတ်ပုံ)

Tuesday, November 12, 2019

နာမည်ကြီးအဆို​တော်၉ဦး ပါ၀င်သီဆိုထားသည့် သီချင်းဒိုင်ယာရီ ယခုလထွက်မည် - နိုဝင်ဘာ ၁၂ရက်

နာမည်ကြီးအဆို​တော်၉ဦး ပါ၀င်သီဆိုထားသည့် 

"သီချင်းဒိုင်ယာရီ "​တေးစီးရီး ယခုလ၁၆ရက်​တွင် ထွက်ရှိမည် ဖြစ်​ကြောင်း ယ​နေ့ကျင်းပခဲ့သည့် စာနယ်ဇင်းမီဒီယာ မိတ်ဆက်ပွဲမှသိရသည်။
ယင်းအ​ခွေတွင် ဇော်ပိုင်၊Rဇာနည်၊ထူးအယ်လင်း၊Cobra ၊4Ni၊ဟန်ညီ၊ဖြိုးရဲ၊ဇွဲနိုင်၀င်း နှင့်နန်းခင်ဇေယျာတို့ပါဝင် သီဆိုထားပြီး သီချင်းစုစု​ပေါငွး၁၂ပဒ်ပါဝင်ကာ​ Rock Music သီချင်းအများဆုံးပါဝင်​ကြောင်းသိရသည်။
သီရိနွယ်(သတင်း၊ဓါတ်ပုံ)

ခက်ကြမ်းကြမ်းအမိုက်စား​သီချင်းအသစ်​တွေနဲ့မြင်​တွေ့ရမယ့် ဝိုင်းစုခိုင်သိန်းရဲ့ နွား​ကျောင်းသူ - နို၀င်ဘာ ၁၂ရက်







ခက်ကြမ်းကြမ်းအမိုက်စား​သီချင်းအသစ်​တွေနဲ့မြင်​တွေ့ရမယ့် ဝိုင်းစုခိုင်သိန်းရဲ့ နွား​ကျောင်းသူ ​တေးအယ်လ်ဘမ်ကို ယခုလ၁၆ရက်​နေ့တွင်ထွက်ရှိမည်ဖြစ်​ကြောင်း ရန်ကုန်မြို့ ​ရှိ Redio Bar တွင်ယ​နေ့ပြုလုပ်သည့်စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။
ယခုထွက်ရှိမည့်အ​ခွေသည် သူ၏တစ်ကိုယ်​တော်​ ၇ ​ခွေ​​မြောက်ဖြစ်ပြီး သီချင်း၁၂ပုဒ်ပါဝင်ကာ The Sun Music မှတစ်နိုင်ငံလုံးသို့ဖြန့်ချီ သွားမည်ဖြစ်သည်။
'' ဒီTitleက ဆန်းလဲဆန်းတယ်ဆိုပြီး ​ရွေးဖြစ်သွားတာပါ။​ရေးထားတာက​တော့ ကို​အောင်လ​ရေး​ပေးထားတာပါ။အ​ကြောင်းရာက​တော့ ကို့အတွဲကိုပြန်ပြီး​တော့ ပစ်ပစ်နှစ်နှစ် ​ပြောတဲ့အ​​ကြောင်း​ပေါ့။​နောက်ပြီးအရင်ကဆို​နေကျပုံစံမဟုတ်တဲ့ စာသားဆန်းဆန်း​လေး​တွေပါတယ်။ဒီထဲမှာ ပုံမှန်အသည်းကွဲသီချင်း​တွေလဲပါတယ်။ဒီတ​ခေါက်နည်းနည်းပိုကြမ်းမယ်။အမြူးအကြမ်း​တွေ ​တော်​တော်များများပါတယ်။ "ဟု ဝိုင်းစုကသူ၏သီချင်းများနှင့်ပတ်သက်ပြီးရှင်း​ပြ​ခဲ့သည်။
သီရိနွယ်(သတင်း၊ဓါတ်ပုံ)

Monday, November 11, 2019

တန်​ဆောင်မုန်းလပြည့်​နေ့ညတွင် ပအိုဝ်း ရိုးရာ မီးကြာသင်္ကန်းနှင့်ကြာသင်္ကန်းများကပ်လှူပွဲကျင်းပ - နို၀င်ဘာ ၁၁ရက်




တန်​ဆောင်မုန်းလပြည့်​နေ့ညတွင် ပအိုဝ်း ရိုးရာ မီးကြာသင်္ကန်းနှင့်ကြာသင်္ကန်းများကပ်လှူပွဲကို သထုံမြို့ရှိ ရွှေစာရံစေတီတော်ကြီး​ပေါ်တွင်ပြုလုပ်ခဲ့သည်။
မွန်ပြည်နယ် ပအိုဝ်းစာ​ပေနှင့်ယဉ်​ကျေးမှု ဦးစီးဌာနမှဦးဆောင်ပြီးခဲ့ပြီး မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့်ကရင်ပြည်နယ်ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး တို့မှပါဝင်ဆင်နွဲခဲ့ကြ​ပြီး အဆိုပါသင်္ကန်းကပ်လှုပွဲသို့ လူအင်အား ၂​ထောင်​ကျော် တတ်​ရောက်လှုဒါန်းခဲ့ကြောင်းသိရသည်။
ပအိုဝ်း ရိုးရာ မီးကြာသင်္ကန်းနှင့်ကြာသင်္ကန်း ကို ပအိုဝ်းများ တန်ဖိုးထားခဲ့ရသော သူရိယစန္ဒာမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ရွှေစာရံစေတီတော်ကြီးတွင် နှစ်စဥ်ကျင်းပခဲ့​ကြောင်းသိရသည်။
(သတင်း၊ဓါတ်ပုံ)KAMT 

Sunday, November 10, 2019

၉ကြိမ်​မြောက် အိန္ဒိယ-မြန်မာပူးပေါင်းကင်းလှည့်ခြင်းအတွက်ရန်ကုန်သို့ အိန္ဒိယရေတပ်သင်္ဘောများနှင့် ပင်လယ်ရေကြောင်းကင်းလှည့်လေယာဉ်များ ရောက်ရှိ ​- နိုဝင်ဘာ ၁၁ရက်


အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြားရှိ တည်ရှိနေသောနှစ်နိုင်ငံဆက်ဆံရေးယန္တရား၏ ဆောင်ရွက်ချက် တစ်ရပ်အဖြစ် ၉ကြိမ်​မြောက် အိန္ဒိယ-မြန်မာပူးပေါင်းကင်းလှည့်ခြင်းအတွက်ရန်ကုန်မြို့သို့ အိန္ဒိယနိုင်ငံမှ ရေတပ်သင်္ဘောများဖြစ်သော Kesari နှင့် Chetlat တို့အပြင် အိန္ဒိယနိုင်ငံရေတပ်မှလေယာဉ် Dornier နှင့်အတူ နိုဝင်ဘာလ ၁၁ ရက်မှ ၁၄ ရက်အထိ နှစ်နိုင်ငံပူးပေါင်း ကင်းလှည့်ခြင်း လုပ်​ဆောင်သွားမည်ဖြစ်သည်။
ပူးပေါင်းကင်းလှည့်ခြင်းသည် သက်ဆိုင်ရာနိုင်ငံဘက်၏ရေကြောင်းနယ်နိမိတ်အတွင်းပင်လယ်ရေကြောင်းဆိုင်ရာလုံခြုံမှုအားထိန်းသိမ်းစောင့်ရှောက် ရန်နှင့်ပင်လယ်ပြင်တွင်တရားမဝင်ပြုလုပ်ဆောင်ရွက်ခြင်းများအားကာကွယ်တားဆီးရန်ဖြစ်သည်။အဆိုပါ နှစ်နိုင်ငံ ပူး​ပေါင်း ကင်းလှည့်​ဆောင်ရွက်ခြင်းကို ၂၀၁၃ခုနှစ် မတ်လမှ စတင်၍ပြုလုပ်ခဲ့ပြီး ထိုသို့လုပ်​ဆောင်မှု​ကြောင့် ရေတပ်နှစ်ခုကြား ပင်လယ်ရေကြောင်းဆိုင်ရာပူးပေါင်း ဆောင်ရွက်နိုင်စွမ်းများအတွက်အပြန်အလှန်နားလည်မှုမြှင့်တင်ပေးပြီး အတတ်ပညာဆိုင်ရာအပြန်အလှန်အကျိုးပြုမှုတို့ ကိုလည်းမြှင့်တင်ပေးနိုင်ခဲ့​ကြောင်းသိရသည်။
ယခု​ရောက်ရှိလာ​သောအိန္ဒိယနိုင်ငံမှရေတပ်သင်္ဘောများနှင့် မြန်မာနိုင်ငံရေတပ်မှ UMS Bayintnaung နှင့် UMS 564 သင်္ဘော တို့နှင့်အတူ နဝမအကြိမ်မြောက် ပူးပေါင်းကင်းလှည့်ခြင်းအားဆောင်ရွက်ကြမည်ဖြစ်သည့်အပြင် နှစ်နိုင်ငံရှိ ပင်လယ်ရေကြောင်းကင်းလှည့်သည့်လေယာဉ်များဖြင့်အားဖြည့် ဆောင်ရွက်မည်ဖြစ်​ကြောင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံး ထုတ်ပြန်ချက်အရ သိရသည်။
INS Kesari သင်္ဘောသည် Landing Ship Tank အမျိုးအစားဖြစ်ပြီး Commander Mukesh Tayal မှ သင်္ဘောအမှုထမ်း ၁၂၀ကျော်အား ဦးဆောင်လာမည် ဖြစ် ပြီး INS Chetlat သင်္ဘောသည် Fast Attack Craft အမျိုးအစားဖြစ်ပြီး Lt Cdr Ashwin Bhoge မှ သင်္ဘောအမှုထမ်း ၃၀ ကျော် အား ဦးဆောင်လာမည် ဖြစ်သည်။
ရန်ကုန်မြို့တွင်ရောက်ရှိစဉ်ဆောင်ရွက်မည့်အဓိကအစီအစဉ်များတွင် ပူးပေါင်းကင်းလှည့်ခြင်းဖွင့်ပွဲအခန်းအနား၊ ပညာရပ်ဆိုင်ရာအပြန်အလှန်ဆွေးနွေးခြင်းများ၊ ဂါရဝပြုတွေ့ဆုံခြင်းများ၊ အားကစားပြိုင်ပွဲများနှင့်လူမှုရေးဆိုင်ရာ ဆောင်ရွက်ခြင်းများ နှင့်အတူ စိတ်ဝင်စားဖွယ်နေရာများသို့လည်ပတ်ခြင်းများပါဝင်​ကြောင်းသိရသည်။
သီရိနွယ်
ပုံ - Embassy of India Yangon

Friday, November 8, 2019

ဆိုင်ကလုန်းမုန်တိုင်းဘာဘ်ဘယ် မြန်မာနိုင်ငံအတွက် အဝါ​ရောင်အဆင့် သတ်မှတ် - နိုဝင်ဘာလ ၉ ရက်


ယ​နေ့ မြန်မာစံတော်ချိန် ၇နာရီအချိန်မိုး​လေဝသနှင့်ဇလ​ဗေဒဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အားအလွန်ကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Very Severe Cyclonic Storm) "ဘာဘ်ဘယ်" (BULBUL)သည် ရအိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့(Paradip) (ဩရိဿ-Odisha)၏ အရှေ့ တောင်ဘက် ရေမိုင်(၇၀)မိုင်ခန့်၊ စာဂါကျွန်း(Sagar Islands) (အနောက်ဘင်္ဂလားပြည် နယ်-West Bengal)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၃၀)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara)၏ အနောက်တောင်ဘက် ရေမိုင်(၂၀၀)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့(Sittwe)၏ အနောက်- အနောက်တောင်ဘက် ရေမိုင်(၃၀၀)မိုင်ခန့်နှင့် မောင်တောမြို့(Maungdaw)၏ အနောက်- အနောက်တောင်ဘက် ရေမိုင်(၂၈၀)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။
"ဘာဘ်ဘယ်" (BULBUL)၏ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်​ကြောင်း၊
ယ​နေ့ည​နေပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေ စာဂါကျွန်း နှင့် ခီပူပါရာမြို့(Khepupara)တို့ကြားမှအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)အနေဖြင့် ဖြတ်ကျော်ဝင်ရောက် နိုင်သည်ဟု ခန့်မှန်းထား​ကြောင်းသိရသည်။
ယင်းမုန်တိုင်းအရှိန်​ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၅)ပေခန့် နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့် အထိ လှိုင်းကြီးနိုင်​ကြောင်းသိရသည်။
သီရိနွယ်
ပုံ-မိုး/ဇလ

Thursday, November 7, 2019

မြန်မာ-စင်ကာပူ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာထိပ်သီးတွေ့ဆုံပွဲ ပြုလုပ်မည် - နို၀င်ဘာ ၇ရက်


မြန်မာ-စင်ကာပူ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာထိပ်သီးတွေ့ဆုံပွဲ ၂၀၁၉ (Myanmar-Singapore Business Summit 2019)အခမ်းအနားကို လာမည့် နိုဝင်ဘာ၁၄ရက်တွင် Novotel Yangon Max ဟိုတယ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ​ဆွေး​နွေးပွဲသည် ၂၀၁၈ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သော SAM စီးပွားရေးဆိုင်ရာထိပ်သီးတွေ့ဆုံပွဲ၏ နောက်ဆက်တွဲအနေဖြင့် မြန်မာနိုင်ငံမှ စင်ကာပူသံရုံး၏ ကူညီထောက်ပံ့မှုဖြင့် Singapore Association of Myanmar (SAM) နှင့် Singapore Institute of International Affairs (SIIA) တို့မှ စီစဉ်ကျင်းပခြင်းဖြစ်သည်။
ထိပ်သီးတွေ့ဆုံပွဲတွင် ကမ္ဘာ့စီးပွားရေးကဏ္ဍရှေ့လျှောက်အလားများအကြောင်း၊ စင်ကာပူ-မြန်မာ မိတ်ဖက်ပူးပေါင်းရေးအတွက် ရန်ပုံငွေဆိုင်ရာ အစီအစဉ်များ အစရှိသည့် အကြောင်းအရာများကို ဆွေးနွေးမည့် အစီအစဉ်များပါဝင်သည့်အပြင် Global Link Lab ၊ Inc ၊ City Holdings Limited၊ CP Group၊ Singapore Exchange၊ PrimePartners Corporate Finace Ltd၊ PwC Myanmar ၊ OCBC Yangon Branch ၊ Myanma Food for Thought Co. Ltd ၊ Ascent Capital Partners Pte Ltd ၊ UAB Bank နှင့်  Kerislite Pte Ltd မှ ဦးဆောင်သူ ခေါင်းဆောင်များက ပါဝင်​ဆွေး​နွေးသွားမည်ဖြစ်​ကြောင်းသိရသည်။
သီရိနွယ်

Wednesday, November 6, 2019

နိုင်ငံတကာ ပင်လယ်ရေကြောင်းလုပ်ငန်း နှင့် ရေနံ၊သဘာဝဓာတ်ငွေ့လုပ်ငန်း ဆိုင်ရာပြပွဲကျင်းပ - နို၀င်ဘာ ၇ရက်

နိုင်ငံတကာ ပင်လယ်ရေကြောင်းလုပ်ငန်း နှင့် ရေနံ၊ သဘာဝဓာတ်ငွေ့ လုပ်ငန်း ဆိုင်ရာပြပွဲကို ရန်ကုန်မြို့ရှိ Novotel Hotel ၌ နိုဝင်ဘာလ ၆ရက်နှင့် ၇ရက်တို့တွင် နှစ်ရက်တာ ကျင်းပခဲ့သည်။
အဆိုပါပွဲတွင် သ​​​ဘေင်္ာအင်ဂျင်၊ ဆက်သွယ်ရေးကိရိယာ၊ ​ရေယာဥ်အမျိုးစားအလိုက် ဆက်စပ်ပစ္စည်းများ၊ ရေနံနှင့် သဘာဝဓာတ်ငွေဆိုင်ရာများကို Thailand၊ Singapore၊Malaysia၊ United Kingdom၊ Vietnamနှင့် China တို့ရှိ ကုမ္ပဏီများမှ လာရောက်ပါ၀င်ပြသခဲ့ပြီး ပြပွဲအတွင်း CPD accredited conferences ဖြစ်သော "A New Era for Myanmar's Oil & Gas Industry Beckons” ကို နိုဝင်ဘာ ၆ ရက် နေ့လည် ၁နာရီမှ ၄နာရီအထိ နှင့် "Raising Productivity In The Fishery Industry To Help Myanmar Stay Competitive" အား နိုဝင်ဘာလ ၇ရက် နေ့လည် ၁နာရီမှ ၄နာရီအထိ ကျင်းပပြုလုပ်ခဲ့သည်။
နိုင်ငံတကာ ပင်လယ်ရေကြောင်းလုပ်ငန်း နှင့် ရေနံ၊ သဘာဝဓာတ်ငွေ့ လုပ်ငန်း ဆိုင်ရာပြပွဲ ၂၀၁၉ အား Myanmar Nautical Association, Federation of Myanmar Engineering Societies, Myanmar Fishery Federation တို့ မှပူး​ပေါင်း​ဆောင်ရွက်​ကြောင်းသိရသည်။
​သီရိနွယ် (သတင်း/ဓါတ်ပုံ)




ပထမဆုံးအကြိမ် အသေးစားငွေရေးကြေးရေးလုပ်ငန်းဖိုရမ် (Myanmar Microfinance Forum) ကို​ ​နေပြည်​တော်တွင်ကျင်းပ - နို၀င်ဘာ ၅ရက်


မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် အသေးစားငွေရေးကြေးရေးလုပ်ငန်းဖိုရမ် (Myanmar Microfinance Forum)ကို ​နေပြည်​တော်ရှိ PARKROYAL ဟိုတယ်၌ ကျင်းပခဲ့သည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အညီ မြန်မာနိုင်ငံ၏ အသေးစား ငွေရေးကြေးရေး လုပ်ငန်းနယ်ပယ်အား ပိုမို တိုးတက်ဖွံ့ဖြိုးလာစေရန်  ရည်မှန်းချက်ဖြင့် မြန်မာနိုင်ငံ အသေးစား ငွေရေး ကြေးရေး လုပ်ငန်များ ကူညီရေးအသင်း (MMFA) က ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ကာ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန (FRD) တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ အပါအဝင် မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်နေသည့် အသေးစား  ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ SME နှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီများ၊ နည်းပညာ ကုမ္ပဏီများနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မိတ်ဖက်လုပ်ငန်းများမှ ကိုယ်စားလှယ်ပေါင်း (၃၀၀) ကျော် တက်ရောက်ပြီး
အပြန်အလှန်ဆွေးနွေးမှု၊ အသိပညာဗဟုသုတ ဝေမျှခြင်း နှင့် တွေ့ဆုံနှီးနှော ဖလှယ်ခြင်းများဆွေးနွေးပြုလုပ်ခဲ့ကြသည်။
သီရိနွယ်
Photo - MMFA

Saturday, November 2, 2019

အ​ရှေ့တောင်အာရှတွင် အကြီးမားဆုံးဖြစ်လာမည့် ငါးမွေးမြူရေး စီမံကိန်းကို ဧရာ၀တီတိုင်း ပန်းတနော်မြို့ တွင် ​ဖော်​ဆောင် - ​နို၀င်ဘာ ၂ရက်




အ​ရှေ့တောင်အာရှတွင် အကြီးမားဆုံးဖြစ်လာမည့် ငါးမွေးမြူရေး စီမံကိန်းကို ဧရာ၀တီတိုင်း​ဒေသကြီး ပန်းတနော်မြို့တွင် ​ဖော်​ဆောင် လျက်ရှိ​​သောAyeyarwaddy Integrated Food Industry Complex ဘက်စုံစီမံကိန်းကြီးအတွင်းထည့်တွင်းလုပ်​ဆောင်​နေ​ကြောင်း သိရသည်။
အဆိုပါ ဘက်စုံစီမံကိန်း အ​ကောင်ထည်​ဖော်လုပ်​ဆောင်​နေမှုများနှင့်ပတ်သက်၍ နို၀င်ဘာ၁ရက်​နေ့က ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကိုယ်တိုင် သွား​ရောက်စစ်​ဆေးကြည့်ရှု့ခဲ့သည်။
ဘက်စုံစီမံကိန်းသည် လက်ရှိမြေဧက ၉၀၀ ပေါ်တွင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်း ၂၀၀၀ ကျော် ဖန်တီးပေးနိုင်ကြောင်း၊ စီမံကိန်း ပြီးစီးမည့် နောက်(၅)နှစ်တွင် အလုပ်အကိုင် ၆၀၀၀ ကျော် ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ထုတ်လုပ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃ဘီလီယံ ကျော်ရှိမည်ဟု ခန့်မှန်းသဖြင့် အရှေ့တောင်အာရှတွင် အကြီးမားဆုံး ငါးမွေးမြူရေး စီမံကိန်းတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်းတွင် ပါဝင်သည့်လုပ်ငန်းစဉ်များ အနေဖြင့် ငါးသားပေါက် စခန်းတည်ထောင်ခြင်း၊ အသားတိုးမွေးမြူခြင်း၊ ငါးပြုပြင်ထုတ်လုပ်မှုနှင့် အခဲခံစက်ရုံ နှင့် အအေးခန်းသိုလှောင်ရုံတည်ဆောက်ခြင်း၊ ငါးပေါင်းမှုန့်စက်ရုံ တည်ဆောက်ခြင်း၊ ငါး အစာ စက်ရုံ တည်ဆောက်ခြင်း၊ ငါးရောဂါ၊ ရေအရည်အသွေး၊ အစာအရည်အသွေး၊ မျိုးရိုးဗီဇ၊ အစားအသောက်နှင့် ပတ်သက်သည့် လုပ်ငန်းများ စမ်းသပ်ရန် ပါဝင်သော Laboratory တည်ဆောက်ခြင်း၊ ဝန်ထမ်းအိမ်ရာနှင့် ရုံးအဆောက်အဦ ဆောက်လုပ် ခြင်း၊ လမ်းနှင့် လုံခြုံရေးစနစ်၊ ခြံစည်းရိုးများ တည်ဆောက်ခြင်း၊ အရောင်းစင်တာများ ဖွင့်လှစ်ခြင်းနှင့် CSR အနေဖြင့် ဝန်ထမ်းမိသားစုများ စားဝတ်နေရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အပြင် စီမံကိန်းအနီးရှိ ကျေးလက်ဒေသတောင်သူလယ်သမား ငါးမွေးမြူတောင်သူများ နည်းပညာများဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သီရိနွယ်
ပုံ - MPO 

Friday, November 1, 2019

အောင်လအန်ဆန် ထိခိုက်မိသည့် လက်မ ခွဲစိတ်မှုအောင်မြင် - နိ၀င်ဘာ၁ရက်

အောင်လအန်ဆန်က သူ၏ထိခိုက်မိသည့် လက်မ ကို အောက်တိုဘာလ ၃၀ ရက်က မူလအတိုင်းပြန်ဖြစ်အောင် ခွဲစိတ်မှုလုပ်ခဲ့ကာ အောင်မြင်ပြီးစီးသွားချိန်တွင် “ထိခိုက်မိသွားတဲ့လက်မကိုနေသားတကျဖြစ်အောင်ပြန်ခွဲစိတ်ကုသပြီးပါပြီ၊ အခုတော့နဂိုအတိုင်းပြန်ပြီး အရင်လိုလုပ်စရာရှိတဲ့အရာတွေကို လုပ်ဆောင်နိုင်ပါတော့မယ်၊ အားလုံးပဲ ကောင်းမွန်တဲ့ရက်သတ္တပတ်ဖြစ်ပါစေ” လို့ အောင်လအန်ဆန်က သူ၏လူမှုကွန်ယက်စာမျက်နှာကနေ ပြောဆိုခဲ့သည်။ 
အောက်တိုဘာလ ၁၃ ရက်က ဂျပန်နိုင်ငံ အတွင်းပြုလုပ်ခဲ့တဲ့ ONE Championship မှာ အောင်လအန်ဆန်နဲ့ ဖိလစ်ပိုင်နိုင်ငံသား ဗဲရာတို့ထိုးသတ်အပြီးမှာ ​အောင်လ၏ လက်မ အဆစ်ရိုး ယခုကဲ့သို့ ထိခိုက်ခဲ့ပြီး ​နောက်ခွဲစိတ်ခဲ့မှုပြုလုပ်ခဲ့ရ​ကြောင်း သိရသည်။အဆိုပါ ခွဲစိတ်မှုပြီးပြီးခြင်း ခွဲစိတ်မှုအောင်မြင်မှုကြောင်း၊ သူ့ပရိတ်သတ်အားလုံးနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားတွေကိုလည်း ကျေးဇူးတင်ကြောင်း ဗီဒီယိုဖိုင်အတိုဖြင့် လူမှုကွန်ယက်မှာ အသိပေးခဲ့သည်။






Photo-Aung La N Sang