အောင်လအန်ဆန်က သူ၏ထိခိုက်မိသည့် လက်မ ကို အောက်တိုဘာလ ၃၀ ရက်က မူလအတိုင်းပြန်ဖြစ်အောင် ခွဲစိတ်မှုလုပ်ခဲ့ကာ အောင်မြင်ပြီးစီးသွားချိန်တွင် “ထိခိုက်မိသွားတဲ့လက်မကိုနေသားတကျဖြစ်အောင်ပြန်ခွဲစိတ်ကုသပြီးပါပြီ၊ အခုတော့နဂိုအတိုင်းပြန်ပြီး အရင်လိုလုပ်စရာရှိတဲ့အရာတွေကို လုပ်ဆောင်နိုင်ပါတော့မယ်၊ အားလုံးပဲ ကောင်းမွန်တဲ့ရက်သတ္တပတ်ဖြစ်ပါစေ” လို့ အောင်လအန်ဆန်က သူ၏လူမှုကွန်ယက်စာမျက်နှာကနေ ပြောဆိုခဲ့သည်။
အောက်တိုဘာလ ၁၃ ရက်က ဂျပန်နိုင်ငံ အတွင်းပြုလုပ်ခဲ့တဲ့ ONE Championship မှာ အောင်လအန်ဆန်နဲ့ ဖိလစ်ပိုင်နိုင်ငံသား ဗဲရာတို့ထိုးသတ်အပြီးမှာ အောင်လ၏ လက်မ အဆစ်ရိုး ယခုကဲ့သို့ ထိခိုက်ခဲ့ပြီး နောက်ခွဲစိတ်ခဲ့မှုပြုလုပ်ခဲ့ရကြောင်း သိရသည်။အဆိုပါ ခွဲစိတ်မှုပြီးပြီးခြင်း ခွဲစိတ်မှုအောင်မြင်မှုကြောင်း၊ သူ့ပရိတ်သတ်အားလုံးနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားတွေကိုလည်း ကျေးဇူးတင်ကြောင်း ဗီဒီယိုဖိုင်အတိုဖြင့် လူမှုကွန်ယက်မှာ အသိပေးခဲ့သည်။
No comments:
Post a Comment