Labels

Sunday, November 10, 2019

၉ကြိမ်​မြောက် အိန္ဒိယ-မြန်မာပူးပေါင်းကင်းလှည့်ခြင်းအတွက်ရန်ကုန်သို့ အိန္ဒိယရေတပ်သင်္ဘောများနှင့် ပင်လယ်ရေကြောင်းကင်းလှည့်လေယာဉ်များ ရောက်ရှိ ​- နိုဝင်ဘာ ၁၁ရက်


အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြားရှိ တည်ရှိနေသောနှစ်နိုင်ငံဆက်ဆံရေးယန္တရား၏ ဆောင်ရွက်ချက် တစ်ရပ်အဖြစ် ၉ကြိမ်​မြောက် အိန္ဒိယ-မြန်မာပူးပေါင်းကင်းလှည့်ခြင်းအတွက်ရန်ကုန်မြို့သို့ အိန္ဒိယနိုင်ငံမှ ရေတပ်သင်္ဘောများဖြစ်သော Kesari နှင့် Chetlat တို့အပြင် အိန္ဒိယနိုင်ငံရေတပ်မှလေယာဉ် Dornier နှင့်အတူ နိုဝင်ဘာလ ၁၁ ရက်မှ ၁၄ ရက်အထိ နှစ်နိုင်ငံပူးပေါင်း ကင်းလှည့်ခြင်း လုပ်​ဆောင်သွားမည်ဖြစ်သည်။
ပူးပေါင်းကင်းလှည့်ခြင်းသည် သက်ဆိုင်ရာနိုင်ငံဘက်၏ရေကြောင်းနယ်နိမိတ်အတွင်းပင်လယ်ရေကြောင်းဆိုင်ရာလုံခြုံမှုအားထိန်းသိမ်းစောင့်ရှောက် ရန်နှင့်ပင်လယ်ပြင်တွင်တရားမဝင်ပြုလုပ်ဆောင်ရွက်ခြင်းများအားကာကွယ်တားဆီးရန်ဖြစ်သည်။အဆိုပါ နှစ်နိုင်ငံ ပူး​ပေါင်း ကင်းလှည့်​ဆောင်ရွက်ခြင်းကို ၂၀၁၃ခုနှစ် မတ်လမှ စတင်၍ပြုလုပ်ခဲ့ပြီး ထိုသို့လုပ်​ဆောင်မှု​ကြောင့် ရေတပ်နှစ်ခုကြား ပင်လယ်ရေကြောင်းဆိုင်ရာပူးပေါင်း ဆောင်ရွက်နိုင်စွမ်းများအတွက်အပြန်အလှန်နားလည်မှုမြှင့်တင်ပေးပြီး အတတ်ပညာဆိုင်ရာအပြန်အလှန်အကျိုးပြုမှုတို့ ကိုလည်းမြှင့်တင်ပေးနိုင်ခဲ့​ကြောင်းသိရသည်။
ယခု​ရောက်ရှိလာ​သောအိန္ဒိယနိုင်ငံမှရေတပ်သင်္ဘောများနှင့် မြန်မာနိုင်ငံရေတပ်မှ UMS Bayintnaung နှင့် UMS 564 သင်္ဘော တို့နှင့်အတူ နဝမအကြိမ်မြောက် ပူးပေါင်းကင်းလှည့်ခြင်းအားဆောင်ရွက်ကြမည်ဖြစ်သည့်အပြင် နှစ်နိုင်ငံရှိ ပင်လယ်ရေကြောင်းကင်းလှည့်သည့်လေယာဉ်များဖြင့်အားဖြည့် ဆောင်ရွက်မည်ဖြစ်​ကြောင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံး ထုတ်ပြန်ချက်အရ သိရသည်။
INS Kesari သင်္ဘောသည် Landing Ship Tank အမျိုးအစားဖြစ်ပြီး Commander Mukesh Tayal မှ သင်္ဘောအမှုထမ်း ၁၂၀ကျော်အား ဦးဆောင်လာမည် ဖြစ် ပြီး INS Chetlat သင်္ဘောသည် Fast Attack Craft အမျိုးအစားဖြစ်ပြီး Lt Cdr Ashwin Bhoge မှ သင်္ဘောအမှုထမ်း ၃၀ ကျော် အား ဦးဆောင်လာမည် ဖြစ်သည်။
ရန်ကုန်မြို့တွင်ရောက်ရှိစဉ်ဆောင်ရွက်မည့်အဓိကအစီအစဉ်များတွင် ပူးပေါင်းကင်းလှည့်ခြင်းဖွင့်ပွဲအခန်းအနား၊ ပညာရပ်ဆိုင်ရာအပြန်အလှန်ဆွေးနွေးခြင်းများ၊ ဂါရဝပြုတွေ့ဆုံခြင်းများ၊ အားကစားပြိုင်ပွဲများနှင့်လူမှုရေးဆိုင်ရာ ဆောင်ရွက်ခြင်းများ နှင့်အတူ စိတ်ဝင်စားဖွယ်နေရာများသို့လည်ပတ်ခြင်းများပါဝင်​ကြောင်းသိရသည်။
သီရိနွယ်
ပုံ - Embassy of India Yangon

No comments:

Post a Comment