Labels

Tuesday, November 19, 2019

​ရွှေပြည်သာမြို့နယ်တွင် ​ဖော်​ဆောင်​နေ​သောကျူး​ကျော်များအတွက် အိမ်ရာစီမံကိန်း ဒီဇင်ဘာလကုန်တွင် လူ​နေထိုင်ခွင့်ရရှိမည် - နိုဝင်ဘာ ၁၉ရက်


ရွှေပြည်သာမြို့နယ်တွင် ​ဖော်​ဆောင်​နေ​သောကျူး​ကျော်များအတွက် အိမ်ရာစီမံကိန်း ဒီဇင်ဘာလကုန်တွင် လူ​နေထိုင်ခွင့်ရရှိမည်ဖြစ်​ကြောင်း နို၀င်ဘာ၁၈ရက်ည​နေပိုင်းက ရန်ကုန်တိုင်း​ဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း နှင့် အစိုးရအဖွဲ့ဝင်များ စီမံကိန်း​​ဆောင်ရွက်​နေမှုအ​​​ခြေအ​နေအား သွား​ရောက်ကြည့်ရှုစဥ် ​ပြောကြားချက်များအရ သိရသည်။
အဆိုပါ အိမ်ရာစီမံကိန်းကို Women for the world (ပျိုမေ့အိမ်) အဖွဲ့က ဆောက်လုပ်လျက်ရှိပြီး ဝန်ကြီးချုပ်ကိုယ်တိုင် နေအိမ်များ ဆောက်လုပ်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုခဲ့ပြီး၊ ယင်းနေအိမ်များတွင် နေထိုင်မည့်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီး အစိုးရအနေဖြင့် ကျူးကျော်နေထိုင်သူ ပြည်သူများ၏ အခက်အခဲကို ဖြေရှင်းဆောက်ရွက်ပေးနေသည့် အစီအစဉ်များနှင့် ပြည်သူများကလည်း ညီညီညွတ်ညွတ် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
ယင်းမြို့နယ်တွင် နေအိမ် ၂၆၄ လုံး ဆောက်လုပ်နေကာ ဒီဇင်ဘာလဆန်း၌ တည်ဆောက်ရေးလုပ်ငန်းပြီးစီးကာ နေထိုင်ခွင့် ရရှိထားသူများ ဒီဇင်ဘာလကုန် တွင် နေထိုင်ခွင့်ရရှိမည် ဖြစ်ကြောင်းသိရသည်။
သီရိနွယ်
ဓါတ်ပုံ- YRG

No comments:

Post a Comment