Sunday, November 17, 2019
LUX Yuzu Blossom ရေချိုးဆပ်ပြာရည်အမျိုးအစားအသစ် မိတ်ဆက် - နိုဝင်ဘာ ၁၇
ကမ္ဘာ့နံပါတ်တစ်အမှတ်တံဆိပ်ဖြစ်သောLUX ရေချိုးဆပ်ပြာရည်မှ LUX Yuzu Blossom ရေချိုးဆပ်ပြာရည်ပစ္စည်း အမျိုးအစား အသစ် မိတ်ဆက်ပွဲကို နိုဝင်ဘာ ၁၆ ရက် နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ရှိ Junction City ၌ ကျင်းပခဲ့သည်။
Lux Yuzu Blossom ၏ အဓိကပါဝင်ပစ္စည်းဖြစ်သော ယူဇူး သံပရိုသီးသည် အခြား Citrus အသီးများထက် ဗီတာမင်စီပိုများပြီး အသားအရေကို သဘာဝအတိုင်း ဝင်းလက်တောက်ပစေသည်။ယူဇူးသီးတွင်ပါဝင်သော Antioxidant များသည် ခန္ဓာကိုယ်အရေပြားများကို အမဲစက်များမဖြစ်ပေါ်အောင် တားဆီးပေးကာ ခန္ဓာကိုယ်ရှိ ဆဲလ်အသေများအား ဖယ်ရှားပေးပြီး ဖြူဝင်းလှပသော အသားအရေအား ပေးစွမ်းသည်။ယူဇူးသီးသည် ကိုယ်ခန္ဓာအတွင်း သွေးလည်ပတ်မှုအားလည်း ကောင်းစေသည့်အတွက် အသားအရေ နုပျိုပြီး သဘာဝအတိုင်း တောက်ပစေသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါပွဲသို့ Beauty Blogger နေခြည်ဦး၊သရုပ်ဆောင် ရွှေမှုန်ရတီ၊နာမည်ကြီးမော်ဒယ် သရုပ်များဖြစ်ကြသည့်အွန်ဆိုင်း၊ပက်ထရစ်ရှာနှင့် Music Boy Band တစ်ခုဖြစ်သော Projet K တို့တက်ရောက်ခဲ့ကြောင်း သိရသည်။
သီရိနွယ်(သတင်း၊ဓါတ်ပုံ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment