Thursday, November 7, 2019
မြန်မာ-စင်ကာပူ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာထိပ်သီးတွေ့ဆုံပွဲ ပြုလုပ်မည် - နို၀င်ဘာ ၇ရက်
မြန်မာ-စင်ကာပူ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာထိပ်သီးတွေ့ဆုံပွဲ ၂၀၁၉ (Myanmar-Singapore Business Summit 2019)အခမ်းအနားကို လာမည့် နိုဝင်ဘာ၁၄ရက်တွင် Novotel Yangon Max ဟိုတယ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲသည် ၂၀၁၈ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သော SAM စီးပွားရေးဆိုင်ရာထိပ်သီးတွေ့ဆုံပွဲ၏ နောက်ဆက်တွဲအနေဖြင့် မြန်မာနိုင်ငံမှ စင်ကာပူသံရုံး၏ ကူညီထောက်ပံ့မှုဖြင့် Singapore Association of Myanmar (SAM) နှင့် Singapore Institute of International Affairs (SIIA) တို့မှ စီစဉ်ကျင်းပခြင်းဖြစ်သည်။
ထိပ်သီးတွေ့ဆုံပွဲတွင် ကမ္ဘာ့စီးပွားရေးကဏ္ဍရှေ့လျှောက်အလားများအကြောင်း၊ စင်ကာပူ-မြန်မာ မိတ်ဖက်ပူးပေါင်းရေးအတွက် ရန်ပုံငွေဆိုင်ရာ အစီအစဉ်များ အစရှိသည့် အကြောင်းအရာများကို ဆွေးနွေးမည့် အစီအစဉ်များပါဝင်သည့်အပြင် Global Link Lab ၊ Inc ၊ City Holdings Limited၊ CP Group၊ Singapore Exchange၊ PrimePartners Corporate Finace Ltd၊ PwC Myanmar ၊ OCBC Yangon Branch ၊ Myanma Food for Thought Co. Ltd ၊ Ascent Capital Partners Pte Ltd ၊ UAB Bank နှင့် Kerislite Pte Ltd မှ ဦးဆောင်သူ ခေါင်းဆောင်များက ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။
သီရိနွယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment