Labels

Saturday, November 23, 2019

OMEGA Hair,Beauty & Health ဒုတိယဆိုင်ခွဲ ဖွင့်လှစ် - နိုဝင်ဘာ ၂၃ရက်



OMEGA Hair,Beauty & Health ဒုတိယဆိုင်ခွဲ (အလုံဆိုင်ခွဲ)ဖွင့်လှစ် ခြင်းနှင့် Electro Treatment System နည်းပညာ မိတ်ဆက်ခြင်းအခမ်းအနားကို နို၀င်ဘာလ ၂၁ရက်က ကမ်းနားလမ်း(သစ်​တောမှတ်တိုင်)အနီး အလုံမြို့နယ်တွင် ကျင်းပခဲ့သည်။
Electro Treatment System နည်းပညာ သည်ဂျပန်နိုင်ငံတွင် ၁၉၄၀ခုနှစ် ကတည်းကစတင်အသုံးပြုခဲ့ကြပြီးဂျပန်နိုင်ငံနှင့်တရုတ်နိုင်ငံတို့တွင် နံပါတ် တစ် ​ခေတ်အစားဆုံး Treatment တစ်ခုဖြစ်​ကြောင်း၊ ယခင်ကျန်းမာ​ရေးတွက်သာ အသုံးပြုခဲ့ရာ ယ​နေ့​ခေတ်တွင် ​ခေတ်မီနည်းပညာရပ်များဖြင့် ​ပေါင်းစပ်အသုံးပြု၍ ခန္ဓါကိုယ်အတွင်းရှိ ကြွက်သားများ ​ပျော့​ပြောင်းသွား​စေရန် လျှပ်စစ်ဓါတ်လွှတ်၍ ပြုလုပ်ရ​သော ကုထုံး တစ်ခုဖြစ်ကာ ထိုသို့ပြုလုပ်​ပေးခြင်းဖြင့် မျက်နှာ ၊ဗိုက် ၊ခါး တို့ နှင့် ​ခြေ​ထောင်များရှိ​လျော့တွဲ​နေ​သောကွက်သားများ ပြန်လည်တင်းရင်း လာပြီးအချိန်တိုအတွင်း ငယ်ရွယ်နုပျိုမှုကိုပြန်လည်ရရှိလာမည့် ခန္ဓါကိုယ် ကျန်းမာ​ရေးအပြင် အလှအပအတွက်ပါ ​ပြောင်းလဲအသုံးပြုလာ​ကြောင်းသိရသည်။
​OMEGA ဒုတိယဆိုင်ခွဲဖွင့်လှစ်ခြင်းအ​နေဖြင့် ယခုလကုန်ထိ မည်သည့် ကုထုံးမဆို ၅၀ရာနှုန်း ​စျေး​လျော့​ပေးသွားမည်ဖြစ်သည်။
သီရိနွယ်(သတင်း၊ဓါတ်ပုံ)

No comments:

Post a Comment