Labels

Thursday, November 28, 2019

Wave Money နှင့် FlyMya တို့ ခရီးသွားလာရေးဆိုင်ရာငွေပေးချေမှုများပံ့ပိုးပေးရန် ပူးပေါင်းခြင်း လက်မှတ်​ရေးထိုး - နိုဝင်ဘာ ၂၈ ရက်

မြန်မာနိုင်ငံ၏ မိုဘိုင်းလ်ငွေပေးချေမှုတွင် ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သော Wave Money
နှင့် ပြည်တွင်းခရီးသွားလက်မှတ်များ၊ ခရီးသွားလာရေးဆိုင်ရာဝန်ဆောင်မှုများတွင် ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်သော FlyMya.com သည် လွယ်ကူလျင်မြန်သော ခရီးသွားလာရေးဆိုင်ရာ ငွေပေးချေမှုများပံ့ပိုးပေးနိုင်ရန် နှစ်ဦးနှစ်ဘက်ပူးပေါင်းဆောင်ရွက်မှု အထိမ်းအမှတ်အနေဖြင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲအား ယနေ နေ့လည်ပိုင်းက ရန်ကုန်မြို့ရှိ Sule Shangri-La ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

WavePay အသုံးပြုသူများအနေဖြင့် FlyMya ဝက်ဘ်ဆိုက်မှတဆင့် ပိုမိုမြန်ဆန်၊ လွယ်ကူစွာဖြင့် လေကြောင်းနှင့် ကားလက်မှတ်များ ဝယ်ယူနိုင်သည့်အပြင် ခရီးစဉ်များ၊ လေဆိပ်အကြိုအပို့၊ ကားအငှားဝန်ဆောင်မှုကိုလည်း ရယူနိုင်မည်ဖြစ်သည်။
'' Wave Moneyနဲ့ ပူး​ပေါင်း​ဆောင်ရွက်မှုဟာ မြန်မာတိုင်ငံရဲ့ခရီးသွား ဝန်​ဆောင်မှု ကဏ္ဏမှာ လွယ်ကူ​ချော​မွေ့​စေပြီး​ခေတ်မီတဲ့ဝန်​ဆောင်မှု​ပေါ်​ပေါက်လာ​ရေးအတွက် ​​​ခြေလှမ်းသစ်တစ်ခုပဲ ဖြစ်ပါတယ်"ဟု FlyMya၏ဥက္ကဌဖြစ်သူ ဦးMikeသန်းထွန်းဝင်းမှ ​ပြောကြားခဲ့သည်။

FlyMya သည် ရာနှုန်းပြည့် မြန်မာနိုင်ငံသားပိုင်ဆိုင်ပြီး ခရီးသွားနေရာပေါင်း (၂၀) ကျော်သို့ ပြည်တွင်းလေကြောင်းနှင့် ၊ကားလက်မှတ်များ ကြိုတင်ဝယ်ယူနိုင်ခြင်း၊ ခရီးစဉ်များနှင့် ဗီဇာဝန်ဆောင်မှုများ စသည့် ဝန်ဆောင်မှုများအား တစ်နေရာထဲတွင် ရရှိအောင် လုပ်ဆောင်ပေးသော နည်းပညာအခြေပြု လုပ်ငန်းသစ်တစ်ခုဖြစ်ကာ ၂၀၁၅ ခုနှစ်မှစ၍ စတင်တည်ထောင်ခဲ့ပြီး အပျော်ခရီးစဉ်အဖြစ်သော်လည်းကောင်း၊ အလုပ်ကိစ္စခရီးစဉ်အဖြစ်သော်လည်းကောင်း ခရီးသွားများအတွက် များစွာသော ဝန်ဆောင်မှုများရှိသည့်အပြင် နိုင်ငံတကာခရီးသွားများအကြား မြန်မာနိုင်ငံအား လာရောက်လည်ပတ်ရန်ကောင်းသော နေရာတစ်ခုအဖြစ် ဝိုင်းဝန်းမြှင့်တင်ပေးလျက်ရှိသည်။
Wave Money သည် လွန်ခဲ့သော သုံးနှစ်ခန့်က ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လာခဲ့ပြီး သမာရိုးကျငွေထုတ်ယူမှုများဖြစ်သော ဘဏ်များ၊ ATM စက်များဖြင့် ငွေထုတ်ယူမှုကိုသာလွန်ကာ သုံးစွဲသူပေါင်း ၁၅ သန်းကျော်၊ကိုယ်စားလှယ်ပေါင်း၊၅၄,၀၀၀ ကျော်နှင့် လည်ပတ်လျက်ရှိ​ကြောင်းသိရသည်။
သီရိနွယ်(သတင်း၊ဓါတ်ပုံ)

No comments:

Post a Comment