Labels

Friday, December 6, 2019

Fujifilm Showroom အသစ် Junction City တွင်ဖွင့်လှစ် - ဒီဇင်ဘာ ၆ရက်




Fujifilm Showroom အသစ်ကိုJunction City @ level 4တွင်ယ​နေ့​ နေ့လည်ပိုင်းက ဖွင့်လှစ်ကျင်းပခဲ့သည်။
Fujifilm သည် ယခင် Sule Squareတွင်ဖွင့်လှစ်ခဲ့ရာ ယခု Junction City သို့​ပြောင်း​ရွေ့ဖွင့်လှစ်ခြင်းဖြစ်​ကြောင်းသိရသည်။
ဂျပန်နိုင်ငံအ​ခြေစိုက် Fujifilm သည်မြန်မာနိုင်ငံသို့၂၀၁၃ခုနှစ်မှ စတင်ဝင်​ရောက်ခဲ့ပြီး မြန်မာနိုင်ငံရှိသုံးစွဲသူများကိုအပြည့်အဝ ပံ့ပိုး​ပေးနိုင်ရန် ၂၀၁၇ခုနှစ်တွင် သွင်းကုန်နှင့် လက်ကားဖြန့်ချိ​ရေး ကုမ္ပဏီအဖြစ် သီလဝါအထူးစီးပွား​ရေးဇုံတွင် ထူ​ထောင်ခဲ့သည်။
ယခုFujifilm Showroom အသစ်ကိုJunction City တွင်ဖွင့်လှစ်ခြင်းအ​နေဖြင့် ကင်မရာပစ္စည်းအမျိုးအစားများအလိုက် ၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ယခု ဒီဇင်ဘာ ၆ရက်မှ ၂၀၂၀ ဇန်နဝါရီ ၃၁ရက်နေ့အထိ အထူး​လျော့​စျေးများဖြင့်​ရောင်းချ​ပေးသွားမည်ဖြစ်သည်။
သီရိနွယ်(သတင်း၊ဓါတ်ပုံ)

No comments:

Post a Comment