Labels

Saturday, December 7, 2019

ပထမဆုံးသော ပုဂ္ဂလိက မျက်စိအထူးကုဆေးရုံသစ်ကြီးဖွင့်လှစ် - ဒီဇင်ဘာ ၇ရက်




မြန်မာနိုင်ငံ၏ ပထမဆုံးသော ပုဂ္ဂလိက နိုင်ငံတကာမျက်စိအထူးကုဆေးရုံကြီး ဖြစ်သည့် ဒေသတွင်း မျက်စိနှင့် အမြင်အာရုံကုသရေးဆိုင်ရာ အကောင်းဆုံးဆေးရုံဖြစ်သော International Specialist Eye Center (ISEC) ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ၆ရက်တွင် ရန်ကုန်မြို့ Melia ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။ ISEC Myanmar ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ဝန်ဦးမောင်မောင်စိုး၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
ISEC ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာ Wong Jun Shyan က “ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်ကတော့ ကမ္ဘာ့အဆင့်မီ မျက်စိကျန်းမာရေး ဝန်ဆောင်မှုတွေကို အဆင်ပြေပြေနဲ့ သင့်တင့်မျှတစွာ ပံ့ပိုးပေးနိုင်ဖို့ပါပဲ။ လူတိုင်း လူတိုင်း အတွေ့အကြုံပြည့်ဝတဲ့ အထူးကုတွေနဲ့ မျက်စိကို စစ်ဆေးသင့်ပါတယ်။ မျက်စိရောဂါ (သို့) အမြင်အာရုံချို့တဲ့ နေသူတွေ အခုဆိုရင် ပြည်ပကို သွားစရာလည်းမလိုတော့သလို အရည်အသွေးမီထိရောက်တဲ့ ကုသမှုတွေ ရရှိဖို့ကိုလည်း ပိုက်ဆံအများကြီး ကုန်စရာမလိုတော့ပါဘူး။ ရန်ကုန်မှာ အခုလာဖွင့်ထားတဲ့ ကျွန်တော်တို့ရဲ့ ဆေးရုံက သန်းပေါင်းများစွာ သော မြန်မာပြည်သူတွေရဲ့ အမြင်အာရုံကို ကာကွယ်မြှင့်တင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။
ISEC မြန်မာကို ISEC Healthcare Ltd. (ISEC Healthcare) နှင့် Global Technology Group ၏ လုပ်ငန်းတစ်ခု ဖြစ်သည့် Next Tier International Company Limited တို့က အကျိုးတူ​ဆောင်ရွက်ထားပြီး စင်ကာပူ အခြေစိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစုတစ်ခုဖြစ်ကာ စင်ကာပူ နှင့် မလေးရှားနိုင်ငံရှိ ကွာလာလမ်ပူ ၊ ပီနန် ၊ မလက္ကာတို့တွင် မျက်စိအထူးကုခွဲစိတ်ဆေးရုံများရှိပြီး ယခု မြန်မာနိုင်ငံတွင်လာ​ရောက် ဖွင့်လှစ်ခြင်းဖြစ်သည်။
သီရိနွယ်

No comments:

Post a Comment