Labels

Saturday, December 7, 2019

ဦးသန့်အရေးအခင်း ဖြစ်ပွားမှု ၄၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ပြုလုပ် - ဒီဇင်ဘာ ၇ရက်



ကမ္ဘာ့ ကုလသမ္မဂ အထွေထွေ အတွင်းရေးမှုးချုပ်ဟောင်း ဦ၇းသန့်၏ စျာပန နှင့် ပက်သက်ပြီး ၁၉၇၄ ခုနှစ်က ဖြစ်ပေါ်ခဲ့သည့် ဦးသန့်အရေးအခင်း ဖြစ်ပွားမှု ၄၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ကို ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ် ရှိ ပေါက်စေတီကျောင်းတိုက် တွင် ဒီဇင်ဘာလ ၇ရက် က ပြုလုပ်ခဲ့သည်။အဆိုပါ အထိမ်းအမှတ် အခမ်းအနား ကို ဦးသန့်အရေးအခင်းတွင် ပွဲ၀င်ခဲ့သည့် ကျောင်းသား၊ကျောင်းသ၀ူဟောင်းများ၊နိုင်ငံရေးအကျဉ်းသားများ နှင့် အခြားသမ္မဂအဖွဲ့အစည်းများ နှင့်တတ်ရောက်ခဲ့ ပြီး လာမည့် ဒီဇင်ဘာ ၁၁ရက်တွင်လည်း ရွှေတိဂုံ ဘုရား တောင်ဘက်မုဒ် ရှိ ဦးသန့် ဂူဗိမာန် တွင် လွမ်းသူပန်းခွေချ ရန် အတွက် လုပ်ဆောင်ရန် ရှိကြောင်း သိရသည်။
'' ဒီဇင်ဘာ ၁၁ ရက် မှာ ၇၄ ,၇၅ ,၇၆ ကျောင်းသားဟောင်း တွေ ရဲ့ ရုံးခန်း ရှိတဲ့ ဦးပြည်ကျော် ကျောင်း မှာ လူစုကျမယ် ပြီးရင် ဦးသန့် ဂူဗိမာန် ရွှေတိဂုံ ဘုရား တောင်ဘက်မုဒ် မှာ ပန်းခွေချမယ်၊ပန်းခွေချဖို့ ကိုလည်း ဗဟန်းမြို့နယ် ထွေအုပ်ကို အကြောင်းကြားပေမယ့် ၊အထက်ကို တင်ပြပါ့မယ်ပဲ ပြောတယ်၊ အရင်နှစ်တွေကလည်း ဂူဗိမာန် တံခါး မဖွင့်ပေးတဲ့ အတွက် အပြင်ကပဲ ပန်းခွေချ ကတယ်၊ဂူဗိမာန် ကလည်း သန့်ရှင်းရေး မလုပ်တာကြောင့် ငှက်ချေးတွေနဲ့ ညစ်ပတ်နေတယ်၊ကမ္ဘာ့ ခေါင်းဆောင် တစ်ယောက်ရဲ့ ဂူဗိမာန် ကို အခုလို ထားတာကတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်''ဟု အခမ်းနား ဖြစ်မြောက်ရေးကော်မတီမှ တာ၀န်ရှိသူ ဘိုးတော်ခင်၀င်းက ပြောသည်။
ဦးသန့်အရေးအခင်း အထိမ်းအမှတ် ပွဲ ကို အရေးအခင်းတွင်ပါ၀င်ခဲ့သည့်ကျောင်းသား၊ကျောင်းသူဟာင်းများက စစ်အစိုးရလက်ထက်ကတည်းမှ သိုသိပ်စွာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိအစိုးရလက်ထက်တွင် အခမ်းအနား နှင့် တကွပြုလုပ်လာကြောင်း သိရသည်။
ဟံသာဟိန်း(သတင်း၊ဓါတ်ပုံ)

No comments:

Post a Comment