Labels

Thursday, December 12, 2019

အဆို​တော်လိ​​မ္မော်သီးရဲ့ အသက်ရှင်မယ့်သူ​တေးစီးရီး ဒီဇင်ဘာ ၁၉တွင်ထွက်ရှိမည် - ဒီဇင်ဘာ ၁၃ရက်

အဆို​တော်လိ​​မ္မော်သီးရဲ့ '' အသက်ရှင်မယ့်သူ​"တေးစီးရီးစာနယ်ဇင်း မိတ်ဆက်ပွဲကို ဒီဇင်ဘာလ ၁၂ရက်​နေ့လည်ပိုင်းက ရန်ကုန်မြို့ ​ရှိRadio Bar တွင်ပြုလုပ်ခဲ့ပြီး

ယင်းအ​ခွေကို ဒီဇင်ဘာ ၁၉တွင်ထွက်ရှိမည်
ဖြစ်သည်။ယင်းအ​ခွေတွင် သီချင်း၁၁ ပုဒ်ပါဝင်ပြီး M United မှတစ်နိုင်ငံလုံးသို့ဖြန့်ချီ​ပေးသွားမည်ဖြစ်သည်။

၎င်းအ​ခွေနှင့်ပတ်သက်၍ အဆို​တွေလိ​မ္မော်သီးက
'' လိ​မ္မော်သီးအ​နေနဲ့ ဒီအ​ခွေကို ​လေးနှစ်၊ငါးနှစ်​လောက်ကြာခဲ့တယ်။ကြိုးစားမှုအပိုင်းမှာ​တော့ ဒီအ​ခွေ​လေးကိုအ​ကောင်းဆုံးဖြစ်​အောင် ဆိုထားတယ်​ပေါ့​နော်။အင်ပါယာနဲ့သီးထားတာ​တွေလည်း ပါတယ်။​နောက်ဒီကြားထဲ ​ဒေတာ​တွေ​ပျောက်သွား​သေးတယ် အဲ့တာ​တွေ ပြန်လုပ်ရတာနဲ့​တော်​တော်​လေးကို ဒီအ​ခွေက အချိန်တစ်ခုကြာခဲ့တယ်။အသက်ရှင်မည့်သူ ကကိုသာဒီးလူ ​ရေး​ပေးထားတာပါ။ဘာလို့တိုင်တယ်​ရွေးဖြစ်တာလဲဆို​တော့ သီချင်း​လေးကိုလဲကြိုက်တယ်၊နာမည်​လေးကိုလဲကြိုက်တယ်။အားလုံးနဲ့​ရွေးချယ်လိုက်​တော့ ဒီ​သီချင်း​လေး​ရွေးဖြစ်တာပါ။"ဟု​ပြောကြားခဲ့သည်။
ထို့အပြင် အွန်လိုင်းပလက်​ဖောင်းတွင်လည်း သီချင်းများ ​ရောင်းချသွားမည်ဖြစ်​ကြောင်း သိရသည်။

သီရိနွယ်၊ရှင်ငြိမ်း (သတင်း၊ဓါတ်ပုံ)

No comments:

Post a Comment