Labels

Thursday, October 31, 2019

မြန်မာ့​ရှေ့ဆောင်ဘဏ်မှအသေးစားငွေကြေးလုပ်ငန်း၅ခုကို ကျပ် ၅၇ ဘီလျံထုတ်ချေး - ​နို၀င်ဘာ ၁ရက်



မြန်မာ့​ရှေ့ဆောင်ဘဏ် (MAB) မှအသေးစားငွေကြေးလုပ်ငန်း ၅ခုကို ကျပ် ၅၇ ဘီလျံထုတ်ချေးခဲ့ပြီး​ချေး​ငွေ​ပ​ထောက်ပံ့ခြင်း သ​ဘောတူစာချုပ်ချုပ်ဆိုသည့်အခမ်း အနားကို ​အောက်တိုဘာ၃၀ရက်​နေ့က ရန်ကုန်မြို့ ရှိ Union Financial Center B တွင်ပြုလုပ်ခဲ့သည်။
အသေးစားငွေကြေးလုပ်ငန်း ငါးခုမှာ Fullerton Finance (Myanmar)Co.,ltd၊ Proximity Finance Microfinance Co.,ltd ၊ VisionFund Myanmar Co.,ltd ၊ Early Dawn Microfinance Co.,ltd၊ Pact Global icrofinance Fund တို့ဖြစ်ပြီး အဆိုပါ ကုမ္ပဏီများကို တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ် စသည်ဖြင့် ချေးငွေသက်တမ်း သတ်မှတ်ကာ အတိုးနှုန်း ၂၈% ဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။
"Microfinace ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာရှိတဲ့ အသေးစားလုပ်ငန်းများကို အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်ကနေ ကူညီနိုင်တာကိုတွေ့ရပါတယ်။ အသေးစားလုပ်ငန်းများကလည်း အလုပ်အကိုင်အခွင့်လမ်းဖန်တီးပေးနိုင်တဲ့ အရေးကြီးတဲ့ ကဏ္ဍတစ်ရပ်ကပါရှိနေပါတယ်။ ဒါကြောင့် Microfinance ကုမ္ပဏီတွေကို ချေးငွေထုတ်ချေးခြင်းဖြင့် အသေးစားလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ပေးနိုင်တဲ့ ဘဏ်တစ်ခုဖြစ်ရတဲ့အတွက်လည်း ဝမ်းသာကျေနပ်မိပါတယ်" ဟု မြန်မာ့ရှေ့ဆောင်ဘဏ်၏ Chief Business Officer ဖြစ်သူ ဦးကျော်နီခင်မှပြောကြားခဲ့သည်။
သီရိနွယ်
Photo - MAB

Wednesday, October 30, 2019

အစုရှယ်ယာရှင်များရဲ့ ကန့်ကွက်မှု​ကြောင့် YUPT၏ နှစ်ပတ်လည်အစည်း​ဝေး နှင့် ဒါရိုက်တာ​ရွေးချယ်ပွဲပျက် - ​အောက်တိုဘာ ၃၀

ရန်ကုန်မြို့ပြအများပြည်သူ သယ်ယူပို့​ဆောင်​ရေး အများ နှင့်သက်ဆိုင်​သော ကုမ္ပဏီလီမိတက်(YUPT) ၏ ဒုတိယအကြိမ် နှစ်ပတ်လည်အစည်းအ​​ဝေး နှင့်ဒါရိုက်တာ ​ရွေးချယ်ပွဲကို ​အောက်တိုဘာ၃၀ရက် တွင် Gandamar Grand Ballroom ၌ကျင်းပခဲ့သည်။
ဒါရိုက်တာများကို အစုရှယ်ယာရှင်များ၏ သ​ဘောဆန္ဒမ​ပါဘဲ ​ရွေးချယ်တင်​​မြောက်သည်ဆိုကာ အငြင်းပွားမှုဖြစ်​ပေါ် ခဲ့

သလို အမြတ်​ငွေမ​ပေးသည့်အ​ပေါ်တွင်လည်း အစုရှယ်ယာရှင်များက​မေးခွန်းထုတ်ခဲ့ကြသည်။
ကန့်ကွက်မှုများရှိ​သော​ကြောင့် YUPT၏ နှစ်ပတ်လည်အစည်း​ဝေး နှင့် ဒါရိုက်တာ​ရွေးချယ်ပွဲပျက်ခဲ့ပြီး အစုရှယ်ရာရှင်များ၏တင်ပြချက်ကို တာ၀န်ရှိသူများထံတင်ပြ၍ ဒါရိုက်တာ​ရွေးချယ်ပွဲကိုပြန်လည်ကျင်းပမည် ဖြစ်ကြောင်းသိရသည်။
သီရိနွယ်(သတင်း၊ဓါတ်ပုံ)

Tuesday, October 29, 2019

မြန်မာ-တရုတ်ချစ်ကြည်​ရေး လူငယ်များချက်ပြုတ်ခြင်းအနုပညာ သင်တန်း ၁၅ရက်ကြာဖွင့်လှစ် ​- အောက်တိုဘာ၃၀






မြန်မာ-တရုတ်ချစ်ကြည်​ရေး လူငယ်များချက်ပြုတ်ခြင်းအနုပညာ သင်တန်း ကိုပထမဆုံးအကြိမ်အ​နေဖြင့် ရန်ကုန်မြို့ ​လေး​ထောင့်ကန်လမ်းမကြီးရှိ Myanmar Sports Hotel တွင် ၁၅ရက်ကြာဖွင့်လှစ်သင်ကြား​ပေးသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းကို မြန်မာ-တရုတ် ပူး​ပေါင်းကူညီဆက်ဆံ​ရေးအသင်းမှ ကြီးမှူးကာ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI)၊ မြန်မာနိုင်ငံ စား​သောက်ဆိုင်လုပ်ငန်းရှင်များအသင်း နှင့် တတ်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း တို့မှပုး​ပေါင်း​ဆောင်ရွက်မှုဖြင့် ဖွင့်လှစ်သင်ကြားခြင်းဖြစ်ပြီး သင်တန်းကာလကို ​အောင်တိုဘာ ၂၉ရက်မှ နို၀င်ဘာ ၁၂ရက်​နေ့ထိ အခမဲ့သင်ကြား​ပေးသွားမည်ဖြစ်သည်။
'' သင်တန်းမှာ တရုတ်ကနာမည်ကြီးစာဖိုမှုးကြီး​တွေ ကိုယ်တိုင်လာသင်ကြား​ပေးမှာပါ။သင်ရိုးညွှန်းတန်းစာအုပ်​ကိုလည်း မြန်မာဘာသာပြန်ပြီးသင်တန်းသားအားလံားကို​ပေးသွားမှာပါ။အခုအပတ်စဥ်မှာ အဓိကအ​နေနဲ့ နာမည်ကြီးတရုတ်အစား​သောက်ချက်ပြုတ်နည်း ​တွေ၊အ​နောက်တိုင်းချက်ပြုတ်နည်း​တွေနဲ့ ပင်လယ်စာချက်​ပြုတ်နည်း​တွေ ကိုသင်​ပေးသွားမှာပါ။သင်တန်းပြီးသွားရင်လည်း သင်တန်းသား​တွေအ​နေနဲ့ မြန်နာတိုင်ငံက နာနည်ကြီးစား​သောက်ဆိုင်​တွေမှ အလုပ်ဝင်ရမှာပါ။"ဟု တတ်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံ ရန်ကုန်ကိုယ်စားလှယ်ရုံး တာဝန်ခံ Xia Hui က ​ပြောသည်။
သင်တန်းတွင်UMFCCI မှသင်တန်းသားအ​ယောက်၂၀ ၊မြန်မာနိုင်ငံ စား​သောက်ဆိုင်လုပ်ငန်းရှင်များအသင်း မှ သင်တန်းသားအ​ယောက်၂၀ စုစု​ပေါင်းသင်တနိးသားအ​ယောက်၄၀ ကို​​​ရွေးချယ်ကာ သင်ကြား​ပေးလျက်ရှိ​ကြောင်းသိရသည်။
သီရိနွယ်(သတင်း၊ဓါတ်ပုံ)

Sunday, October 27, 2019

ရန်ကုန်မြို့ နှင့် တရုတ်နိုင်ငံ၊ သယ်ဟုန်သို့ Ruili Airlines မှ လေကြောင်းခရီးစဥ် စတင်ပြေးဆွဲ - ​အောက်တိုဘာ ၂၈



ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ သယ်ဟုန်သို့ တရုတ်လေကြောင်းလိုင်းတစ်ခုဖြစ်သော Ruili လေကြောင်းလိုင်းမှ ပထဆုံးလေကြောင်းခရီးစဥ်ပျံသန်းပြေးဆွဲမှုကိုအောက်တိုဘာ လ ၂၇ရက်တွင်စတင်​ဆောင်ရွက်ခဲ့သည်။
သယ်ဟုန်​ဒေသသည် တရုတ် - မြန်မာ နယ်စပ်ဒေသတစ်ခုဖြစ်ပြီး ဟိနယနဗုဒ္ဓဘုရားကျောင်းဆောင်များ၊ လမ်း တစ်လျှောက် ပေါက်ရောက်နေသော ညောင်ပင်များ၊ ဘုရားပုထိုးများ၊ အပူပိုင်းဒေသ၏ သဘာဝရှုမျှော်ခင်းများနှင့် တိုင်း ရင်းသားမျိုးနွယ်စုများ၏ ယဉ်ကျေးမှုများဖြင့် လူသိများထင်ရှားသည့် ​ဒေသတစ်ခုဖြစ်​ကြောင်း သိရသည်။
ထို့အပြင် ယင်း​ဒေသတွင်နေထိုင်သော Dai လူမျိုးစုသည် မြန်မာ့ယဥ်ကျေးမှုနှင့် ဆက်နွယ်နေကာ ရေကစားပွဲတော်ကို ဧပြီလလယ်ပိုင်းတွင် သုံးရက်မှ လေးရက်ကြာ ကျင်းပဆင်နွှဲလေ့ရှိ​ကြောင်း Ruili Airlines မှ လေကြောင်းမှတာဝန်ရှိသူများ​ပြောကြားချက်အရသိရသည်။
သီရိနွယ်

City Transit YBS မြို့ပတ်ယာဉ်လိုင်းသစ်စတင် ဖွင့်လှစ် - အောက်တိုဘာ ၂၇ ရက်



ရန်ကုန်မြို့ လှည်းကူးမြို့နယ်၊ အမှတ် (၃)လမ်းမကြီး၊ အမှတ် (၅၀၅)၌ ပြုလုပ်သည့် City Transit YBS မြို့ပတ်ယာဉ်လိုင်းသစ်ဖွင့်ပွဲကိုယ​နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကိုယ်တိုင်တက်ရောက်ခဲ့ပြီး လွှတ်တော်ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် တာဝန်ရှိသူများနှင့်အတူ ဖွင့်လှစ်ခဲ့သည်။
YBS မြို့ပတ်ယာဉ်လိုင်းသစ်ကို နိုင်ငံတကာ အဆင့်မီ Public Transportation စနစ်နှင့် ခရီးသွားပြည်သူများ သက်သောင့်သက်သာ သွားလာနိုင်စေရန်အတွက် ဆွီဒင်နိုင်ငံထုတ် Scania Bus များဖြင့် လက်ရှိတွင် ဘတ်စ်ကားစီးရေ (၃၉)စီးကို နံနက် (၅) နာရီမှ ည (၁၁) နာရီအထိ ပြေးဆွဲမည်ဖြစ်​ကြောင်း၊ ခရီးစဉ်အနေဖြင့် အောင်မင်္ဂလာအဝေးပြေးမှ စတင်ပြီး ဝေဇယန္တာလမ်း၊ ပါရမီ၊ သံသုမာလမ်း၊ သုဝဏ္ဏလမ်းဆုံကိုဖြတ်ကာ ဗိုလ်တထောင်ဘုရား၊ သခင်မြပန်းခြံ၊ ဘုရင့်နောင်လမ်းဆုံနှင့် ၈ မိုင်ပန်းခြံကိုဖြတ်ပြီး သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း မြို့ကိုပတ်၍ အောင်မင်္ဂလာ အဝေးပြေးဝင်းတွင် ဂိတ်ပြန်ဆုံးမည်ဖြစ်သည်။
YBS မြို့ပတ်ဘတ်စ်ကားများသည် Control Centerမှ Fleet Management System (FMS)ဖြင့် ထိန်းချုပ်ပေးထား၍ တစ်စီးနှင့်တစ်စီး အကွာအဝေးနှင့် ကြာချိန်ကိုထိန်းသိမ်းနိုင်ခြင်း၊ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းအညီ မောင်းနှင်ခြင်း၊ အရှိန်ကိုထိန်းချုပ်ခြင်း၊ ယာဉ်မောင်းနေစဉ် လက်ကိုဖုန်း အသုံးပြုစရာမလိုဘဲ Communication System ဖြင့် Control Center နှင့် အလွယ်တကူ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သီရိနွယ်

Friday, October 25, 2019

မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ ပညာရှင် ဆရာကြီး ဒေါက်တာဦးထွန်းလွင် ​သေဆုံးသည်ဆိုသည့်သတင်းမှာ​မဟုတ်မမှန်ဖြစ်​နေ - ​အောက်တိုဘာ၂၆


မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ ပညာရှင် ဆရာကြီး ဒေါက်တာဦးထွန်းလွင် ​သေဆုံးသည်ဆိုသည့်သတင်းများ ​​အောက်တိုဘာလ၂၅ရက်မနက်ပိုင်းက လူမူကွန်ယက်​ပေါ်တွင်ထွက်​ပေါ်လာခဲ့ပြီး ယင်းသတင်းမှာ မဟုတ်မမှန်ဖြစ်​နေ​ကြောင်း ဦးထွန်းလွင်၏လူမူစာမျက်နှာ​ဖေ့ဘုတ်​ပေ့နှင့် သူ၏မိသားစု၀င်များ၏ ​ပြောကြားချက်အရသိရသည်။
ထိုသတင်းများထွက်​ပေါ်မှု​ကြောင့် အများပြည်သူထင်မှတ်မှားခြင်းများ မရှိ​စေရန် ယမ​နေ့ည၁၀နာရီခန့်တွင် ဦးထွန်းလွင်ကိုယ်တိုင် ၄င်းလူမှုကွန်ယက်စာမျက်နှာတွင် Live လွင့် စကား​ပြောခဲ့ပြီး၊ ဦးထွန်းလွင်၏သမီးဖြစ်သူ မြတ်ဆုထွန်းလွင်မှလည်း ၄င်း၏လူမှုကွန်ယက် ​ဖေ့ဘုတ်စာမျက်နှာ​ပေါ်တွင် '' စိတ်ပူပေးကြတဲ့သူအားလုံး၊ ဆုတောင်းပေးကြတဲ့သူအားလုံး၊ ကျေးဇူးတင်ပါတယ်။ ဖေဖေသက်သာလာပါပြီ။ ဆုံးတယ်ဆိုတာ ကောလဟာလပါ။" ဟူ၍ ​ရေးသားတင်ခဲ့သည်။
ဦးထွန်းလွင်သည် လက်ရှိတွင် Grand Hantha International ​ဆေးရုံကြီးတွင် ကျန်းမာ​ရေးလိုအပ်ချက်​ကြောင့် ​ဆေးကုသမှုခံယူ​နေလျက်ရှိ​​​သည်။
သီရိနွယ်
ပုံ - ဦးထွန်းလွင် ​ဖေ့ဘုတ်

ဇန်နဝါရီ ၁ ရက်မှစ၍ သက်တမ်းတိုးခြင်းအပါအ၀င် ​မော်​တော်ယာဥ်လုပ်ငန်းများကို ယာဥ်ပိုင်သူ၏မှတ်ပုံတင်မူရင်းမပြနိုင်ပါက အမည်ပေါက်ပြောင်းရမည် - ​အောက်တိုဘာ ၂၅

လာမည့်နှစ် ဇန်နဝါရီ ၁ ရက်မှစ၍ သက်တမ်းတိုးခြင်းအပါအ၀င် ​မော်​တော်ယာဥ်လုပ်ငန်းများကို ယာဥ်ပိုင်သူ၏ မှတ်ပုံတင်မူရင်း မပြနိုင်ပါက အမည်ပေါက်ပြောင်းရမည် ဖြစ်​ကြောင်းကုန်းလမ်းပို့​ဆောင်​ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
''နယ်လိုင်စင်စီး​ကားစီး​နေတဲ့ ကားပိုင်ရှင်​တွေက ရန်ကုန်က မိမိ​နေထိုင်ရာ မြို့နယ် အခွန်ဦးစီးဌာနမှာ အမည်​ပြောင်းခွန်​ဆောင်ပြီး သက်ဆိုင်နယ်​ကညနရုံးမှာ လုပ်ငန်းဆက်လက်​ဆောင် ရွက်ရပါမယ်။ပိုင်ဆိုင်သူ​ ပြောင်းသွားမှာဖြစ်​ပေမယ့် ကားလိုင်စင်ကို​တော့ မူရင်းနယ်အ​နေနဲ့ပဲ ​ခွင့်ပြုမှာပါ။ ''ဟု ကုန်းလမ်းပို့​ဆောင်​ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ....​​ပြောသည်။
သီရိနွယ် (သတင်း/ဓါတ်ပုံ)


Thursday, October 24, 2019

ရန်ကုန်-ဒလ တံတား စီမံကိန်း​ကြောင့် YBSယာဥ်များ လမ်း​ကြောင်း​ပြောင်း​ပြေးဆွဲမည် ​ - အောက်တိုဘာ ၂၄


ရန်ကုန်-ဒလ တံတား စီမံကိန်း၏ဘုန်းကြီးလမ်း ဧရိယာ ( စံပြမှတ်တိုင် ) အား တံတားဆောက်လုပ်ခြင်းလုပ်ငန်း
စတင်မည့် ၂၆ရက်မှစ၍ YBS ယာဥ်လိုင်းများလမ်း​ကြောင်း​ပြောင်း​ပြေးဆွဲမည်ဖြစ်​ကြောင်း YRTAမှသိရသည်။
တံတား တည်ဆောက်ခြင်း ဆောင်ရွက်မူကြောင့် လာမည့် ၂၆ ရက်နေ့ ညနေ ၆ နာရီ မှ စတင်ပြီး ဘုန်းကြီး
လမ်း ဧရိယာ ( စံပြမှတ်တိုင် ) အား တံတားဆောက်လုပ်ခြင်းလုပ်ငန်းပြုလုပ်မည် ဖြစ်သည့်အတွက် YBS 21 , YBS 39 ယာဉ်လိုင်းများအား မူလပြေးဆွဲနေသော
ခရီးစဉ်လမ်းကြောင်းမှအောက်ပါအတိုင်း ပြောင်းလဲပြေးဆွဲမည်ဖြစ်​ကြောင်းpower eleven ကုမ္ပဏီမှ ​​ကြေညာချက်အရ သိရသည်။
အသွားခရီးစဉ် အဖြစ်
ပြည်လမ်း၊ဗိုလ်ချုပ်လမ်း၊ သရက်တော မှတ်တိုင်၊
လမ်းမတော်လမ်း ဆေးရုံကြီး၊ဗန္တုလလမ်း မောင်ခိုင်၊
ရွေတိဂုံဘုရားလမ်း၊အနော်ရထာလမ်း လသာ ( ဂိတ်ဖျား ) မှ အပြန်ခရီးစဉ် အဖြစ် အနော်ရထာလမ်း ( လသာ )၊လမ်းမတော်လမ်း ဆေးရုံကြီး၊ဗိုလ်ချုပ်လမ်း သရက်တော၊ပြည်လမ်း မှ လာရာလမ်းအတိုင်း တို့ဖြစ်သည်။
သီရိနွယ်


Wednesday, October 23, 2019

၁၂အရွယ် ကျောင်းသားလေး ကွန်တင်နာ ကားတိုက်ခံရမှုကြောင့် အလုံမြို့နယ်တွင် လူစုလူဝေး ဖြင့် ကားလမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ - အောက်တိုဘာ၂၃





အလုံ မြို့နယ် စောရန်ပိုင် အနောက်ရပ်ကွက် ကမ်းနားကွန်ကရစ်လမ်း သစ်တောမှတ်တိုင် အနီးတွင် အောက်တိုဘာ ၂၃ရက် နေ့လည် ၂နာရီ ၂၀မိနစ် ခန့်က ယာဉ်မောင်းဖိုးသင်္ကြန် (၂၁)နှစ် မောင်းနှင်လာသည့် ကွန်တင်နာယာဉ်မှာ လမ်းဖြတ်ကူးသည့် ၁၂နှစ် အရွယ် ကျောင်းသား လေးကို တိုက်မိပြီး နေရာ တွင်ပင် သေဆုံး မှု ဖြစ်ပေါ်ခဲ့ရာ ရပ်ကွက်နေပြည်သူများက မကျေနပ် သဖြင့် လူစု လူဝေးဖြင့် ကားလမ်းပိတ်ဆို့ခြင်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သည့် ကျောင်းသားလေးမှာ အထက(၇ )အလုံ တွင်ပညာသင်ကြားနေသူ ဖြစ်ပြီး၊အမှတ် ၂ သစ်စက် မိုးကောင်း သစ်ဆိပ်၀င်း စောရန်ပိုင်အနောက်ရပ်ကွက် တွင် နေထိုင်သူ ဖြစ်ကြောင်း ၊အဆိုပါ ဖြစ်စဉ်နှင့် ပက်သက်ပြီး ရပ်ကွက်ပြည်သူ ၁၀၀ကျော်က ကားလမ်းကိုပိတ်ထားကာ ယင်းကားလမ်းပေါ်တွင် slow down များ ပြုလုပ်ပေးရန်တာင်းဆိုမှု ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
'' သက်ဆိုင်ရာက လာရှင်းပေးတဲ့အတွက် အခု ညနေ ၆နာရီခွဲလောက်မှာအားလုံးပြီးသွားတာ ရပ်ကွက်နေပြည်သူ တွေ တောင်းဆိုတဲ့အချက်တွေကို လည်း လုပ်ဆောင်ပေးမယ်ပြောတယ်။ မနက်ဖြန် ကပြီး အခုအခင်းဖြစ်တဲ့နေရာ လမ်းဖြတ်ကူးသူများတဲ့နေရာ တွေမှာ ယာဉ်ထိန်းတွေထားပေးမယ်လို့ပြောပါတယ်''ဟု ရပ်ကွက်နေပြည်သူကိုနောင်နောင်ကပြောသည်။
လဝန်း (ဓါတ်ပုံ နောင်နောင် fb)

Tuesday, October 22, 2019

ဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ရရန် အလုပ်သမား၂၀၀ကျော် တိုင်းအစိုးရ ရုံး​​ရှေ့တွင်တောင်းဆို ​အောက်တိုဘာ ၂၂





 လှိုင်သာယာမြို့နယ်နှင့်ရွှေပြည်သာမြို့နယ် တို့ ရှိ အထည်ချူပ်စက်ရုံများမှ အလုပ်သမား ၂၀၀ကျော် မှာ အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေမှု များကို တင်ပြ နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချူပ်နှင့်တွေ့ဆုံခွင့်ရရှိရေးကို အောက်တိုဘာ ၂၂ရက် နေ့လည် ၂နာရီ မှ စတင်ကာ တိုင်းဒေသကြီးအစိုးရရုံးဂိတ်ပေါက် ၄ ရှေ့တွင် တောင်းဆိုခဲ့ကြောင်းသိရသည်။
'' အခုက အထည်ချုပ်စက်ရုံ ၁၁ရုံကအလုပ်သမားတွေပါတယ်။အဲ့ထဲက စက်ရုံ ၅ ရုံက လက်ရှိ အလုပ်ရှင်။အလုပ်သမား အငြင်းပွားမှု ဖြစ်နေတာ
သူတို့ရဲ့ဖြစ်စဉ် တွေ အလုပ်သမားအခွင့်အရေးချိူးဖောက်ခံရတာတွေ ကိုလည်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို တင်ပြ ပြီးဖြေရှင်းပေးဖို့ ကို တင်ပြတောင်းဆို ချင်တာပါ''ဟု ယင်းအလုပ်သမားများကိုကူညီဆောင်ရွက် ပေးသည့် Aaction Labour Right မှ မောင်မိုးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိအလုပ်သမားအခွင့်အရေးဆုံးရှုံးမှုများ အလုပ်ရှင်။အလုပ်သမားအငြင်းပွားမှု များနှင့် ပက်သက်ပြီး အလုပ်သမားများက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချူပ်နှင့် တွေ့ဆုံခွင့် တောင်းဆိုမှု မှာမကြာခဏ ဖြစ်ပေါ်လျက်ရှိပြီး ယင်းပြသာနာများကိုအမြန်ဆုံး ဖြေရှင်းသင့်ကြောင်း ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။
ဝန်ကြီးချုပ်နဲ့အလုပ်သမားတွေ တွေ့ဖို့လာပြီးတောင်းဆိုတာ မကြာခဏဖြစ်နေတယ်။ပြီးခဲ့တဲ့နွေရာသီတုန်းက နေ့တိုင်းလိုလိုဖြစ်နေတယ်၊ အင်အားနည်းတာများတာထားတော့ အခုပွင့်လင်းရာသီစပြီဆိုတော့တောက်လျောက်ဒီလိုပြသနာတွေဖြေရှင်းရတော့မယ်၊ ဒီလိုအခြေအနေဖြစ်တာ သိပ်မကောင်းဘူး''ဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက မီဒီယာသမားများကိုပြောသည်။
လဝန်း (သတင်း။ဓါတ်ပုံ)

The Mask Singer ပြိုင်ပွဲကြီးကို နို၀င်ဘာလတွင် ထုတ်လွှင့်ပြသမည် ​အောက်တိုဘာ ၂၂




ကမ္ဘာ​ကျော် The Mask Singerပြိုင်ပွဲကြီးကို မြန်မာနိုင်ငံတွင် Channel ME (MRTV Entertainment) ရုပ်သံလိုင်းမှ ပထမဆုံး အ​နေဖြင့် နို၀င်ဘာလတွင်စတင်ပြသသွားမည် ဖြစ်​ကြောင်း ယ​နေ့ရန်ကုန်မြို့ Novotel Hotel တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းပွဲမှ သိရသည်။
အဆိုပါပြိုင်ပွဲကို Hollywood Thailand Co., Ltd နှင့် Channel ME (MRTV Entertainment) တို့မှ ပူး​ပေါင်းတင်ဆက်ခြင်းဖြစ်သည်။ပထမဦးဆုံး Season 1တွင် မတူညီ​သောနယ်ပယ်အသီးသီးမှ အနုပညာရှင် ၁၈ဦး ပါ၀င်ယှဥ်ပြိုင်မည်ဖြစ်ကာ ပြိုင်ပွဲ၀င်ဆယ်လီများအ​နေဖြင့် ပွဲစဥ်တ​လျှောက်ပြိုင်ပွဲအဆင့်တိုင်းတွင် မျက်နှာဖုံးများဝတ်ဆင်ပြီး မိမိဘယ်သူဆိုသည်ကို ပြိုင်ပွဲအဆုံးထိ လှိူ့ဝှက်ထားရမည်ဖြစ်ကာ ဆယ်လီစုံ​ထောက်များ အ​နေဖြင့် ပြိုင်ပွဲ အစအဆုံးမျက်နှာဖုံး​နောက်ကွယ်မှ ဆယ်လီမည်သူဖြစ်​ကြောင်း စုံစမ်း​ဖော်ထုတ်​ပေးရမည်ဖြစ် သည်။ပြိုင်ပွဲ၀င်များ၏ ယှဥ်ပြိုင်မှုကို မဲ​ပေးစနစ်ဖြင့်​ဆောင်ရွက်သွားမည်ဖြစ်သည်။
ပြိုင်ပွဲတွင် ဆယ်လီစုံ​ထောက်များအ​နေဖြင့် အကယ်ဒမီ ခိုင်သင်းကြည်၊ဟာသသရုပ်​ဆောင် အရိုင်း၊
အဆို​တော် ထွန်းထွန်းနှင့်အဆို​တော် ရတနာမိုင် တို့ကပါ၀င်​ဆောင်ရွက်သွားမည်ဖြစ်ပြီး သရုပ်​ဆောင်ပိုင်​ဇေရဲထွန်းမှ ကို့စ် အဖြစ် ပါ၀င်လုပ်​ဆောင်သွားမည်ဖြစ်သည်။
သီရိနွယ်(သတင်း၊ဓါတ်ပုံ)

Monday, October 21, 2019

စစ်တွေ - ကျောက်ဖြူ တိုက်ရိုက် (ပင်လယ်ပြင်ဖြတ်သန်း)ခရီးစဉ် ပြန်လည် ပြေးဆွဲမည် အောက်တိုဘာ ၂၂




စစ်တွေ - ကျောက်ဖြူ တိုက်ရိုက် (ပင်လယ်ပြင်ဖြတ်သန်း)ခရီးစဉ် ကိုလာမည့်​အောက်တိုဘာ ၂၃ရက်မှ စ၍ပြန်လည် ပြေးဆွဲမည်ဖြစ်​ကြောင်း ပြည်တွင်း​ရေ​ကြောင်းဦးစီးဌာန မှသတင်းရရှိသည်။
ဂျပန်နိုင်ငံမှအသစ်ရောက်ရှိလာသောကစ္ဆပနဒီ ၃ ရေယာဉ်ဖြင့်စစ်တွေကျောက်ဖြူတိုက်ရိုက်
(ပင်လယ်ပြင်ဖြတ်သန်း)ခရီးစဉ်အား ၂၀၁၉ ဧပြီလ ၅ ရက်မှ စတင် ပြေးဆွဲ‌ခဲ့ပြီး မိုးတွင်းကာလ၌ ယာယီရပ်နားခဲ့ကြောင်း၊ ယခုအခါပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် စစ်တွေကျောက်ဖြူ တိုက်ရိုက်(ပင်လယ်ပြင်ဖြတ်သန်း)ခရီးစဉ်အား အပတ်စဥ် ဗုဒ္ဓဟူး​နေ့တိုင်း ​ေြပးဆွဲ​ပေးသွားမည် ဖြစ်​ကြောင်းသိရသည်။
ကစ္ဆပနဒီ၃ ​ရေယာဥ်သည် စစ်တွေမှကျောက်ဖြူသို့ဗုဒ္ဓဟူးနေ့တွင်ထွက်ခွါပြီး၊ကြာသပတေးနေ့တွင်ကျောက်ဖြူမှစစ်တွေသို.ပြန်လည်ထွက်ခွါမည်ဖြစ်သည်။ ထို့အပြင် စစ်တွေ - မြေပုံ - ကျောက်ဖြူခရီးစဉ်အ​နေဖြင့် ကစ္ဆပနဒီ ၁ ရေယာဉ်ဖြင့်အပတ်စဉ်သောကြာနေ့တိုင်းပုံမှန်ပြေးဆွဲလျက်ရှိ​ကြောင်းသိရသည်။
သီရိနွယ်
ပုံ-ပို့​ဆောင်​ရေး

ဒူဘိုင်းမြို့တွင် ကျင်းပမည့်ကမ္ဘာ့အဆင့် စက်ရုပ်အိုလံပစ်ပြိုင်ပွဲFIRST Global Robotics Olympics 2019 ပြိုင်ပွဲကြီးသို့ သွားရောက်ယှဉ်ပြိုင်မည်



အောက်တိုဘာ ၂၁
ယူ​အေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် ကျင်းပမည့်ကမ္ဘာ့အဆင့် စက်ရုပ်အိုလံပစ်ပြိုင်ပွဲ FIRST Global Robotics Olympics 2019 ပြိုင်ပွဲကြီးသို့ မြန်မာနိုင်ငံမှ သွားရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
USAID နှင့် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန၊ ပါမောက္ခချုပ်များကော်မတီတို့၏ ပံ့ပိုးပေးမှုဖြင့် Myanmar RoboLeague 2019 စက်ရုပ်ပြိုင်ပွဲကြီးကို ဇွန်လ ၁ရက်နေ့က သိမ်ဖြူလက်ဝှေ့ကွင်း၌ကျင်းပ
ခဲ့ရာလျှောက်ထားသူပေါင်း ၇၃၇ ဦး ပြည်နယ်နှင့်တိုင်း ၁၄ခုကိုယ်စားပြုအသင်းများအနက်မှ အနိုင်ရရှိခဲ့သည့် အသင်းက ကမ္ဘာ့အဆင့် စက်ရုပ်အိုလံပစ်ပြိုင်ပွဲ သို့အောက်တိုဘာ ၂၃ မှ ၂၇ အထိ သွား​ရောက်ယှဥ်ပြိုင်မည်ဖြစ်သည်။
ပြိုင်ပွဲတွင်ကိုယ်တိုင် ပရိုဂရမ်ရေးဆွဲ တည်ဆောက်ထားသော စက်ရုပ်ဖြင့် ပြိုင်ပွဲ၀င်နိုင်ငံပေါင်း ၂၀၀​ကျော်မှ
တခြားသောပြိုင်ပွဲဝင်များနှင့် ထိပ်တိုက်တွေ့ဆုံ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ယခုနှစ်တွင် Ocean Opportunities အမည်ရ ခေါင်းစဥ် နှင့် ကမ္ဘာ့သမုဒ္ဒရာ သယံဇာတ ညစ်ညမ်းမှုနှင့် ကမ္ဘာတစ်ဝှမ်းတွင် အမှန်တကယ်ကြုံတွေ့နေရသော စိန်ခေါ်မှုတစ်ရပ်ဖြစ်သည့် ပင်လယ်သမုဒ္ဒရာသန့်ရှင်းရေး လုပ်ဆောင်မှုအား သရုပ်ပြယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံအနေနှင့် ယခုကဲ့သို့ FIRST Global Robotics Challenge စက်ရုပ်ပြိုင်ပွဲကြီးတွင် သွားရောက်ယှဉ်ပြိုင်ခဲ့သည်မှာ ပထမဆုံးအကြိမ် မဟုတ်ဘဲ ဖန်တီးရာအနေနှင့် ပြီးခဲ့သည့် နှစ်နှစ်တွင်လည်း မြန်မာကျောင်းသားကျောင်းသူများ FIRST Global Challenge ပြိုင်ပွဲကြီးတွင် ပါဝင်ရန် အင်တိုက် အားတိုက် တာဝန်ယူစီစဉ်ပေးခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီတွင်ကျင်းပပြုလုပ်ခဲ့သည့် FIRST Global Challenge ပြိုင်ပွဲကြီးတွင် ဖန်တီးရာ Makerspace မှ ပံ့ပိုးပေးခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြုအသင်းမှ နိုင်ငံပေါင်း (၁၅၇) နိုင်ငံတွင် အဆင့် (၆) ရရှိခဲ့ပြီး အာရှတွင် အဆင့် (၁) ရရှိခဲ့​​ကြောင်းသိရသည်။
သီရိနွယ်
ပုံ-ဖန်တီးရာ

Sunday, October 20, 2019

Appeton မှ ဆယ်​ကျော်သက်အမျိုးသမီးငယ်များအတွက် အထူးသီးသန့်ဆေး Essentials Ms Teen မိတ်ဆက်

အောက်တိုဘာ ၂၀
Appeton မှ ဆယ်​ကျော်သက်အမျိုးသမီးငယ်များအတွက် အထူးသီးသန့်ထုတ်လုပ်ထားသည့် Appeton Essentials Ms Teen ​ဆေးသစ် မိတ်ဆက်ခြင်းအခမ်းအနားကို ​အောက်တိုဘာ၁၉ ရက်ကရန်ကုန်မြို့ Junction City Promotion Area တွင်ပြုလုပ်ခဲ့သည်။
Essentials Ms Teen ​ဆေးသစ် အပျို​ဖော်ဝင်ကာစ အသက် ၁၁နှစ်မှ ၁၉နှစ်အထိသာ ​သောက်သုံး နိုင်ပြီးဓမတာလာစဥ်ကိုက်ခဲသူများ၊ ​​သွေးအားနည်းသူများ အဓိက​သောက်သုံးသင့်သည်။ယင်းအခမ်းအနားတွင် K pop dancerအဖွဲ့ Project K နှင့်အတူ ​ရေပန်းစား​နေ​သော Catwalk King Sinon တို့က တတ်​ရောက် ​ဖျော်​​ဖြေခဲ့သည်။
သီရိနွယ် (သတင်း/ဓါတ်ပုံ)



Saturday, October 19, 2019

မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရေးအသင်း ရန်ကုန်တိုင်းဒေသကြီး ရုံးခန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

အောက်တိုဘာ ၂၀

မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း ရန်ကုန်တိုင်းဒေသကြီး ရုံးခန်းဖွင့်ပွဲကို ယနေ့နေ့လယ် ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ၁၂ ရပ်ကွက် ရတနာလမ်း အမှတ် ၄၂၁ ၊ပထမထပ်ရှိ အသင်းရုံးခန်းတည်ရှိရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်း ဗဟို ဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်း ၊ ဒုဥက္ကဋ္ဌ ( ၁) ဒေါ်သန်းမြင့်အောင် ၊ ဗဟိုအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာမြသီတာ ၊ အသင်းဖြစ်မြောက်ရေးကော်မတီဝင် ဒေါ်ခင်မိမိကြွယ် ၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဒေါက်တာ ယုဇနစောမြင့် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးအသင်းရုံးခန်းကို စက်ခလုပ်နှိပ်၍ တာဝန်ရှိ လူကြီးများက ဖွင့်လှစ်ပေးခဲ့ကြပါသည်။
ထို့နောက် အသင်း ဗဟို ဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်း က တိုင်းရုံးခန်းအတွကိ အသင်းအလံကိုပေးအပ်ခဲ့ပြီး ရုံးခန်း ဖွင့်ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။

သတင်း/ဓာတ်ပုံ-မောင်ရန်နောင်





နှင်းဆီလှေ အငြိမ့်ပွဲမှရရှိသည့် ဝင်ငွေအနက် ကျပ် သိန်း ၅၀၀အား သဘာဝဘေးဒဏ်ခံစားရသော ဒေသများ ပြန်လည်ထူထောင်ရေးအတွက်လှူဒါန်း

 အောက်တိုဘာလ၁၉ရက်

    နာမည်​ကျော်အနုပညာရှင်များ ဖြစ်​သော နေတိုး၊ ကျော်ကျော်ဗို၊ ရဲလေး၊ ထွန်းထွန်း နဲ့ မင်းမော်ကွန်းတို့ ပါဝင်ကပြခဲ့ကြသည့် နှင်းဆီလှေ အငြိမ့်ပွဲမှ ရရှိခဲ့သည့် ဝင်ငွေများအနက် ငွေကျပ် သိန်း ၅၀၀ ​ကျော်ကို သဘာဝဘေးဒဏ်ခံစားရသော ဒေသများ ပြန်လည်ထူထောင်ရေးအတွက်လှူဒါန်းလိုက်​​ကြောင်းသိရသည်။
      ဒါရိုက်တာ မောင်မျိုးမင်း ရင်တွင်းဖြစ် ဦးဆောင်တဲ့ (နှင်းဆီရင်ခွင်) လူမှုကူညီရေးဖောင်ဒေးရှင်းအ​နေဖြစ် သဘာဝဘေးဒဏ် ခံစားရသော ဒေသများ ပြန်လည် ထူထောင်ရေးအတွက်အလှူငွေသိန်း(၅၀၀) နှင့်စားသောက် ကုန် (၁၅)မျိုးအပါအဝင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လှုဒါန်းခဲ့သည်။
​သီရိနွယ်
ပုံ- ​နေတိုး​ပေ့စ်

Sunday, October 13, 2019

အောင်လအန်ဆန် Light Heavy Weight ခါးပတ်ကာကွယ်ပွဲ တွင်ဒုတိယအချီ၌အနိုင်ရရှိ





အောက်တိုဘာ ၁၃ရက်
အောင်လအန်ဆန်၏ Light Heavy Weight ခါးပတ်ကာကွယ်ပွဲ တွင်ဒုတိယအချီ၌ပင်အနိုင်ထိုးသတ်နိုင်ခဲ့သည်။
အဆိုပါပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပခဲ့ပြီး
One Championship ၏ ဝိတ်တန်းအကြီးဆုံး Heavy Weight ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ရရှိထားသော ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီယာက ဝိတ်တန်းတစ်ဆင့်လျော့ ၍ အောင်လအန်ဆန်၏ Light Heavy Weight ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို စိန်ခေါ် ထိုးသတ်ခဲ့ခြင်း ဖြစ်ကာအောင်လအန်ဆန်က အကောင်းဆုံး ကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုပွဲစဉ်တွင် အောင်လအန်ဆန်က ပွဲချိန်တစ်လျောက်လုံးဖိ၍ လိုက်ထိုးနိုင်ခဲ့ကာ ဒုတိယအချီ ၃မိနစ်နှင့် ၁၄စက္ကန့်၌အနိုင်ရရှိခဲ့ကာ ယင်းLight Heavy Weight ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလက ဘရာဇီးဖိုက်တာ မက်ချာဒိုအား အလဲထိုးအနိုင်ယူ၍ ရရှိခဲ့ခြင်းဖြစ်သည်။
သီရိနွယ်

Friday, October 11, 2019

အောင်လအန်ဆိုင်း၏ Light Heavy Weight ခါးပတ်ကာကွယ်ပွဲကို အောင်တိုဘာ၁၃ရက်တွင် ကျင်းပမည်


အောက်တိုဘာ၊၁၂

ဂျပန်နိုင်ငံတွင်ကျင်းပမည့် One Championship​၏ Centuryပြိုင်ပွဲတွင် အောင်လအန်ဆိုင်း၏ Light Heavy Weight ခါးပတ်ကာကွယ်ပွဲပါဝင်ပြီး အောက်တိုဘာလ ၁၃ရက်တွင် စိန်ခေါ်သူ ဘရန်ဒါနှင့်ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။
ထို Century ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုကစားသမားအနေဖြင့်အောင်လအန်ဆိုင်းနှင့် ဖိုးသော်တို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။
ပြိုင်ပွဲ ပွဲစဉ်များကို အောက်တိုဘာ ၁၃ရက်နေ့၊ နေ့လည် ၂နာရီ၃၀မိနစ်တွင် Skynet Sports 3 တွင်လည်းကောင်း၊ ညနေ ၅နာရီတွင် MRTV ၊MRTV Entertainment channel မှလည်းကောင်း ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။