Labels

Saturday, October 19, 2019

မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရေးအသင်း ရန်ကုန်တိုင်းဒေသကြီး ရုံးခန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

အောက်တိုဘာ ၂၀

မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း ရန်ကုန်တိုင်းဒေသကြီး ရုံးခန်းဖွင့်ပွဲကို ယနေ့နေ့လယ် ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ၁၂ ရပ်ကွက် ရတနာလမ်း အမှတ် ၄၂၁ ၊ပထမထပ်ရှိ အသင်းရုံးခန်းတည်ရှိရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်း ဗဟို ဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်း ၊ ဒုဥက္ကဋ္ဌ ( ၁) ဒေါ်သန်းမြင့်အောင် ၊ ဗဟိုအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာမြသီတာ ၊ အသင်းဖြစ်မြောက်ရေးကော်မတီဝင် ဒေါ်ခင်မိမိကြွယ် ၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဒေါက်တာ ယုဇနစောမြင့် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးအသင်းရုံးခန်းကို စက်ခလုပ်နှိပ်၍ တာဝန်ရှိ လူကြီးများက ဖွင့်လှစ်ပေးခဲ့ကြပါသည်။
ထို့နောက် အသင်း ဗဟို ဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်း က တိုင်းရုံးခန်းအတွကိ အသင်းအလံကိုပေးအပ်ခဲ့ပြီး ရုံးခန်း ဖွင့်ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။

သတင်း/ဓာတ်ပုံ-မောင်ရန်နောင်





No comments:

Post a Comment