Labels

Monday, October 7, 2019

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ခွေးရူးပြန်ရောဂါကာကွယ်ဆေး အလုံးရေ တစ်သောင်းလွှဲပြောင်းပေးအပ်

အိန္ဒိယနိုင်ငံသံရုံး ဒုတိယအကြီးအကဲ Dr Sumit Seth သည် မြန်မာနိုင်ငံအစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်းထံသို့ ခွေးရူးပြန်ရောဂါကာကွယ်ဆေးအလုံးရေ ၁၀၀၀၀ အား အောက်တိုဘာလ ၇ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။
ယခုကဲ့သို့လှူဒါန်းရခြင်းမှာမြန်မာနိုင်ငံအစိုးရ၏ခွေးရူးပြန်ရောဂါတိုက်ဖျက်ရေးဆောင်ရွက်ချက်အားကူညီပေးရန်နှင့်အိန္ဒိယနိုင်ငံ၏ဆေးဝါးလုပ်ငန်းသည်အရည်အသွေးမြင့်ကာကွယ်ဆေးများအားသင့်တင့်သောဈေးနှုန်းဖြင့်ထုတ်လုပ်နိုင်မှုကိုပြသလိုခြင်းဖြစ်ကြောင်းသိရသည်။
သီရိနွယ်


No comments:

Post a Comment