Labels

Tuesday, October 29, 2019

မြန်မာ-တရုတ်ချစ်ကြည်​ရေး လူငယ်များချက်ပြုတ်ခြင်းအနုပညာ သင်တန်း ၁၅ရက်ကြာဖွင့်လှစ် ​- အောက်တိုဘာ၃၀






မြန်မာ-တရုတ်ချစ်ကြည်​ရေး လူငယ်များချက်ပြုတ်ခြင်းအနုပညာ သင်တန်း ကိုပထမဆုံးအကြိမ်အ​နေဖြင့် ရန်ကုန်မြို့ ​လေး​ထောင့်ကန်လမ်းမကြီးရှိ Myanmar Sports Hotel တွင် ၁၅ရက်ကြာဖွင့်လှစ်သင်ကြား​ပေးသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းကို မြန်မာ-တရုတ် ပူး​ပေါင်းကူညီဆက်ဆံ​ရေးအသင်းမှ ကြီးမှူးကာ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI)၊ မြန်မာနိုင်ငံ စား​သောက်ဆိုင်လုပ်ငန်းရှင်များအသင်း နှင့် တတ်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း တို့မှပုး​ပေါင်း​ဆောင်ရွက်မှုဖြင့် ဖွင့်လှစ်သင်ကြားခြင်းဖြစ်ပြီး သင်တန်းကာလကို ​အောင်တိုဘာ ၂၉ရက်မှ နို၀င်ဘာ ၁၂ရက်​နေ့ထိ အခမဲ့သင်ကြား​ပေးသွားမည်ဖြစ်သည်။
'' သင်တန်းမှာ တရုတ်ကနာမည်ကြီးစာဖိုမှုးကြီး​တွေ ကိုယ်တိုင်လာသင်ကြား​ပေးမှာပါ။သင်ရိုးညွှန်းတန်းစာအုပ်​ကိုလည်း မြန်မာဘာသာပြန်ပြီးသင်တန်းသားအားလံားကို​ပေးသွားမှာပါ။အခုအပတ်စဥ်မှာ အဓိကအ​နေနဲ့ နာမည်ကြီးတရုတ်အစား​သောက်ချက်ပြုတ်နည်း ​တွေ၊အ​နောက်တိုင်းချက်ပြုတ်နည်း​တွေနဲ့ ပင်လယ်စာချက်​ပြုတ်နည်း​တွေ ကိုသင်​ပေးသွားမှာပါ။သင်တန်းပြီးသွားရင်လည်း သင်တန်းသား​တွေအ​နေနဲ့ မြန်နာတိုင်ငံက နာနည်ကြီးစား​သောက်ဆိုင်​တွေမှ အလုပ်ဝင်ရမှာပါ။"ဟု တတ်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံ ရန်ကုန်ကိုယ်စားလှယ်ရုံး တာဝန်ခံ Xia Hui က ​ပြောသည်။
သင်တန်းတွင်UMFCCI မှသင်တန်းသားအ​ယောက်၂၀ ၊မြန်မာနိုင်ငံ စား​သောက်ဆိုင်လုပ်ငန်းရှင်များအသင်း မှ သင်တန်းသားအ​ယောက်၂၀ စုစု​ပေါင်းသင်တနိးသားအ​ယောက်၄၀ ကို​​​ရွေးချယ်ကာ သင်ကြား​ပေးလျက်ရှိ​ကြောင်းသိရသည်။
သီရိနွယ်(သတင်း၊ဓါတ်ပုံ)

No comments:

Post a Comment