Labels

Thursday, October 24, 2019

ရန်ကုန်-ဒလ တံတား စီမံကိန်း​ကြောင့် YBSယာဥ်များ လမ်း​ကြောင်း​ပြောင်း​ပြေးဆွဲမည် ​ - အောက်တိုဘာ ၂၄


ရန်ကုန်-ဒလ တံတား စီမံကိန်း၏ဘုန်းကြီးလမ်း ဧရိယာ ( စံပြမှတ်တိုင် ) အား တံတားဆောက်လုပ်ခြင်းလုပ်ငန်း
စတင်မည့် ၂၆ရက်မှစ၍ YBS ယာဥ်လိုင်းများလမ်း​ကြောင်း​ပြောင်း​ပြေးဆွဲမည်ဖြစ်​ကြောင်း YRTAမှသိရသည်။
တံတား တည်ဆောက်ခြင်း ဆောင်ရွက်မူကြောင့် လာမည့် ၂၆ ရက်နေ့ ညနေ ၆ နာရီ မှ စတင်ပြီး ဘုန်းကြီး
လမ်း ဧရိယာ ( စံပြမှတ်တိုင် ) အား တံတားဆောက်လုပ်ခြင်းလုပ်ငန်းပြုလုပ်မည် ဖြစ်သည့်အတွက် YBS 21 , YBS 39 ယာဉ်လိုင်းများအား မူလပြေးဆွဲနေသော
ခရီးစဉ်လမ်းကြောင်းမှအောက်ပါအတိုင်း ပြောင်းလဲပြေးဆွဲမည်ဖြစ်​ကြောင်းpower eleven ကုမ္ပဏီမှ ​​ကြေညာချက်အရ သိရသည်။
အသွားခရီးစဉ် အဖြစ်
ပြည်လမ်း၊ဗိုလ်ချုပ်လမ်း၊ သရက်တော မှတ်တိုင်၊
လမ်းမတော်လမ်း ဆေးရုံကြီး၊ဗန္တုလလမ်း မောင်ခိုင်၊
ရွေတိဂုံဘုရားလမ်း၊အနော်ရထာလမ်း လသာ ( ဂိတ်ဖျား ) မှ အပြန်ခရီးစဉ် အဖြစ် အနော်ရထာလမ်း ( လသာ )၊လမ်းမတော်လမ်း ဆေးရုံကြီး၊ဗိုလ်ချုပ်လမ်း သရက်တော၊ပြည်လမ်း မှ လာရာလမ်းအတိုင်း တို့ဖြစ်သည်။
သီရိနွယ်


No comments:

Post a Comment