Sunday, October 27, 2019
ရန်ကုန်မြို့ နှင့် တရုတ်နိုင်ငံ၊ သယ်ဟုန်သို့ Ruili Airlines မှ လေကြောင်းခရီးစဥ် စတင်ပြေးဆွဲ - အောက်တိုဘာ ၂၈
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ သယ်ဟုန်သို့ တရုတ်လေကြောင်းလိုင်းတစ်ခုဖြစ်သော Ruili လေကြောင်းလိုင်းမှ ပထဆုံးလေကြောင်းခရီးစဥ်ပျံသန်းပြေးဆွဲမှုကိုအောက်တိုဘာ လ ၂၇ရက်တွင်စတင်ဆောင်ရွက်ခဲ့သည်။
သယ်ဟုန်ဒေသသည် တရုတ် - မြန်မာ နယ်စပ်ဒေသတစ်ခုဖြစ်ပြီး ဟိနယနဗုဒ္ဓဘုရားကျောင်းဆောင်များ၊ လမ်း တစ်လျှောက် ပေါက်ရောက်နေသော ညောင်ပင်များ၊ ဘုရားပုထိုးများ၊ အပူပိုင်းဒေသ၏ သဘာဝရှုမျှော်ခင်းများနှင့် တိုင်း ရင်းသားမျိုးနွယ်စုများ၏ ယဉ်ကျေးမှုများဖြင့် လူသိများထင်ရှားသည့် ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယင်းဒေသတွင်နေထိုင်သော Dai လူမျိုးစုသည် မြန်မာ့ယဥ်ကျေးမှုနှင့် ဆက်နွယ်နေကာ ရေကစားပွဲတော်ကို ဧပြီလလယ်ပိုင်းတွင် သုံးရက်မှ လေးရက်ကြာ ကျင်းပဆင်နွှဲလေ့ရှိကြောင်း Ruili Airlines မှ လေကြောင်းမှတာဝန်ရှိသူများပြောကြားချက်အရသိရသည်။
သီရိနွယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment