Tuesday, October 22, 2019
The Mask Singer ပြိုင်ပွဲကြီးကို နို၀င်ဘာလတွင် ထုတ်လွှင့်ပြသမည် အောက်တိုဘာ ၂၂
ကမ္ဘာကျော် The Mask Singerပြိုင်ပွဲကြီးကို မြန်မာနိုင်ငံတွင် Channel ME (MRTV Entertainment) ရုပ်သံလိုင်းမှ ပထမဆုံး အနေဖြင့် နို၀င်ဘာလတွင်စတင်ပြသသွားမည် ဖြစ်ကြောင်း ယနေ့ရန်ကုန်မြို့ Novotel Hotel တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းပွဲမှ သိရသည်။
အဆိုပါပြိုင်ပွဲကို Hollywood Thailand Co., Ltd နှင့် Channel ME (MRTV Entertainment) တို့မှ ပူးပေါင်းတင်ဆက်ခြင်းဖြစ်သည်။ပထမဦးဆုံး Season 1တွင် မတူညီသောနယ်ပယ်အသီးသီးမှ အနုပညာရှင် ၁၈ဦး ပါ၀င်ယှဥ်ပြိုင်မည်ဖြစ်ကာ ပြိုင်ပွဲ၀င်ဆယ်လီများအနေဖြင့် ပွဲစဥ်တလျှောက်ပြိုင်ပွဲအဆင့်တိုင်းတွင် မျက်နှာဖုံးများဝတ်ဆင်ပြီး မိမိဘယ်သူဆိုသည်ကို ပြိုင်ပွဲအဆုံးထိ လှိူ့ဝှက်ထားရမည်ဖြစ်ကာ ဆယ်လီစုံထောက်များ အနေဖြင့် ပြိုင်ပွဲ အစအဆုံးမျက်နှာဖုံးနောက်ကွယ်မှ ဆယ်လီမည်သူဖြစ်ကြောင်း စုံစမ်းဖော်ထုတ်ပေးရမည်ဖြစ် သည်။ပြိုင်ပွဲ၀င်များ၏ ယှဥ်ပြိုင်မှုကို မဲပေးစနစ်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်သည်။
ပြိုင်ပွဲတွင် ဆယ်လီစုံထောက်များအနေဖြင့် အကယ်ဒမီ ခိုင်သင်းကြည်၊ဟာသသရုပ်ဆောင် အရိုင်း၊
အဆိုတော် ထွန်းထွန်းနှင့်အဆိုတော် ရတနာမိုင် တို့ကပါ၀င်ဆောင်ရွက်သွားမည်ဖြစ်ပြီး သရုပ်ဆောင်ပိုင်ဇေရဲထွန်းမှ ကို့စ် အဖြစ် ပါ၀င်လုပ်ဆောင်သွားမည်ဖြစ်သည်။
သီရိနွယ်(သတင်း၊ဓါတ်ပုံ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment