Labels

Thursday, January 2, 2020

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၃)မျိုး ရောင်းချမည် - ဇန်နဝါရီ ၃ရက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ(၇၂)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အ​နေဖြင့် ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၃)မျိုးအား ​ရောင်းချ​ပေးသွားမည်ဖြစ်​ကြောင်းသတင်းရရှိသည်။

အဆိုပါတံဆိပ်​​ခေါင်းများကိုနေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့တော်စာတိုက်ကြီးများတွင် ရောင်းချ ပေးသွားမည်ဖြစ်သည်။
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ဇန်နဝါရီ (၄)ရက်တွင် ဝယ်ယူသောစာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည် ဖြစ်ကြောင်း သိရသည်။
သီရိနွယ်


No comments:

Post a Comment