Labels

Friday, January 24, 2020

ဝူဟန်မြို့ မှ ရန်ကုန်နှင့် မန္တလေးသို့ ပျံသန်းပြေးဆွဲနေသည့် CHINA EASTERN လေကြောင်းလိုင်း ဖေဖေါ်ဝါရီလ ၂၉ရက်အထိ ရပ်နားမည် - ဇန်နဝါရီ ၂၅ ရက်

တရုတ်နိုင်ငံ Wuhan (ဝူဟန်) မြို့ မှ ရန်ကုန် နှင့် မန္တလေးသို့ ပျံသန်းပြေးဆွဲနေသည့် CHINA EASTERN လေကြောင်းလိုင်းအား ဇန်နဝါရိလ ၂၄ ရက်မှ ဖေဖေါ်ဝါရီလ ၂၉ ရက်ထိ ယာယီရပ်နားသည့် အကြောင်းကြားစာပေးပို့လာကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဝူဟန်မြို့၌ ကူးစက်ရောဂါအမျိုးအစားတစ်ခု စတင်ဖြစ်ပွားခဲ့​ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှအဆိုပါရောဂါနှင့်ပတ်သက်၍စောင့်ကြပ်ကြည့်ရှုစစ်ဆေးသွားရန် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး​နောက် တရုတ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှ လည်း ဇန်နဝါရီ၇ရက်တွင် ယခင်ဖြစ်ပွားခဲ့ဖူးသည့် SARs ရောဂါ၊ MERs ရောဂါများနှင့် မျိုးနွယ်တူညီသည့် Novel Corona Virus ရောဂါပိုးအသစ်တွေ့ရှိကြောင်း ကြေညာခဲ့သည်။
ထိုသို့​ကြေငြာခဲ့ပြီး​နောက် ဝူဟန်မြို့တွင်ကူးစက်​ရောဂါကို ထိန်းချုပ်​ဆောင်ရွက်နိုင်ရန်ကြိုးစား​နေခြင်းနှင့်အတူ ဝူဟန်မြို့အတွင်း​နေထိုင်သူများ တခြား​ဒေသများသို့သွားလာခွင့်များ​​ခေတ္တပိတ်ထားသလို ဝူဟန်မြို့သို့လည်း ဝင်ခွင့်ပိတ်ထား​ကြောင်း ၊ယခု ဝူဟန်မြို့နှင့်ဆက်စပ်​နေသည့်​လေ​ကြောင်းအားလုံးကိုပါ​​ခေတ္တ ခဏ ပိတ်ထားလိုက်ပြီဖြစ်​ကြောင်းသိရသည်။
ထို့အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်လည်း Novel Corona Virus ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ ဝူဟန်မြို့မှ လာရောက်သောလေယာဉ်များအပါအဝင် တရုတ်နိုင်ငံမှဆင်းသက်သော လေယာဉ်အားလုံး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ လ (၈)ရက်မှစ၍ ယခင်ကြည့်ရှုစစ်ဆေးသည်ထက် ပိုမိုအရှိန်အဟုန်မြင့် ကြပ်မတ်ကြည့်ရှု့စစ်​ဆေးမှုများ ဆောင်ရွက်​နေ​ပြီး တရုတ်မြန်မာနယ်စပ်များတွင်လည်း ကျန်းမာ​ရောအထူးကြီးကြပ်​စောင့်​ရှောက်​ရေး အဖွဲ့များဖြင့် စစ်​ဆေး​ဆောင်ရွက်​နေ​ကြောင်း ကျန်းမာ​ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
သီရိနွယ်

No comments:

Post a Comment