ချင်းပြည်နယ်၏ပထမဆုံး ပုဂ္ဂလိကလေယာဥ်ကွင်းငယ် တစ်ခု ကို ချင်းတောင်ပိုင်း၊ မတူပီဒေသ၊လိုင်လင်းပီမြို့တွင် ဆောင်ရွက်နေပြီးလာမည့် မေလတွင်တည်ဆောက်မှုပြီးစီးမည်ဖြစ်ကြောင်း
တည်ဆောက်မှုတာဝန်ယူဆောင်ရွက်နေသော MAF Myanmarမှ အထွေထွေမန်နေဂျာခေါင်ဒီးရမ်ပြောကြားချက်အရသိရသည်။
အဆိုပါလေယာဥ်ကွင်းငယ်၏ မြေသားတည်ဆောက်မှုအပိုင်းကို ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်၅လပိုင်းတွင် စတင်ခဲ့ပြီးလုပ်ငန်းပိုင်းအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းကို ၂၀၁၇ ဒီဇင်ဘာလ တည်းမှစတင်ခဲ့ကြောင်းသိရသည်။
ယင်းသို့တည်ဆောက်မှုနှင့်ပတ်သက်၍ '' ဒီလေယာဥ်ကွင်းငယ်ကို ပြီးဆုံးချိန် ခု၂၀၂၀မေလကို ခန့်မှန်းထားပါတယ်။လေယာဥ်ကွင်းငယ်ပြီးသွားရင်တော့ နိုင်ငံတော်အစိုးရရဲ့ခွင့်ပြုချက် ရခဲ့ရင်ကျွန်တော်တို့MAFအဖွဲ့အစည်းအနေနဲ့ Cessna airplane လေးတွေအသုံးပြုပြီးတော့ သွားလာရခက်ခဲတဲ့ဒေသတွေကို ပျံသန်းပြေးဆွဲခြင်းလုပ်ငန်းလုပ်သွားမှာဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရကတာဝန်ရှိသူတွေနဲ့လည်းပြောဆိုဆွေးနွေးနေပါတယ်။MAFကစီးပွားဖြစ်မဟုတ်တဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။လုပ်တဲ့လုပ်ငန်းကလဲ စီးပွားဖြစ်မဟုတ်ပါဘူး။မဖွံ့ဖြိုးသေးတဲ့ ကျေးလက်ဒေသတွေဖွံ့ဖြိုးတိုးတတ်လာအောင် လုပ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ခုတည်တောက်ပြီးသွားရင်လည်း အစိုးရရဲ့လေယာဥ်ပျံသန်းပြေးဆွဲခွင့် ခွင့်ပြုချက်ရတာနဲ့ လေကြောငွးဦးစီးဌာနတို့နဲ့ချိတ်ဆက်ပြီးခမှတ်ထားတဲ့စည်းမျဥ်း ဥပဒေ အတိုင်းလုပ်ဆောင်သွားမှာပါ "ဟု အထွေထွေမန်နေဂျာခေါင်ဒီးရမ် က ပြောကြားခဲ့သည်။
လေယာဥ်ကွင်းတည်ဆောက်ရေးကိုMAFမှ အဓိက ဆောင်ရွက်ပြီးလိုအပ်သည့် ငွေကြေးကိုနိုင်ငံတကာအလှုရှင်များဆီက နေရှာဖွေပြီး လုပ်ငန်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း၊လက်ရှိစာရင်းအရ ကုန်ကျစရိတ်စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁.၃ မီလီယံ ကုန်ကျကြောင်း၊ကွင်းအရှည် မီတာ၈၀၀ ၊ပေ ၂၇၀၀ပေ နှင့် အကျယ် ပေ၅၀ရှိပြီး စီးပွားဖြစ်ပျံသန်းပြေးဆွဲခြင်းမရှိသည့် ဒေသများ၊ဖွံ့ဖြိုးတိုးတတ်မှုနောက်ကျသည့် ဒေသများ သို့ပျံသန်းရန်စီစဥ်ထားကြောင်း၊တည်ဆောက်မှုပြီးစီးပါက အစိုးရထံအပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။
သီရိနွယ်
No comments:
Post a Comment