Labels

Sunday, January 26, 2020

“ဆုတွေထူးရှယ် ၂၀၂၀” ကံစမ်းမဲ အစီအစဥ် ထပ်မံ ဆောင်ရွက်သွားမည်- ဇန်နဝါရီ၂၇ရက်

MPTက “ဆုတွေထူးရှယ် ၂၀၂၀” ၏ ကံစမ်းမဲ အထူးအစီအစဉ်ကို ဇန်နဝါရီလ (၂၄) ရက်မှ ဖေဖော်ဝါရီလ (၂၉) ရက်အထိ ထပ်မံ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
MPT ၏ ကြိုတင်ငွေဖြည့်စနစ်သုံး GSM/WCDMA သုံးစွဲသူများအနေဖြင့် ကျပ် တစ်​ထောင် နှင့်အထက် ဖုန်းဘေလ်ဖြည့်သွင်းတိုင်း အဆိုပါ ထပ်မံပြုလုပ်မည့် “ဆုတွေထူးရှယ် ၂၀၂၀”ကံစမ်းမဲအစီအစဉ်သစ်တွင် ပါဝင်ခွင့်ရနိုင်မည်ဖြစ်သည်။ 
သုံးစွဲသူများအနေဖြင့် ဖုန်းငွေဖြည့်သွင်းသည့် ပမာဏများလေလေ ကံစမ်းမဲအစီအစဉ်တွင် ကံစမ်းနိုင်ခွင့် အကြိမ်ရေ ပိုမိုရရှိမည်ဖြစ်ပြီး ကံထူးနိုင်မည့်ဆုများမှာ 
TOYOTA Rush ကားသစ် (အထူးဆု)၂ စီး ၊၂ ကျပ်သားရွှေပြားဆု (အပတ်စဥ်ဆု)၆ ဆု၊မြန်မာကျပ်ငွေ သိန်း ( ၂၀ ) (အပတ်စဥ်ဆု)၆ ဆု၊၁ နှစ်တာသက်တမ်းရှိ တစ်ပတ်လျှင် 20 GB အင်တာနက် ဒေတာအသုံးပြုနိုင်မည့်ဆု (အပတ်စဥ်ဆု)၆ဆု တို့ဖြစ်​ကြောင်းသိရသည်။
ကံစမ်းခွင့်ရရှိရန်အတွက် ဖုန်းငွေဖြည့်သွင်းပြီးနောက် *224# အားနှိပ်၍ ကံစမ်းနိုင်ခွင့် အကြိမ်ရေအတွက်ကို ကံစမ်းမဲကာလအတွင်း စစ်ဆေးနိုင်​ကြောင်း၊ ထပ်မံပြုလုပ်သွားမည့် “ဆုတွေထူးရှယ် ၂၀၂၀” ကံစမ်းမဲ အထူးအစီအစဥ်၏ အပတ်စဉ်ဆု ကံထူးရှင်များကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၃၁) ရက်မှစတင်၍ အပတ်စဉ် သောကြာနေ့တိုင်းတွင် MPT က ဖုန်းခေါ်ဆိုကာ အသိပေးသွားမည်ဖြစ်ပြီး MPT ၏ တရားဝင် Facebook စာမျက်နှာမှတစ်ဆင့်လည်း စနေနေ့တိုင်းတွင် ကြေညာပေးသွားမည် ဖြစ်သည့်အပြင် အထူးဆုကား ကံထူးသူများကို ၂၀၂၀ ခုနှစ်၊ မတ်လတွင် ထပ်မံ ကြေညာသွားမည် ဖြစ်သည်။
သီရိနွယ်

No comments:

Post a Comment