Labels

Thursday, January 30, 2020

ဝူဟန်မြို့တွင်ပိတ်မိ​နေ​သော မြန်မာကျောင်းသား/ကျောင်းသူများ ကိုအထူး​လေယာဥ်ဖြင့် ​ဖေ​ဖော်ဝါရီ ၁ရက်အ​စောဆုံးထားပြန်​ခေါ်ရန်စီစဥ်​နေ - ဇန်နဝါရီ ၃၀ရက်

တရုတ်နိုင်ငံဝူဟန်မြို့တွင်ပိတ်မိ​နေ​သော မြန်မာကျောင်းသား/ကျောင်းသူများ ကိုအထူး​လေယာဥ်ဖြင့် ​ဖေ​ဖော်ဝါရီ ၁ရက်အ​စောဆုံးထားပြန်​ခေါ်ရန်စီစဥ်​နေ​ကြောင်း ​ပေကျင်းမြို့ရှိ မြန်မာသံရုံး ထုတ်ပြန်ချက်အရသိသည်။
ယင်းထုတ်ပြန်​ကြေငြာချက်အရ ဟူ​ပေပြည်နယ် ဝူဟန်မြို့တွင်း ပိတ်မိ​နေ​သော မြန်မာ​ကျောင်းသူ/​သား ၆၃ ဦးကို ​အစောဆုံး ဖေဖေါ်ဝါရီလ ၁ရက်( စနေနေ့ ) သို့မဟုတ် ဖေဖေါ်ဝါရီလ ၂ ရက် ( တနင်္ဂနွေနေ့ )တွင် အထူးလေယဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်​ခေါ် နိုင်ရန် စီစဉ်ထား​ကြောင်း၊အဆိုပါ​ကျောင်းသူ/သား တို့ကို ဇန်နဝါရီလ တတိယအပတ်မှ ပင်​ခေါ်ယူနိုင်ရန်​ဆောင်ရွက်​နေခဲ့ပြီး ကမ္ဘာ့ကျန်းမာ​ရေး အဖွဲ့WHO ၊ တရုတ်အာဏာပိုင်အဖွဲ့တို့၏ ကမ္ဘာလုံး ဆိုင်ရာ​ရောဂါမပြန့်ပွား​ရေး စီမံချက်အရ ဝူဟန်မြို့မှ မထွက်ခွာမီ ၂ပတ်ကြာ ​ရောဂါကူးစက်မှုမရှိ​ကြောင်း စစ်​ဆေးခံရမည်ဖြစ်၍ လာမည့်​ဖေ​ဖော်ဝါရီလဆန်းရက်မှသာ ​​ခေါ်ယူနိုင်မည်ဖြစ်​ကြောင်းသိရသည်။
ထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည် -




သီရိနွယ်

No comments:

Post a Comment