Labels

Saturday, February 1, 2020

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် အွန်လိုင်းမှ လျှောက်ထားနိုင်ရန်ဂျာမနီကူညီ - ​ဖေ​ဖော်ဝါရီ၂ရက်

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်များကို အွန်လိုင်းမှ လျှောက်ထားနိုင်ရန်အတွက် ဂျာမနီအပြည်ပြည်ဆိုင်ရာ ကူညီပေးရေးအဖွဲ့ (GIZ) အကူအညီဖြင့် ဆောင်ရွက်​နေ​ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA)မှ သတင်းရရှိသည်။
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်လက်ရှိအချိန်ထိ ဌာနအချင်းချင်း လုပ်ငန်း​ဆောင်ရွက်မှုအဆင့်ဆင့်ဖြင့်ခွင့်ပြုမိန့်ရရှိ​ရေး အချိန်ကြာမြင့်စွာ ​စောင့်ဆိုင်းခဲ့ရခြင်းအ​ပေါ် ယခုတွင် အဆင်ပြေချောမွေ့ လွယ်ကူစေရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ထုတ်ပေးသည့် ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်များကို အွန်လိုင်းမှ လျှောက်ထားနိုင်ရေး Online Investment Application System ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)နှင့် ဂျာမန်အပြည်ပြည် ဆိုင်ရာ ကူညီပေးရေးအဖွဲ့ (GIZ)တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ခုနှစ် အတွင်းလုပ်ငန်းလည်ပတ်ဖော်​ဆောင်နိုင်ရန် ​ဆောင်ရွက်​နေ​ကြောင်း သိရသည်။
အဆိုပါ Online Investment Application System ကို ဆောင်ရွက်နိုင်ရေး ဂျာမနီအပြည်ပြည်ဆိုင်ရာ ကူညီပေးရေးအဖွဲ့ အနေဖြင့် မြန်မာနိုင်ငံအတွက် အကူအညီ ပေးရန် လျာထားသည့် ရန်ပုံငွေထဲမှ အသုံးပြုသွားမည် ဖြစ်ကြောင်း ၊လက်ရှိ ကုမ္ပဏီများ မှတ်ပုံတင်ခြင်းကိုလည်း ၂၀၁၇ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် ကုမ္ပဏီဥပဒေအရ အီလက်ထရောနစ် မှတ်ပုံတင်စနစ် (MyCO) အသုံးပြု၍ မှတ်ပုံတင်ရမည်ဖြစ်ပြီး ထိုသို့ မှတ်ပုံတင်ရာတွင် Manual Filings ကိုအသုံးမပြုဘဲ Online Application ကိုသာ ၁၀၀ ရာခိုင်နှုန်း အသုံးပြုလာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
သီရိနွယ်
သတင်း၊ဓါတ်ပုံ

No comments:

Post a Comment