Labels

Thursday, September 26, 2019

ဖောက်စွပ်ကားများကို အမျိုးအစားတူ တင်းသွင်းနိုင်သော (ဃ)စလစ်ထုတ်ပေးမည် စက်တင်ဘာ



ဖောက်စွပ်ကားများကို အမျိုးအစားတူ တင်းသွင်းနိုင်သော (ဃ)စလစ်ထုတ်ပေးမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
"ဖောက်စွပ်/ဖျက်ဆက်ကားတွေကို မော်တော်ယာဉ် ဥပဒေပုဒ်မ (င)အရ မှတ်ပုံတင်ဖျက်သိမ်းအရေးယူတာတွေ လုပ်ခဲ့ပါတယ်။ ဒီလိုအရေးယူတာတွေကြောင့် နစ်နာမှုတွေရှိပါတယ်ဆိုပြီး တင်ပြတာတွေရှိပြီး ဖောက်စွပ်ကား လက်ဝယ်ပိုင်ဆိုင်သူ အများစုကလည်း မသိပဲဝယ်ယူမိတာတွေများတာကို တွေ့ခဲ့ရပါတယ်။ဒါကြောင့် ပုံစံ(ဃ) စလစ်ထုတ်ပေးဖို့ လျော့ချခဲ့တာဖြစ်ပါတယ်။ပစ်ကပ်ဆိုရင် ပစ်ကပ်ကားသွင်းခွင့်ပေးမှာဖြစ်ပြီး လူစီးဆိုရင် လူစီးကားစလစ်ပေးမှာဖြစ်ပါတယ်။" ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
လက်ရှိတွင် ယခုလ၂၃ရက်နေ့အထိ မှတ်ပုံတင်ဖျက်သိမ်း အရေးယူထားသော ဖောက်စွပ်/ဖျက်ဆက်ကား ၃၆၂စီး ရှိကြောင်းသိရသည်။

Wednesday, September 25, 2019

စွန့်ပစ်ပစ္စည်းများကို အိမ်တိုင်ရာရောက် ဝယ်ယူ/ရောင်းချနိုင်သည့် မိုဘိုင်းလ်အက်ပလီကေးရှင်း စတင်မိတ်ဆက်



မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော မိုဘိုင်းလ်ဖုန်းမှ စွန့်ပစ်ပစ္စည်းများ ရောင်းဝယ်နိုင်သည့် အက်ပလီကေးရှင်းအသစ်တစ်ခုဖြစ်သည့် Recycle Myanmar နည်းပညာပလက်ဖောင်းသစ်မိတ်ဆက်ပွဲကို စိမ်းလန်းစိုပြည်ဥယျာဉ်အတွင်း (Zephyr Coffee & Restaurant) တွင် စက်တင်ဘာ၂၅ရက်က မိတ်ဆက်ခဲ့သည်။
Recycle Myanmar သည် မြန်မာနိုင်ငံတွင် ပထမဆုံးသောစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အခမဲ့နည်းပညာပလက်ဖောင်းတစ်ခုဖြစ်ပြီး အင်တာနက်နှင့် မိုဘိုင်းဆက်သွယ်ရေးကွန်ရက်ပေါ် အခြေခံ၍ စွန့်ပစ်ပစ္စည်းဝယ်ယူလိုသူနှင့် ပြန်လည်ရောင်းချလိုသူတို့ကို ချိတ်ဆက်ဆောင်ရွက်ပေးသည့် မိုဘိုင်းအက်ပလီကေးရှင်းတစ်ခုလည်းဖြစ်သည်။
ရေသန့်ဘူးခွံ၊ ပုလင်းခွံ၊ သတင်းစာ၊ ဂျာနယ်၊ စက္ကူ၊ ဘက်ထရီအိုးအပျက် လျှပ်စစ်ပစ္စည်းအဟောင်း၊ ကော်ဗူး၊ ကော်ခွက်စသည့် (ပြန်ရောင်းလို့ရသောအမှိုက်) စွန့်ပစ်ပစ္စည်းများကို Recycle Myanmar Application တွင် အခမဲ့ ရောင်းနိုင်ဝယ်နိုင်ကြောင်းသိရသည်။
“အရင်တုန်းကလို စွန့်ပစ်ပစ္စည်းဝယ်တဲ့လူတွေဟာ လမ်းတွေပေါ်လျှောက်သွားပြီး ပစ္စည်းတွေ လိုက်ဝယ်နေဖို့ မလိုဘဲ ဖုန်းခေါ်ဆိုမှုကနေတစ်ဆင့်သွားလို့ရပါတယ်။ ရောင်းမယ့်သူတွေဆိုရင်လည်း ပစ္စည်းအဟောင်းဝယ်တဲ့ နေရာတွေအထိသွားစရာမလိုဘဲ ကိုယ့်အိမ်၊ ကိုယ့်နေရာမှာပဲ ရောင်းလို့ရတဲ့အတွက် အချိန်ကုန်သက်သာ ပါတယ်။ စွန့်ပစ်ပစ္စည်းရောင်းချသူနှင့် အမှိုက်သိမ်းသူတို့အဆင်ပြေသွားရင် ပတ်ဝန်းကျင်ကို အမှိုက်တွေပစ်မှာ မဟုတ်တော့တာကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရာလည်း ရောက်ပါတယ်။” ဟု Recycle Myanmar Application ရေးဆွဲသူ ဦးပုညက ပြောခဲ့သည်။

Saturday, September 21, 2019

Ford Myanmar မှ ၂ဝ၁၉ မိုဒယ် New Ecosport ကားသစ်စတင်ရောင်းချ



Ford Myanmarမှ ၂ဝ၁၉ မိုဒယ် New Ecosport ကို ယနေ့ညတွင် စတင်မိတ်ဆက်ရောင်းချခဲ့သည်။
အဆိုပါကားသည် Compact SUV ကားအမျိုးအစားဖြစ်ကာ New Ecosport သည် 1.0L Ecoboost Petrol 6-Speed Automatic Transmission Engine တပ်ဆင် ထားသော ငါးယောက်စီး ကားအမျိုးအစား ဖြစ်သည်။ New Ecosport ကို အမေရိကန်ဒေါ်လာ ၂၈,၅ဝဝ ဖြင့် ရောင်းချပေးမည်ဖြစ် ပြီး ငါးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်း အာမခံပေးမည် ဖြစ် ကြောင်းသိရသည်။

Thursday, September 19, 2019

အောက်တိုဘာ၁ရက်မှစ၍ အခွန်နှုန်းထားများကို လျှော့ချကောက်ခံမည်

အောက်တိုဘာ၁ရက်မှစ၍ စည်းကြပ်မှုမှလွတ်ကင်းနေ သော အခွန်နှုန်းထားများကို လျှော့ချကောက်ခံမည် ဖြစ်ကြောင်းသိရသည်။
ယနေ့ ပြည်ထောင်စုလွှတ်တော်၌ ကျင်းပပြုလုပ်ခဲ့သော (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် စည်းကြပ်မှု မှလွတ်ကင်းနေသော ဝင်ငွေများအပေါ် ကောက်ခံသည့် ဝင်ငွေ ခွန်နှုန်းထားများအတွက် တစ်ကျပ်မှ ကျပ်သိန်းတစ်ထောင်အထိကို ၃ ရာ ခိုင်နှုန်း၊ ကျပ်သိန်း တစ်ထောင်အထက်မှ ကျပ်သိန်း သုံးထောင်အ ထိကို ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း သုံးထောင်အထက်မှ ကျပ်သိန်း တစ်သောင်းအထိကို ၁ဝ ရာခိုင် နှုန်း၊ ကျပ်သိန်း တစ်သောင်းအ ထက်မှ သုံးသောင်းအထိကို ၁၅ ရာခိုင်နှုန်းနှင့် ကျပ်သိန်း သုံးသောင်း အထက်ကို ၃ဝ ရာခိုင်နှုန်းဖြင့် လျှော့ချကောက်ခံရန် ဥပဒေကြမ်းကော်မတီ၏ပြင်ဆင်ချက်အဆိုတင်သွင်းခဲ့သည်မှုအပေါ် မဲခွဲဆုံးဖြတ်ခဲ့သည်။
ဥပဒေကြမ်းပူးပေါင်းကော်မတီမှတင်သွင်းသော အဆိုကို သဘောတူညီခြင်းရှိမရှိ မဲခွဲဆုံးဖြတ်ခဲ့ရာတွင် ထောက်ခံမဲများသောကြောင့် ပြည်ထောင်စုလွှတ်တော်မှ အဆိုအတည်ဖြစ်ကြောင်းကြေညာခဲ့ခြင်းဖြစ်သည်။
ထိုသို့ဖြေလျှော့မှုကြောင့် ငွေကြေးဖောင်းဖွမှုများဖြစ်လာနိုင်သည်ဟု ဝေဖန်မှုများရှိသော်လည်း ငြိမ်သက်နေသောအိမ်၊ခြံ၊မြေနှင့် ကားအရောင်းအဝယ်ဈေးကွက် တို့ အားကောင်းလာမည်ဖြစ်၍ ထောက်ခံကြိုဆိုသူများလည်းရှိကြောင်း သိရသည်။

Tuesday, September 17, 2019

ကျိန်စာမိနေသည့်အိမ်ကြီးအကြောင်းပုံဖော်ရိုက်ကူးသွားမည့်"ကျိန်စာ"ဇာတ်လမ်းတွဲရွှေတိဂုံဘုရားတွင်ကန်တော့ပွဲပေး


ကျိန်စာမိနေသည့်အိမ်ကြီးအကြောင်းကိုပုံဖော်ရိုက်ကူးသွားမည့်"ကျိန်စာ"ဇာတ်လမ်းတွဲ၏ကန်တော့ပွဲပေးခြင်းအခမ်းအနားကိုစက်တင်ဘာလ၁၇ရက်နေ့ကရန်ကုန်မြို့ရွှေတိဂုံဘုရားအောင်မြေတွင်ပြုလုပ်ခဲ့သည်။

မိုးကုတ်မင်းသားရုပ်ရှင်နှင့်ဗီဒီယိုဖြန့်ချီရေးမှထုတ်လုပ်ရိုင်ကူးမည့်"ကျိန်စာ"ဇာတ်လမ်းတွဲမှာhorrorဇာတ်လမ်းအမျိုးအစားဖြစ်ပြီးကျိန်စာမိနေသည့်အိမ်ကြီးသို့ရောက်ရှိသွားသည့်သူငယ်ချင်းလူငယ်အဖွဲ့အကြောင်းကိုပုံဖော်ရိုက်ကူးသွားမည်ဖြစ်သည်။

"လိပ်စာမှားပြီးဒီအိမ်ကြီးကိုသူငယ်ချင်းရှစ်ယောက်ရောက်သွားတယ်ရောက်သွားတဲ့အချိန်မှာဒီအိမ်ကြီးကကျိန်စာမိနေတဲ့အိမ်ကြီးဖြစ်တဲ့အတွက်ညနေခြောက်နာရီကနေမနက်ခြောက်နာရီထိကိုဒီအိမ်ထဲကိုဝင်တဲ့သူတိုင်းပြန်ထွက်လို့မရတော့ဘူးအဲ့ထဲမှာပဲသူတို့ပြသာနာတွေမျိုးစုံတက်တယ်ကျိနိစာမိနေတဲ့သူငယ်ချင်းတွေကလည်းကျိန်စာကိုခံစားနေရတယ်ကျိန်စာမမိတဲ့သူငယ်ချင်းတွေကလည်းကျိန်စာကိုမမိအောင်ကျိုးစားပေးကြတယ်ကြားထဲမှာတော့ပြသာနာတွေမျိုးစုံနဲ့ကားလေးတစ်ကားပေါ့လှည့်ကွက်တွေလဲအများကြီးပါပါတယ်ကျွန်တော့အနေနဲ့နည်းပညာပိုင်းရောဖြတ်သန်းလာတဲ့အတွေ့အကြုံတွေအားလုံးရောပေါင်းစပ်ပြီးရိုက်ကူးသွားမှာပါ"ဟုဒါရိုက်တာဒီလွှမ်းကပြောသည်။

ယခုဇာတ်လမ်းတွဲတွင်အဓိကသရုပ်ဆောင်များမှာအနုပညာရှင်အသစ်များဖြစ်ပြီးဇာတ်လမ်းတွဲကိုပုံဖော်ရိုက်ကူးသူမှာလည်းလူငယ်တက်သစ်စဒါရိုက်တာတစ်ဦးဖြစ်သည်။

ဇာတ်လမ်းတွဲကိုစက်တင်ဘာလ၂၁ရက်နေ့မှစတင်ရိုက်ကူးသွားမည်ဖြစ်ပြီးအပိုင်း၁၂ပိုင်းဖြင့်ရိုက်ကူးသွားမည်ဖြစ်ကြောင်းသိရသည်။

ကျိန်စာဇာတ်လမ်းတွဲကိုဒါရိုက်တာဒီလွှမ်းမှသရုပ်ဆောင်မိုးထက်မြင့်၊အောင်ကောင်းမြတ်၊ထူးမာန်၊ဖူးပွင့်သခင်၊ချိုမာ(အနော)၊ဖူးပွင့်ခိုင်ပန်ဆုပြည့်၊ဦးဝင်းမြိုင်၊ဇင်မျိုး၊မောင်မောင်မျိုးသန့်၊ခင်မို့မို့အေး၊ဦးဘဂျမ်း၊အီးတီနှင့်သရုပ်ဆောင်များစွာဖြင့်ရိုက်ကူးသွားမည်ဖြစ်သည်။


မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါး အကပြိုင်ပွဲကြီးကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါး ဟန္ဒူ ဓမ္မအဖွဲ့ချုပ်
ရိုးရာ၊ယဉ်ကျေးမှု ဗဟိုဌာနှင့် သျှီရာမဂျာနကီ ဘုရားကျောင်း ဂေါ်ရခါးလူငယ် လူမှုကူညီရေးအဖွဲ့ ရန်ကုန်မှ
ကြီးမှုးကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါး
အက ပြိုင်ပွဲကြီးကို ၂၀၁၉ စက်တင်ဘာ၁၄ရက်နေ့တွင်
ရန်ကုန်မြို့ ဂန္ဓာမလမ်းနှင့်ဝေဇယန္တာလမ်းဒေါင့်ရှိ
Gandama Grand Ballroom ကျင်းပခဲ့ကြောင်းသိရသည်။

"မြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံလုံးဆိုင်ရာဂေါ်ရခါးတွေရဲ့အကပြိုင်ပွဲပေါ့နှစ်ရက်ကျင်းပတာပါပထမဆုံးအကြိမ်ပါပဲရည်ရွယ်ချက်နှစ်ခုရှိတယ်အခုဆိုမြန်မာနိုင်ငံမှာဂေါ်ရခါးတွေကနေရာအနှံ့အပြားမှာရှိတယ်သူတို့အတွက်ကိုအကလုပ်လို့ရှိရင်စုစည်းမှုတစ်ခုရသွားမယ်ရန်ကုန်မှာလာပြီးတော့စုမယ်ကမယ်ဖလှယ်မယ်ဆိုတာရယ်နံပါတ်နှစ်ကတော့ဒီကနေကျင်းပပြီးတော့နိုင်ငံတကာကိုသွယးချင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်"ဟု

မြန်မာတစ်နိုင်ငံလုံးမှဂေါ်ရခါးအကပြိုင်ပွဲသို့လာရောက်ယှဉ်ပြိုင်သူအသင်းပေါင်း၂၆သင်းရှိပြီးအနိုင်ရအသင်းများမှပထမဆုကိုသိန်း၃၀ဒုတိယဆုကိုသိန်းနှစ်ဆယ်နှင့်နှစ်သိမ့်ဆုတစ်ဆုကိုငါးသိန်းချီးမြှင့်ခဲ့ကြောင်းသိရသည်။