Labels

Thursday, September 19, 2019

အောက်တိုဘာ၁ရက်မှစ၍ အခွန်နှုန်းထားများကို လျှော့ချကောက်ခံမည်

အောက်တိုဘာ၁ရက်မှစ၍ စည်းကြပ်မှုမှလွတ်ကင်းနေ သော အခွန်နှုန်းထားများကို လျှော့ချကောက်ခံမည် ဖြစ်ကြောင်းသိရသည်။
ယနေ့ ပြည်ထောင်စုလွှတ်တော်၌ ကျင်းပပြုလုပ်ခဲ့သော (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် စည်းကြပ်မှု မှလွတ်ကင်းနေသော ဝင်ငွေများအပေါ် ကောက်ခံသည့် ဝင်ငွေ ခွန်နှုန်းထားများအတွက် တစ်ကျပ်မှ ကျပ်သိန်းတစ်ထောင်အထိကို ၃ ရာ ခိုင်နှုန်း၊ ကျပ်သိန်း တစ်ထောင်အထက်မှ ကျပ်သိန်း သုံးထောင်အ ထိကို ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း သုံးထောင်အထက်မှ ကျပ်သိန်း တစ်သောင်းအထိကို ၁ဝ ရာခိုင် နှုန်း၊ ကျပ်သိန်း တစ်သောင်းအ ထက်မှ သုံးသောင်းအထိကို ၁၅ ရာခိုင်နှုန်းနှင့် ကျပ်သိန်း သုံးသောင်း အထက်ကို ၃ဝ ရာခိုင်နှုန်းဖြင့် လျှော့ချကောက်ခံရန် ဥပဒေကြမ်းကော်မတီ၏ပြင်ဆင်ချက်အဆိုတင်သွင်းခဲ့သည်မှုအပေါ် မဲခွဲဆုံးဖြတ်ခဲ့သည်။
ဥပဒေကြမ်းပူးပေါင်းကော်မတီမှတင်သွင်းသော အဆိုကို သဘောတူညီခြင်းရှိမရှိ မဲခွဲဆုံးဖြတ်ခဲ့ရာတွင် ထောက်ခံမဲများသောကြောင့် ပြည်ထောင်စုလွှတ်တော်မှ အဆိုအတည်ဖြစ်ကြောင်းကြေညာခဲ့ခြင်းဖြစ်သည်။
ထိုသို့ဖြေလျှော့မှုကြောင့် ငွေကြေးဖောင်းဖွမှုများဖြစ်လာနိုင်သည်ဟု ဝေဖန်မှုများရှိသော်လည်း ငြိမ်သက်နေသောအိမ်၊ခြံ၊မြေနှင့် ကားအရောင်းအဝယ်ဈေးကွက် တို့ အားကောင်းလာမည်ဖြစ်၍ ထောက်ခံကြိုဆိုသူများလည်းရှိကြောင်း သိရသည်။

No comments:

Post a Comment