Labels

Thursday, September 26, 2019

ဖောက်စွပ်ကားများကို အမျိုးအစားတူ တင်းသွင်းနိုင်သော (ဃ)စလစ်ထုတ်ပေးမည် စက်တင်ဘာ



ဖောက်စွပ်ကားများကို အမျိုးအစားတူ တင်းသွင်းနိုင်သော (ဃ)စလစ်ထုတ်ပေးမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
"ဖောက်စွပ်/ဖျက်ဆက်ကားတွေကို မော်တော်ယာဉ် ဥပဒေပုဒ်မ (င)အရ မှတ်ပုံတင်ဖျက်သိမ်းအရေးယူတာတွေ လုပ်ခဲ့ပါတယ်။ ဒီလိုအရေးယူတာတွေကြောင့် နစ်နာမှုတွေရှိပါတယ်ဆိုပြီး တင်ပြတာတွေရှိပြီး ဖောက်စွပ်ကား လက်ဝယ်ပိုင်ဆိုင်သူ အများစုကလည်း မသိပဲဝယ်ယူမိတာတွေများတာကို တွေ့ခဲ့ရပါတယ်။ဒါကြောင့် ပုံစံ(ဃ) စလစ်ထုတ်ပေးဖို့ လျော့ချခဲ့တာဖြစ်ပါတယ်။ပစ်ကပ်ဆိုရင် ပစ်ကပ်ကားသွင်းခွင့်ပေးမှာဖြစ်ပြီး လူစီးဆိုရင် လူစီးကားစလစ်ပေးမှာဖြစ်ပါတယ်။" ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
လက်ရှိတွင် ယခုလ၂၃ရက်နေ့အထိ မှတ်ပုံတင်ဖျက်သိမ်း အရေးယူထားသော ဖောက်စွပ်/ဖျက်ဆက်ကား ၃၆၂စီး ရှိကြောင်းသိရသည်။

No comments:

Post a Comment