Labels

Wednesday, September 25, 2019

စွန့်ပစ်ပစ္စည်းများကို အိမ်တိုင်ရာရောက် ဝယ်ယူ/ရောင်းချနိုင်သည့် မိုဘိုင်းလ်အက်ပလီကေးရှင်း စတင်မိတ်ဆက်



မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော မိုဘိုင်းလ်ဖုန်းမှ စွန့်ပစ်ပစ္စည်းများ ရောင်းဝယ်နိုင်သည့် အက်ပလီကေးရှင်းအသစ်တစ်ခုဖြစ်သည့် Recycle Myanmar နည်းပညာပလက်ဖောင်းသစ်မိတ်ဆက်ပွဲကို စိမ်းလန်းစိုပြည်ဥယျာဉ်အတွင်း (Zephyr Coffee & Restaurant) တွင် စက်တင်ဘာ၂၅ရက်က မိတ်ဆက်ခဲ့သည်။
Recycle Myanmar သည် မြန်မာနိုင်ငံတွင် ပထမဆုံးသောစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အခမဲ့နည်းပညာပလက်ဖောင်းတစ်ခုဖြစ်ပြီး အင်တာနက်နှင့် မိုဘိုင်းဆက်သွယ်ရေးကွန်ရက်ပေါ် အခြေခံ၍ စွန့်ပစ်ပစ္စည်းဝယ်ယူလိုသူနှင့် ပြန်လည်ရောင်းချလိုသူတို့ကို ချိတ်ဆက်ဆောင်ရွက်ပေးသည့် မိုဘိုင်းအက်ပလီကေးရှင်းတစ်ခုလည်းဖြစ်သည်။
ရေသန့်ဘူးခွံ၊ ပုလင်းခွံ၊ သတင်းစာ၊ ဂျာနယ်၊ စက္ကူ၊ ဘက်ထရီအိုးအပျက် လျှပ်စစ်ပစ္စည်းအဟောင်း၊ ကော်ဗူး၊ ကော်ခွက်စသည့် (ပြန်ရောင်းလို့ရသောအမှိုက်) စွန့်ပစ်ပစ္စည်းများကို Recycle Myanmar Application တွင် အခမဲ့ ရောင်းနိုင်ဝယ်နိုင်ကြောင်းသိရသည်။
“အရင်တုန်းကလို စွန့်ပစ်ပစ္စည်းဝယ်တဲ့လူတွေဟာ လမ်းတွေပေါ်လျှောက်သွားပြီး ပစ္စည်းတွေ လိုက်ဝယ်နေဖို့ မလိုဘဲ ဖုန်းခေါ်ဆိုမှုကနေတစ်ဆင့်သွားလို့ရပါတယ်။ ရောင်းမယ့်သူတွေဆိုရင်လည်း ပစ္စည်းအဟောင်းဝယ်တဲ့ နေရာတွေအထိသွားစရာမလိုဘဲ ကိုယ့်အိမ်၊ ကိုယ့်နေရာမှာပဲ ရောင်းလို့ရတဲ့အတွက် အချိန်ကုန်သက်သာ ပါတယ်။ စွန့်ပစ်ပစ္စည်းရောင်းချသူနှင့် အမှိုက်သိမ်းသူတို့အဆင်ပြေသွားရင် ပတ်ဝန်းကျင်ကို အမှိုက်တွေပစ်မှာ မဟုတ်တော့တာကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရာလည်း ရောက်ပါတယ်။” ဟု Recycle Myanmar Application ရေးဆွဲသူ ဦးပုညက ပြောခဲ့သည်။

No comments:

Post a Comment