Labels

Friday, February 21, 2020

ဒုတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာမော်တော်ယာဉ်ပြပွဲ ကို ၃ရက်ကြာကျင်းပ၊ပြပွဲသို့ အခမဲ့ကားများဖြင့် ပို့​​ဆောင် ​-ဖေ​ဖော်ဝါရီ ၂၁ရက်

ဒုတိယအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ​မော်​တော်ယာဥ်ပြပွဲ (2nd Yangon International Motor Show 2020) ကို ရန်ကုန်မြို့အင်လျားလိတ် ဟိုတယ်ဝင်းအတွင်းရှိ Yangon Convention Center - YCC တွင်​ဖေ​ဖော်ဝါရီလ ၂၁ရက်နေ့မှ ၂၃ရက်နေ့အထိ ၃ရက်တိုင်စည်ကားသိုက်မြိုက်စွာကျင်းပြပြုလုပ်သွားမည်ဖြစ်​သည်။
Yangon International Motor Show ကို ထိုင်းနိုင်ငံ အခြေစိုက် BIMS (Bangkok International Motor Show) ရဲ့လုပ်ငန်းခွဲ GPI Myanmar မှဦးစီးကျင်းပခြင်းဖြစ်ကာ မြန်မာနိုင်ငံကားလုပ်ငန်းရှင်များအဖွဲ့အစည်း(AAM)နဲ့ Yangon Convention Centre (YCC) တို့မှ ပါဝင်ကူညီထောက်ပံ့ပေးထား​ကြောင်းသိရသည်။
ပြပွဲအတွင်း BMW Myanmar ၊ DFM Myanmar ၊ Ford Myanmar ၊ FUSO Myanmar ၊GAC Motor Myanmar ၊Jaguar Land Rover၊ Mazda Myanmar ၊Mercedes-Benz Myanmar ၊ Nissan Myanmar ၊Scania Myanmar ၊ Suzuki Myanmar Motor ၊Toyota Myanmar ၊ Volvo Cars Myanmar စသည့် ကမ္ဘာ​ကျော် ကားအမျိုးစား ၁၂ခုတို့မှ ပါဝင်ပြသ​ရောင်းချသွားမည်ဖြစ်သည့်အပြင် စမ်းသပ်မောင်းနှင်ခွင့်များလည်း ​လုပ်​ဆောင်​ပေးထား​ကြောင်း၊Lucky Draw အစီအစဉ်များလည်းထည့်သွင်း​ဆောင်ရွက်​ပေးထား​ကြောင်းသိရသည်။
ပြပွဲလာရောက်မည့်သူများအတွက် ဖေ​ဖော်ဝါရီ ၂၁ရက်​နေ့တွင် နေ့လည် ၁၂ နာရီ မှ ည ၈ နာရီ ထိ၎င်း၊ ​ဖေ​ဖော်ဝါရီ ၂၂ရက်နှင့် ၂၃ရက်တို့တွင် နံနက် ၁၀ နာရီမှ ည ၈နာရီ ထိ၎င်း တာမွေပလာဇာ (CB Bank ရှေ့) နှင့် မြန်မာပလာဇာ (CB Bank ရှေ့) မှ YCC (ပွဲကျင်းပရာနေရာ) ထိုမှတစ်ဖန် - YCC (ပွဲကျင်းပရာနေရာ) မှ မြန်မာပလာဇာ (CB Bank ရှေ့)နှင့် တာမွေပလာဇာ (CB Bank ရှေ့) အထိ ၁ နာရီကားတစ်စီးနှုန်းဖြင့် အခမဲ့သယ်ယူပို့ဆောင်ခြင်း ဝန်​ဆောင်မှုဆောင်ရွက်​ပေးထားကြောင်းသိရသည်။

သီရိနွယ်

No comments:

Post a Comment