Labels

Sunday, January 5, 2020

Soueast Motor မှ New Model A5 မိတ်ဆက် - ဇန်နဝါရီလ ၆ရက်

Soueast Motor Myanmar မှ အသစ်ထွက်ရှိထားသော A5မော်ဒယ်အား မြန်မာ့ Automobile ဈေးကွက်သို့ မိတ်ဆက် ခြင်းနှင့် Soueast မော်တော်ယာဉ်များ တင်သွင်းတပ်ဆင်ရောင်းချခြင်း (၁)နှစ်ပြည့် အခမ်းအနားကို ဇန်နဝါရီလ ၅ရက်နေ့က  Time City outdoor promotion area တွင် ကျင်းပပြုလုပ်ခဲ့သည်။
New Model A5 သည် ၁၆လက်မ ရှိအလွိုင်းနှင့် Wheelbase အကွာအဝေး ၂၆၅၅ မီလီမီတာ ပါရှိပြီး ကားအနောက်ဖက်ခြမ်းတွင် Led combination tail light ကို အသုံးပြုထားပြီး သေသပ်လှပစွာ ဖွဲ့စည်းထား​သော ဒီဇိုင်းတစ်ခုဖြစ်ကာ Parking sensor အပြင်Hands-free trunk အဖွင့်အပိတ် အတွက် Kick Sensor ကို အသုံးပြုပေးထား​ကြောင်း၊ အတွင်းပိုင်းဖွဲ့စည်းပုံ အနေဖြင့် Leather ကို အဓိက အသုံးပြုထားပြီး Engine power 1499CC, Engine output 120 Hp, 143 NM of torque နှင့် CVT gear type ဖြစ်တဲ့အတွက် ဆီစားလည်း သက်သာကြောင်းသိရသည်။
Soueast Motor Myanmar မှ တာဝန်ရှိသူ ဒေါက်တာစိုးသန့်ဇော် ကလည်း “ဒီနေ့ပွဲလေးကို ကျင်းပဖြစ်တဲ့ရည်ရွယ်ချက် လေးကတော့ လူအများစိတ်ဝင်စားနေတဲ့ ဒီ မော်ဒယ်သစ် A5 လေးကို မိတ်ဆက်ရင်း မိတ်ဟောင်း မိတ်သစ် customers တွေကို ကျွန်တော်တို့Soueast Motor Myanmar တစ်နှစ်ပြည့်မှာ ကျေးဇူးတင်တဲ့အနေနဲ့Luckydraw  ဖောက်ပေးတာပါ။ ပေါက်မဲတွေအနေနဲ့Brand New Soueast A5 Saloon တစ်စီး၊ Galaxy Note 10 တစ်လုံး၊  ပြည်ပတရုတ်နိုင်ငံခရီးစဉ် ၁ဆု နှင့် ပြည်တွင်း မြိတ်ခရီးစဉ် ၁၀ဆု တို့ပါရှိပါတယ်။ ကျွန်တော်တို့သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ညီတဲ့ ပါဝင်သူတွေကို ဒီမိတ်ဆက်ပွဲ အခမ်းအနားမှာ တစ်ခါတည်း မဲဖောက်ပေးသွားမှာပါ။” ဟုပြောကြားခဲ့ပါသည်။
ပွဲကျင်းပသည့်ရက်အတွင်း ဝင်ငွေခွန်မပါ ၂၄၅ သိန်း (ပရိုမိုးရှင်းဈေးနှုန်း) ဖြင့် ​ရောင်းချ​ပေးခဲ့သည့်အပြင် customers များအား ဆုမဲပေါင်းများစွာ LuckyDraw ဖောက်ပေးခြင်း နှင့် နာမည်ကျော် အနုပညာရှင်များ ဖြစ်တဲ့ မျိုးကျော့မြိုင်နှင့် ရဲလေးတို့မှ သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းတို့ ပြုလုပ်ခဲ့​သည်။
သီရိနွယ်



No comments:

Post a Comment