Labels

Friday, January 3, 2020

လုပ်သက်၂၅နှစ်နှင့်အထက်ဝန်ထမ်းများကိုအကောက်ခွန်နှင့်ကညနခွန် ပေးဆောင်စရာမလိုဘဲကားတင်သွင်းခွင့်​ပေးမည် - ဇန်နဝါရီ ၄ရက်


အထူးအစီအစဉ်အနေဖြင့် လုပ်သက်၂၅နှစ်နှင့်အထက်ဝန်ထမ်းများကိုအကောက်ခွန်နဲ့ကညနခွန် ပေးဆောင်စရာမလိုဘဲကားတင်သွင်းခွင့်ပေးမည်​ဖြစ်ကြောင်းစီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အရာရှိဝန်ထမ်းအလိုက် တင်သွင်းခွင့်​ပေးမည့် ​မော်​တော်ယာဥ်CIF တန်ဖိုး​များကို ​လာမည့်တစ်ပတ်အတွင်း​ကြေညာ​ပေးမည်ဖြစ်ကာ ခွင့်ပြုချက်နှင့်ပတ်သတ်ပြီးတင်သွင်းခွင့်လျှောက်ထားမည့်သူများမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ အရာရှိအမည်နှင့် ဖုန်းနံပါတ်တို့ကို ပေးပို့တင်ပြရမည်ဖြစ်​ကြောင်းသိရသည်။
ထိုအစီအစဉ်ကို ပထမအဆင့်အနေဖြင့်ညွှန်ကြားရေးမှူး ချုပ်နှင့်အထက်ရှိ​သောပြည်သူ့ဝန်ထမ်းနဲ့နိုင်ငံ့ဝန်ထမ်းများကိုပေးမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် ဒုညွှန်ချုပ်များနှင့် လုပ်သက်၂၅နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ်ရရှိထားသည့်ဝန်ထမ်းများကိုခွင့်ပြု​ပေးမည်ဖြစ်​ကြောင်း ​ကြေညာချက်များအရသိရသည်။
ဂျိုကာ

No comments:

Post a Comment