Labels

Thursday, January 23, 2020

"ဆု​တွေထူးရှယ် ၂၀၂၀"ကံစမ်းမဲ အစီအစဥ်မှTOYOTA Rush ကားသစ်၂စီး အတွက်ကံထူးရှင်​ရွေးချယ် - ဇန်နဝါရီ ၂၃ရက်

MPT ၏"ဆု​တွေထူးရှယ် ၂၀၂၀"ကံစမ်းမဲ အစီအစဥ်မှTOYOTA Rush ကားသစ်၂စီး အတွက်ကံထူးရှင်​ရွေးချယ်ပွဲကို ယ​နေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်​အောင်​ကျော်လမ်းရှိ MPTရုံးချုပ်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါအစီအစဥ်အတွက် ကံစမ်းမဲကာလကို ၂၀၁၉ ဒီဇင်ဘာ၂၀ရက်မှ ၂၀၂၀ ဇန်နဝါရီ ၂၀ ရက်​နေ့အထိ သတ်မှတ်ခဲ့ပြီး MPT ဖုန်း​ငွေဖြည့်တိုင်း ကံစမ်းခွင့်ရရှိ​ကြောင်းသိရသည်။
ဆုများအ​နေဖြင့် ​နေ့စဥ်ဆုများတွင် 20GBနှင့်အထက် Data ဆု ၂၀၀၀ ၊အပတ်စဥ်ဆုများတွင် ၂ကျပ်သား​ရွှေဆု ၅ဆု၊​ငွေကျပ်သိန်း၂၀ဆု ၅ဆုအပြင် အပတ်စဥ် 20GB တစ်နှစ်စာအသုံးပြုခွင့် ၈ဆု နှင့် အထူးဆုကြီးတွင် TOYOTA Rush ကားသစ်၂စီး ဟူ၍ ဆု​များသတ်မှတ် ပေးခဲ့​ကြောင်း၊ယ​နေ့ "ဆု​တွေထူးရှယ် ၂၀၂၀"ကံစမ်းမဲ အစီအစဥ်၏ အထူးဆု အ​နေဖြင့် TOYOTA Rush ကားသစ်၂စီး ကို​ရွေးချယ်ခဲ့ရာ ရန်ကုန်မြို့ အင်းစိန်မြို့နယ်တွင်​နေထိုင်​သော ကုန်တင်ကား​မောင်းနှင်သူ ကိုမင်းခန့် နှင့် မန္တ​လေးတိုင်း ပုသိမ်ကြီးမြို့နယ်တွင်​နေထိုင်​သော လုံခြုံ​ရေး ဝန်ထမ်း ဦးခင်​မောင်​ဇော်တို့က ဆွတ်ခူးရရှိခဲ့​ကြောင်းသိရသည်။
သီရိနွယ် (သတင်း၊ဓါတ်ပုံ) 


No comments:

Post a Comment