Labels

Thursday, October 3, 2019

Water Busရေယာဉ်လိုင်းရပ်နားထားခြင်းသည် ရေယာဉ်များနှင့် ဆိပ်ကမ်းများအကြီးစားပြင်ဆင်မှု လုပ် ဆောင်ရန်အတွက်ဟုဆို

Yangon Water Bus ရေယာဉ်လိုင်းများရပ်နားထားခြင်းသည် အွန်လိုင်းပေါ်တွင်ပျံ့နှံနေသည့် သတင်းများကြောင့်မဟုတ်ပဲ ရေယာဉ်များနှင့် ဆိပ်ကမ်းများအား အကြီးစားပြင်ဆင်မှုများလုပ်ဆောင်ရန်အတွက် ရက်အနည်းငယ် ပြေးဆွဲမှု ရပ်လိုက်ခြင်းသာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးနှင့်ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့YRTAမှ သိရသည်။
အွန်လိုင်းပေါ်တွင် Water Busရေယာဉ်လိုင်းများ ရပ်နားလိုက်ခြင်းနှင့်ပတ်သက်၍ အရှုံးပေါ်၍ ရပ်နားခြင်း၊ အစိုးရ၏ ပံ့ပိုးကူညီမှုများမရ၍ ရေယာဉ်ပြေးဆွဲရန်ခက်ခဲများဖြစ်ပေါ်၍ရပ်နားခြင်း စသည့် များစွာသော ကောလဟာလများထွက်ပေါ်နေကြောင်းသိရသည်။
'' water bus ကို၂၀၁၇ အောက်တိုဘာလက စပြီးယနေ့အထိနေ့စဉ်စဉ်ဆက်မပြတ်ပြေးဆွဲခဲ့ ပါတယ်။အခု ရေယာဉ်လိုင်းအားလုံးကို ပြေးဆွဲမှုနားထားတယ်ဆိုတာ ဆိပ်ကမ်းများ၏မိုးရာသီ၌ပျက်စီးမူများအားပြုပြင်ဖို့၊ ရေယာဉ်တွေကို အကြီးစားပြုပြင်ဖို့၊နောက်ပြီးငမိုးရိပ်ချောင်းအတွင်းပြေးဆွဲမည့်ရေယာဉ်တွင်ပြင်ပကသွင်းထားတာတွေရောက်လို့ ပြင်ဆင်မှုတွေလုပ်နေတာနဲ့ ငမိုးရိပ်ချောင်းဆိပ်ကမ်းများဆောက်လုပ်ဖို့၊သံလျင်ဆိပ်ကမ်းပြုပြင်ဆောက်လုပ်ဖို့၊နောက်ပြီးရေယာဉ်တွေအားလုံးကို ငွေပေးချေစနစ်သစ်အတွက်စက်များတပ်ဆင် နေတာတွေကြောင့်စက်တင်ဘာ လကုန်ပိုင်းကစပြီး water bus ယာဉ်လိုင်းအားလုံးကို ပြေးဆွဲမှု ခဏရပ်နားလိုက်တာပါ။"ဟု YRTA မှမန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ဖြေကြားခဲ့သည်။
Yangon Water Bus ရေယာဉ်လိုင်း ပြေးဆွဲမှု များကိုလက်ရှိ တွင်အကြီးစား အလတ်စား ပြင်ဆင်မှုများလုပ်ဆောင်နေ၍ ရပ်နားထားသော်လည်း ပွင့်လင်းရာသီ အမှီ နိုဝင်ဘာလခန့်တွင်ပြန်လည်ပြေးဆွဲနိုင်ရန်လုပ်ဆောင်နေကြောင်းသိရသည်။
သတင်း၊ ဓာတ်ပုံ - သီရိနွယ်

No comments:

Post a Comment