Labels

Wednesday, October 2, 2019

ရခိုင်ပြည်နယ်တွင်းဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ခရီးသွားလုပ်ငန်းနှင့် ဥရောပသမဂ္ဂ (EU) တို့နှင့် ကုန်သွယ်မှုများလည်း ကျဆင်းနိုင်ဖွယ်ရှိ


  ရခိုင်ပြည်နယ်တွင်းဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် မြန်မာ့စီးပွားရေးကဏ္ဍကို ရိုက်ခတ်မှုများရှိနေပြီး ခရီးသွားလုပ်ငန်းနှင့် ဥရောပသမဂ္ဂ (EU) တို့နှင့် ကုန်သွယ်မှုများလည်း ကျဆင်းနိုင်ဖွယ်ရှိကြောင်း ICAEW ၏ နောက်ဆုံး ထွက်ရှိထားသော Economic Update: South-East Asia အစီရင်ခံစာအရသိရသည်။
မြန်မာ့စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေသည့်အကြောင်းများထဲတွင် US-China ကုန်သွယ်မှုပြဿနာနှင့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများပါဝင်ပြီး လက်ရှိတွင် ခရီးသွားလုပ်ငန်းကဏ္ဍမှာ ယင်း၏ အကျိုးဆက်များကို ခံစားနေရကာ ယခင် ၂၀၁၅ ခုနှစ်နှင့် ယှဉ်ပါက နိုင်ငံတကာခရီးသွားဝင်ရောက်မှု ၂၅% လျော့နည်းသွားကြောင်းသိရသည်။ အခြားသော သက်ရောက်မှုများထဲတွင် EU နှင့် လုပ်ဆောင် နေသည့် အထူးကုန်သွယ်မှုများ ဆုံးရှုံးခြင်းများ ပါဝင်နိုင်ပြီး အဝတ်အထည်တင်ပို့မှုများအတွက် များစွာ ထိခိုက်နိုင်ကြောင်း အဆိုပါအစီရင်ခံစာ တွင်ထည့်သွင်းဖော်ပြထားသည်။
Economic Update: South-East Asia ကို ICAEW ၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သော Oxford Economics မှ ထုတ်ဝေပြီး ICAEW မှ စစ်ဆေးမှုများ လုပ်ဆောင်ကာ အစီရင်ခံစာတွင် အဖွဲ့ဝင် ၁၅၂,၀၀၀ ၏ လက်ရှိ ဒေသတွင်းစီးပွားရေး လုပ်ဆောင်မှုများကို ဖော်ပြပေးထားသည့်အပြင် အရှေ့တောင်အာရှစီးပွားရေးကဏ္ဍ၏ နှစ်လည်သုံးသပ်ချက်များ ကိုလည်း ထည့်သွင်းထားကြောင်းသိရသည်။

No comments:

Post a Comment